တ႐ုတ္သည္ ဆယ္ႏွစ္အတြင္း ႏူကလီးယားလက္နက္ ၂ ဆ ပိုင္ေအာင္ႀကိဳးပမ္းေနေၾကာင္း ပင္တဂြန္ကအစီရင္ခံစာထုတ္ျပန္ ခဲ့ျခင္းမွာ မွားယြင္းေသာထုတ္ျပန္ခ်က္ျဖစ္ေၾကာင္း တ႐ုတ္အစိုးရက ရႈတ္ခ် လိုက္သည္။

ပင္တဂြန္က တ႐ုတ္စစ္ေရးအကဲျဖတ္ခ်က္အစီရင္ခံစာကို ႏွစ္စဥ္ ထုတ္ျပန္လ်က္ရွိၿပီး ယခုႏွစ္အတြက္လည္း ၾသဂုတ္လ ၁ ရက္ေန႔က ထုတ္ျပန္ခဲ့သည္။

တ႐ုတ္စစ္ေရးစြမ္းရည္သည္ အခ်ိဳ႕ေသာအပိုင္း မ်ားတြင္ အေမရိကန္ႏွင့္ ပုခုံးခ်င္းယွဥ္ႏိုင္သည့္အေနအထား, အခ်ိဳ႕ အပိုင္းမ်ားတြင္ သာလြန္သည့္အေနအထားကိုပင္ ေရာက္ရွိေနၿပီ ျဖစ္ေၾကာင္းလည္း ပင္တဂြန္၏အစီရင္ခံစာက ေဖာ္ျပထားသည္။

ထို႔အျပင္ ထိုင္ဝမ္ႏွင့္ပတ္သတ္လာလွ်င္ အေမရိကန္ႏွင့္စစ္ေရး ယွဥ္ရပါက အဖက္ဖက္ကသာလြန္မႈရွိေစရန္ တ႐ုတ္ျပည္သူ႔- လြတ္ေျမာက္ေရးတပ္မေတာ္က ရည္မွန္းခ်က္ထား ျပင္ဆင္လ်က္ ရွိေၾကာင္းလည္း ပင္တဂြန္အစီရင္ခံစာက ေဖာ္ျပခဲ့သည္။

တ႐ုတ္ကာကြယ္ေရးဝန္ႀကီးဌာနကမူ ပင္တဂြန္အစီရင္ခံစာသည္ မ်ားစြာမွားယြင္းေနေၾကာင္း, တ႐ုတ္၏ကာကြယ္ေရးမူဝါဒႏွင့္ စစ္ေရးဗ်ဴဟာမ်ားအေပၚ လြဲမွားစြာ အဓိပၸါယ္ဖြင့္ေနေၾကာင္းကို တုန႔္ျပန္ေဝဖန္ခဲ့သည္။

ပင္တဂြန္-အစီရင္ခံစာသည္ တ႐ုတ္၏ စစ္ဘက္ေခတ္မီေရး အားထုတ္မႈ,ကာကြယ္ေရးအသုံးစရိတ္ခြဲေဝခ်ထားမႈ,ႏူကလီးယား မူဝါဒႏွင့္ အျခားမူဝါဒမ်ားကို အမည္ဖ်က္ရာေရာက္ေနေၾကာင္း တ႐ုတ္ကာကြယ္ေရးဝန္ႀကီးဌာနက ဆိုသည္။

အေမရိကန္သည္ ကမာၻေပၚတြင္ စစ္စားရိတ္အမ်ားဆုံးသုံးေနျခင္းကို အေၾကာင္းျပ ေကာင္းေစရန္ တ႐ုတ္ကို အျပစ္ရွာေနျခင္းသာျဖစ္ေၾကာင္း ကာကြယ္ေရးဝန္ႀကီးဌာနက တုန႔္ျပန္ခဲ့သည္။

