Hypersonic ခဲယမ္းစနစ္မ်ားကို တင့္ကားျဖင့္ပစ္ခ်ရန္ အေမရိကန္ေဆာင္႐ြက္ေန ( တရုတ္နဲ့ ရွရုားေတြ Hypersonic ခ႐ုဇ္ဒုံးက်ည္ဆုိျပီး ေလက်ယ္ေနလုိ့ ခပ္ပါးပါးေလး ျပန္ပုတ္ျပလုိက္တာလား အေမရိကန္ )

အေမရိကန္ေလတပ္အေနျဖင့္ Hypervelocity Guided Projectile စနစ္ကို အသုံးျပဳလ်က္ Hypersonic ခဲယမ္းစနစ္မ်ားကို ပစ္ခ်သည့္စမ္းသပ္မႈကို နယူးမကၠဆီကိုျပည္နယ္၏ White Sands Missile Range ၌ျပဳလုပ္ခဲ့ေၾကာင္းသိရွိရသည္။

ထိုသို႔ပစ္ခ်ရန္အတြက္ သမား႐ိုးက်အားျဖင့္ အသုံးျပဳသည့္ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္မ်ားကို အသုံးျပဳျခင္းမဟုတ္ဘဲ M109 Paladin-based ၁၅၅ မမ ေဟာင္ဝစ္ဇာအေျမာက္စနစ္ကို အသုံးျပဳခဲ့ျခင္းျဖစ္ သည္ကို အံဩစြာေတြ႕ရွိရေပသည္။

တင့္ကားကေန ခ႐ုဇ္ဒုံးက်ည္ကို ပစ္ခ်ႏိုင္တယ္ဆိုတာ တကယ့္အံမခန္း ပါပဲဟုလည္း ေလတပ္၏ နည္းပညာဆည္းပူးမႈဆိုင္ရာ လက္ေထာက္အတြင္း ေရးမႉးျဖစ္သူ Dr. Will Roper ကဆိုသည္။

စမ္းသပ္မႈအတြင္း အေမရိကန္ေလတပ္အေနျဖင့္ BQM-167 ပစ္မွတ္ဒ႐ုန္းကို အသံထက္ ၅ ဆျမန္သည့္ HVP ခဲယမ္းစနစ္ျဖင့္ ပစ္ခ်ခဲ့ျခင္းလည္းျဖစ္သည္။

အေမရိကန္တို႔အေနျဖင့္ BQM-167 ဒ႐ုန္းစနစ္ကို႐ုရွားတို႔၏ ခ႐ုဇ္ဒုံးက်ည္အျဖစ္ ယူဆကာ ေလ့က်င့္ပစ္ခတ္စမ္းသပ္ ခဲ့ျခင္းလည္းျဖစ္သည္။

HVP ခဲယမ္းစနစ္ကို Army M109 Paladin-based 155mm howitzer ႏွင့္ အေမရိကန္ေရတပ္၏ Deck Gun တို႔ျဖင့္ ႏွစ္မ်ိဳးစမ္းသပ္ပစ္ခတ္ခဲ့ျခင္းလည္းျဖစ္သည္ဟု Breaking Defense က အစီရင္ခံေဖာ္ျပခဲ့ေပသည္။

၂၀၁၈ ခုႏွစ္ခန႔္က အေမရိကန္ေရတပ္အေနျဖင့္ မ်ိဳးဆက္သစ္ HVP ခဲယမ္းစနစ္ေပါင္း ၂၀ ခန႔္ကို Rim of the Pacific (RIMPAC) ေရေၾကာင္းေလ့က်င့္မႈအတြင္း USS Dewey ၏ Mk 45 five-inch deck guns မွ ပစ္လႊတ္စမ္းသပ္ခဲ့ပါေသးသည္။

HVP ၏ အားသာခ်က္သည္ ကုန္က်စရိတ္သက္သာျခင္းျဖစ္သည္။ အဘယ္ေၾကာင့္ဆိုေသာ္ Evolved Seasparrow Missile သို႔မဟုတ္ Rolling Airframe Missile စနစ္သည္ ေဒၚလာသန္းေပါင္းမ်ားစြာ ကုန္က်ၿပီး HVP စနစ္သည္ အေမရိကန္ေဒၚလာ ၈၅၀၀၀ ခန႔္သာ ကုန္က်ေသာေၾကာင့္ျဖစ္သည္။

ထို႔အတူ အေမရိကန္တို႔၏ နာမည္ေက်ာ္ Patriot Advanced Capability-3 (PAC-3) စနစ္၏ ပစ္လႊတ္မႈကုန္က်စရိတ္သည္လည္း မ်ားျပားလြန္းလွသည္ျဖစ္ရာ
တစ္ႀကိမ္ပစ္လႊတ္ျခင္းသည္ပင္လွ်င္ မ်ားျပားလွသည့္ ေငြေၾကးမ်ားကို ေလထဲသို႔ ပစ္ထုတ္လိုက္ရသည္ဟုခံစားမိေၾကာင္းလည္း Will Roper ကဆိုသည္။

