သရဏဂုံ

ကွယ်လွန် ပြီးနောက် အလောင်းကို သရဏဂုံ တင်မှုဟာ ဗုဒ္ဓ ဘာသာဝင်တွေ ရဲ့ ထုံးစံ တစ်ခုဖြစ် နေ ပါ ပြီ ။ ဘယ် လောက် ပဲ ဆင်းရဲ နိမ့်ပါး ပါစေ

ကျန်ရစ်သူ မိသားစု တွေက သရဏဂုံ တင် ဖြစ် အောင် ကြိုးစား တတ် ကြ ပါ တယ် ။

အကြောင်း အမျိုးမျိုးကြောင့် အ လောင်းကို သရဏဂုံ တင်ခွင့် မရ လိုက် တဲ့ အခါ မျိုး မှာ အင်မတန် ဝမ်းနည်း ပက်လက် ဖြစ် တတ် ကြပါ တယ် ။

တကယ် တော့ တစ်ဦး တစ်ယောက် ကွယ်လွန် တဲ့ အခါ အသက် ရှင် စဉ် က သရဏဂုံ ယူ ထား ခဲ့ ရင် လည်း ပျက် ပြယ် သွား ပါ ပြီ ။

အ လောင်းကောင်က ဘာမှ မသိနိုင် မဆိုနိုင်တဲ့အတွက်

သရဏဂုံ တင်ပေး ပေမယ့် သရဏဂုံ မ& နိုင် တော့ပါဘူး ။ ဒါပေမဲ့ ကွယ်လွန်သူဟာ ပြိတ္တာ အုပ်စုမှာ ပါ ဝင် တဲ့ တစ္ဆေ ၊ သရဲ ၊ မင်စာ ၊ နတ်စိမ်း စတဲ့

ဘဝ မျိုး ကို ရောက်နေ ခဲ့ ရင် သရဏဂုံ ယူနိုင် ဆောက်တည် နိုင်ပါတယ် ။

ဒါကြောင့် တကယ် လို့ များ ဒီလို ဘဝ မျိုး ကို ရောက် နေခဲ့ရင် သရဏဂုံ ဆောက် တည်နိုင် ပါ စေ ၊ သရဏဂုံ နှင့် စပ်တဲ့ အကျိုး တွေကို ခံစား

နိုင်ပါ စေ ဆို တဲ့ ရည် ရွယ် ချက် ၊ အနီး အနား မှာ ရှိတဲ့ အခြား တစ္ဆေ ၊

သရဲ စတဲ့ သရဏဂုံ ယူ နိုင် သူ တွေ လည်း သရဏဂုံ ခံ ယူ ဆောက် တည် ပြီး သရဏဂုံ နှင့် စပ်တဲ့အကျိုး တွေကို ရရှိ ခံစား နိုင် ကြပါ စေ ဆိုတဲ့ ရည် ရွယ် ချက် ၊

လက်ရှိ ဘ၀ ကျန်ရစ်သူ မိသားစု ဆွေမျိုး ၊ မိတ်ဆွေ အပေါင်းအသင်းများ လည်း သရဏဂုံ ဆောက် တည် ပြီး သရဏဂုံ နှင့် စပ်တဲ့ အကျိုး ထူး တွေကို ရ ရှိ နိုင်မယ် ဆို တဲ့ ရည်ရွယ်ချက် ၊

ဒီလို မွန်မြတ် သန့်စင် တဲ့ ရည် ရွယ် ချက် တွေ နဲ့ ကွယ်လွန် ပြီးနောက် အလောင်းကို သရဏဂုံ တင် ကြ ခြင်း ဖြစ် ပါ တယ် ။

{အရှင်နန္ဒသေနာလင်္ကာရ(မဟာဓမ္မစရိယ၊ M,A)၏ ဓမ္မဗိမာန်-ဓမ္မစာပေ ပထမဆုရ “ဘာသာရေး အနှစ်သာရများ” မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။}

Credit: အရှင်နန္ဒသေနာလင်္ကာရ