အေမရိကန္ႏွင့္တ႐ုတ္ စူပါပါဝါ-ႏွစ္ႏိုင္ငံသည္ နည္းပညာအရာ, ကာကြယ္ေရး, ႏိုင္ငံေရးမွအစ’ျပဳ၍ နယ္ပယ္စုံတြင္အျပင္းအထန္ ယွဥ္ၿပိဳင္လ်က္ရွိေနေပသည္။

source : ႏိုင္ငံတကာသတင္း

( Unicode )

တရုတ်သည် ဆယ်နှစ်အတွင်း နူကလီးယားလက်နက် ၂ ဆ ပိုင်အောင်ကြိုးပမ်းနေကြောင်း ပင်တဂွန်ကအစီရင်ခံစာထုတ်ပြန် ခဲ့ခြင်းမှာ မှားယွင်းသောထုတ်ပြန်ချက်ဖြစ်ကြောင်း တရုတ်အစိုးရက ရှုတ်ချ လိုက်သည်။

ပင်တဂွန်က တရုတ်စစ်ရေးအကဲဖြတ်ချက်အစီရင်ခံစာကို နှစ်စဉ် ထုတ်ပြန်လျက်ရှိပြီး ယခုနှစ်အတွက်လည်း သြဂုတ်လ ၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

တရုတ်စစ်ရေးစွမ်းရည်သည် အချို့သောအပိုင်း များတွင် အမေရိကန်နှင့် ပုခုံးချင်းယှဉ်နိုင်သည့်အနေအထား, အချို့ အပိုင်းများတွင် သာလွန်သည့်အနေအထားကိုပင် ရောက်ရှိနေပြီ ဖြစ်ကြောင်းလည်း ပင်တဂွန်၏အစီရင်ခံစာက ဖော်ပြထားသည်။

ထို့အပြင် ထိုင်ဝမ်နှင့်ပတ်သတ်လာလျှင် အမေရိကန်နှင့်စစ်ရေး ယှဉ်ရပါက အဖက်ဖက်ကသာလွန်မှုရှိစေရန် တရုတ်ပြည်သူ့- လွတ်မြောက်ရေးတပ်မတော်က ရည်မှန်းချက်ထား ပြင်ဆင်လျက် ရှိကြောင်းလည်း ပင်တဂွန်အစီရင်ခံစာက ဖော်ပြခဲ့သည်။

တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကမူ ပင်တဂွန်အစီရင်ခံစာသည် များစွာမှားယွင်းနေကြောင်း, တရုတ်၏ကာကွယ်ရေးမူဝါဒနှင့် စစ်ရေးဗျူဟာများအပေါ် လွဲမှားစွာ အဓိပ္ပါယ်ဖွင့်နေကြောင်းကို တုန့်ပြန်ဝေဖန်ခဲ့သည်။

ပင်တဂွန်-အစီရင်ခံစာသည် တရုတ်၏ စစ်ဘက်ခေတ်မီရေး အားထုတ်မှု,ကာကွယ်ရေးအသုံးစရိတ်ခွဲဝေချထားမှု,နူကလီးယား မူဝါဒနှင့် အခြားမူဝါဒများကို အမည်ဖျက်ရာရောက်နေကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

အမေရိကန်သည် ကမ္ဘာပေါ်တွင် စစ်စားရိတ်အများဆုံးသုံးနေခြင်းကို အကြောင်းပြ ကောင်းစေရန် တရုတ်ကို အပြစ်ရှာနေခြင်းသာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက တုန့်ပြန်ခဲ့သည်။

အမေရိကန်နှင့်တရုတ် စူပါပါဝါ-နှစ်နိုင်ငံသည် နည်းပညာအရာ, ကာကွယ်ရေး, နိုင်ငံရေးမှအစ’ပြု၍ နယ်ပယ်စုံတွင်အပြင်းအထန် ယှဉ်ပြိုင်လျက်ရှိနေပေသည်။

source : နိုင်ငံတကာသတင်း