သို႔ေသာ္ ယခု HVP စနစ္သည္ စိုးရိမ္စရာမရွိဘဲ အမ်ားအျပားပစ္လႊတ္ႏိုင္မည္ျဖစ္ေၾကာင္းသိရွိရသည္။

Asiatimes
MyanmarNews24

ယူနီကုတ္

Hypersonic ခဲယမ်းစနစ်များကို တင့်ကားဖြင့်ပစ်ချရန် အမေရိကန်ဆောင်ရွက်နေ ( တရုတ်နဲ့ ရှရုားတွေ Hypersonic ခရုဇ်ဒုံးကျည်ဆိုပြီး လေကျယ်နေလို့ ခပ်ပါးပါးလေး ပြန်ပုတ်ပြလိုက်တာလား အမေရိကန် )

အမေရိကန်လေတပ်အနေဖြင့် Hypervelocity Guided Projectile စနစ်ကို အသုံးပြုလျက် Hypersonic ခဲယမ်းစနစ်များကို ပစ်ချသည့်စမ်းသပ်မှုကို နယူးမက္ကဆီကိုပြည်နယ်၏ White Sands Missile Range ၌ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

ထိုသို့ပစ်ချရန်အတွက် သမားရိုးကျအားဖြင့် အသုံးပြုသည့် လေကြောင်းရန်ကာကွယ်ရေးစနစ်များကို အသုံးပြုခြင်းမဟုတ်ဘဲ M109 Paladin-based ၁၅၅ မမ ဟောင်ဝစ်ဇာအမြောက်စနစ်ကို အသုံးပြုခဲ့ခြင်းဖြစ် သည်ကို အံဩစွာတွေ့ရှိရပေသည်။

တင့်ကားကနေ ခရုဇ်ဒုံးကျည်ကို ပစ်ချနိုင်တယ်ဆိုတာ တကယ့်အံမခန်း ပါပဲဟုလည်း လေတပ်၏ နည်းပညာဆည်းပူးမှုဆိုင်ရာ လက်ထောက်အတွင်း ရေးမှူးဖြစ်သူ Dr. Will Roper ကဆိုသည်။

စမ်းသပ်မှုအတွင်း အမေရိကန်လေတပ်အနေဖြင့် BQM-167 ပစ်မှတ်ဒရုန်းကို အသံထက် ၅ ဆမြန်သည့် HVP ခဲယမ်းစနစ်ဖြင့် ပစ်ချခဲ့ခြင်းလည်းဖြစ်သည်။

အမေရိကန်တို့အနေဖြင့် BQM-167 ဒရုန်းစနစ်ကိုရုရှားတို့၏ ခရုဇ်ဒုံးကျည်အဖြစ် ယူဆကာ လေ့ကျင့်ပစ်ခတ်စမ်းသပ် ခဲ့ခြင်းလည်းဖြစ်သည်။

HVP ခဲယမ်းစနစ်ကို Army M109 Paladin-based 155mm howitzer နှင့် အမေရိကန်ရေတပ်၏ Deck Gun တို့ဖြင့် နှစ်မျိုးစမ်းသပ်ပစ်ခတ်ခဲ့ခြင်းလည်းဖြစ်သည်ဟု Breaking Defense က အစီရင်ခံဖော်ပြခဲ့ပေသည်။

၂၀၁၈ ခုနှစ်ခန့်က အမေရိကန်ရေတပ်အနေဖြင့် မျိုးဆက်သစ် HVP ခဲယမ်းစနစ်ပေါင်း ၂၀ ခန့်ကို Rim of the Pacific (RIMPAC) ရေကြောင်းလေ့ကျင့်မှုအတွင်း USS Dewey ၏ Mk 45 five-inch deck guns မှ ပစ်လွှတ်စမ်းသပ်ခဲ့ပါသေးသည်။

HVP ၏ အားသာချက်သည် ကုန်ကျစရိတ်သက်သာခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် Evolved Seasparrow Missile သို့မဟုတ် Rolling Airframe Missile စနစ်သည် ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျပြီး HVP စနစ်သည် အမေရိကန်ဒေါ်လာ ၈၅၀၀၀ ခန့်သာ ကုန်ကျသောကြောင့်ဖြစ်သည်။

ထို့အတူ အမေရိကန်တို့၏ နာမည်ကျော် Patriot Advanced Capability-3 (PAC-3) စနစ်၏ ပစ်လွှတ်မှုကုန်ကျစရိတ်သည်လည်း များပြားလွန်းလှသည်ဖြစ်ရာ
တစ်ကြိမ်ပစ်လွှတ်ခြင်းသည်ပင်လျှင် များပြားလှသည့် ငွေကြေးများကို လေထဲသို့ ပစ်ထုတ်လိုက်ရသည်ဟုခံစားမိကြောင်းလည်း Will Roper ကဆိုသည်။

သို့သော် ယခု HVP စနစ်သည် စိုးရိမ်စရာမရှိဘဲ အများအပြားပစ်လွှတ်နိုင်မည်ဖြစ်ကြောင်းသိရှိရသည်။

Asiatimes
MyanmarNews24