နွေ နဒီ(မြစ်ငယ်)

စစ်ကိုင်းမြို့သည်ထင်ရှားပြီး စေတီပုထိုးများစွာ၊ ချောင်ပေါင်းများစွာ၊ သာသာနာတော်ထွန်းကားရာ သူတော်စင်တို့နယ်မြေပင်ဖြစ်သည်။ စစ်ကိုင်းတောင် ဗျိုင်းတောင်သို့ဖွေးဆိုသော တင်စားချက်နှင့်အညီ တောင်ကုန်းတိုင်းတွင် စေတီပုထိုးများ တည်ရှိနေပေ သည်။ စေတီပုထိုးတစ်ဆူချင်းတွင် ထင်ရှားသော သမိုင်းများနှင့် ခိုင်မာစွာတည်ရှိနေသည်။ ထိုစေတီ များထဲတွင် ထူးခြားစွာ ကလေးငယ်ကို ပိုက်ထား သည့် ခြင်္သေ့ရုပ်တုရှိသည့်သားဆုပန်သည့် စေတီ တစ်ဆူလည်းပါဝင်နေသည်။ ထိုစေတီမှာ သားပန် ခြင်္သေ့သုံးဆယ်စေတီပင်ဖြစ်သည်။

သားပန်ခြင်္သေ့သုံးဆယ်စေတီမှာ ထူးခြားလှ သည်။ စစ်ကိုင်းတောင်ရိုးရှိ ရှင်ပင်နံကိုင်းဘုရား အနောက်ဘက်တွင်တည်ရှိပြီး ရှစ်ထောင့်ပုံတည်ထား သည့်အတွက် ရှစ်ထောင့်စေတီဟုလည်း ခေါ်ကြ သည်။ စေတီတော်ဆီရောက်ရန် အုတ်လှေကားဖြင့် တက်ရောက်ဖူးမြော်ရသည်။ စေတီတော်မှာ ထူးခြား သောပုံသဏ္ဌာန်ဖြင့် တည်ထားသည်။ ပိုမိုထူးခြား သည်မှာ စေတီတော်ဖိနပ်တော်ရှစ်ထောင့်တွင် ကိုယ် နှစ်ခွခေါင်းတစ်လုံးပါ ခြင်္သေ့ရှစ်ကောင်နှင့်အတူ အထက်ပစ္စယာများတွင် ခြင်္သေ့ရုပ်များရံကာတည် ထားခြင်းပင်ဖြစ်သည်။ စေတီတော်တွင် ခြင်္သေ့ရုပ် တု၆ဝ ရှိပြီး အခြားစေတီများနှင့် ပုံစံကွဲလွဲနေခြင်း ပင်ဖြစ်သည်။

စေတီတော်ကို ကျန်စစ်သားမင်း၏ အမတ်ကြံ သိုင်းက တည်ထားခဲ့သည်ဟု ဆိုထားသည်။စေတီ တော်၏ ထူးခြားချက်များထဲတွင် အနောက်မျက်နှာ တွင်ရှိသော ခြင်္သေ့ရုပ်မှာလက်ဝဲလက်တွင် ကလေး ငယ်တစ်ဦးကိုပွေ့ချီဟန် ခြင်္သေ့ရုပ်(တစ်နည်းအားဖြင့်) သားပန်ခြင်္သေ့ရုပ်တုရှိနေခြင်းပင်ဖြစ်သည်။ ဒေသခံ တို့၏ ယုံကြည်မှုတွင် သားသမီးမထွန်းကားသည့် ဇနီးမောင်နှံတို့ဘုရားတွင် ဆွမ်း၊ရေချမ်း၊ဆီမီး ပူဇော် ဆုတောင်းပြီး သားဆုပန်ခြင်္သေ့ကို လင်ယောက်ျား ဖြစ်သူက ရေသွန်းလောင်းပေးရသည်။ ထိုသွန်း လောင်းသောရေကို ဇနီးဖြစ်သူက ခွက်ဖြင့်ခံကာ ယုံကြည်စွာသောက်သုံးပါက သားသမီးထွန်းကား သည်ဟု ယုံကြည်ကြသည်။

စစ်ကိုင်းမြို့မှ သားပန်ခြင်္သေ့သုံးဆယ်ဘုရားမှာ သားသမီးမထွန်းကားသည့် ဇနီးမောင်နှံများလာ ရောက် ဖူးမြော်ကြသည့် စေတီတစ်ဆူအဖြစ် ယနေ့ တိုင် ထင်ရှားလျက်ရှိသည်။The Union Daily

( Unicode )

နွေ နဒီ(မြစ်ငယ်)