႐ုရွားကာကြယ္ေရးဝန္ႀကီးဆာေဂ႐ႊိုင္ဂူကိုယ္တိုင္ ႐ုရွားႏိုင္ငံထုတ္ Sputnik V ကာကြယ္ေဆးကိုထိုးႏွံထားခဲ့ၿပီလို႔ သိရပါတယ္။

အိႏၵိယႏိုင္ငံက႐ုရွားသံ႐ုံးရဲ႕တရားဝင္တြစ္တာအေကာင့္မွာ ႐ုရွားကာကြယ္ေရးဝန္ႀကီးဆာေဂ႐ႊိုင္ဂူက ေသာၾကာေန႔မွာပဲ ကိုဗစ်-၁၉ကာကြယ္ေဆးထိုးႏွံခဲ့ၿပီဆိုတဲ့အေၾကာင္း ဗီဒီယိုဖိုင္နဲ႔တကြ ပို႔စ္တင္ထားခဲ့တာျဖစ္ပါတယ္။

႐ုရွားစစ္ဘက္ဆိုင္ရာေဆးဝန္ထမ္းေတြနဲ႔အရာရွိေတြအားလုံးက ေစတနာ့ဝန္ထမ္းအေနနဲ႔ ကာကြယ္ေဆးကို အဦးဆုံးထိုးႏွံသြားၾကမွာျဖစ္ၿပီး ေနာက္ပိုင္းမွာ ႐ုရွားစစ္တပ္အကုန္လုံးကို ျဖန႔္ၾကက္ထိုးႏွံသြားၾကမွာပါလို႔ ကာကြယ္ေရးဝန္ႀကီးက ေျပာၾကားခဲ့ပါတယ္။

႐ုရွားအစိုးရက ဒီကာကြယ္ေဆးကို ဩဂုတ္လ ၁၁ရက္တုန္းက မွတ္ပုံတင္ခြင့္ျပဳခဲ့တာျဖစ္ပါတယ္။ ႐ုရွားသမၼတပူတင္ကိုယ္တိုင္က ကာကြယ္ေဆးကိုေထာက္ခံမႈေပးတဲ့အျပင္ သူရဲ႕သမီးတစ္ဦးမွာလည္း ကာကြယ္ေဆးထိုးထားခဲ့ၿပီလို႔ ေျပာထားခဲ့တာျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာ ႐ုရွားအဆင့္ျမင့္အရာရွိပိုင္းေတြထဲကလည္း ကာကြယ္ေဆးထိုးသူေတြရွိလာခဲ့ၿပီး ေမာ္စကိုၿမိဳ႕ေတာ္ဝန္ဆာေဂေဆာ့ယာနင္နဲ႔ အခုကာကြယ္ေရးဝန္ႀကီးဆာေဂ႐ႊိုင္ဂူတို႔လည္း ပါဝင္လာခဲ့တာျဖစ္ပါတယ္။

အေစာပိုင္းအဆင့္ကာကြယ္ေဆးစမ္းသပ္မႈေတြမွာ ျပင္းထန္တဲ့ေဘးထြက္ဆိုးက်ိဳးမ်ိဳးမရွိခဲ့ဘဲ ပဋိဇီဝတုံ႔ျပန္မႈသိသာထင္ရွားမႈရွိတယ္ဆိုတဲ့အေၾကာင္း Lancet Journal မွာေဖာ္ျပလာခဲ့တဲ့ေန႔မွာပဲ ႐ုရွားကာကြယ္ေရးဝန္ႀကီးက ကာကြယ္ေဆးထိုးခဲ့တာျဖစ္ပါတယ္။

Source: CGTN
သံသာ

( Unicode )

ရုရှားကာကွယ်ရေးဝန်ကြီးဆာဂေရွှိုင်ဂူကိုယ်တိုင် ရုရှားနိုင်ငံထုတ် Sputnik V ကာကွယ်ဆေးကိုထိုးနှံထားခဲ့ပြီလို့ သိရပါတယ်။

အိန္ဒိယနိုင်ငံကရုရှားသံရုံးရဲ့တရားဝင်တွစ်တာအကောင့်မှာ ရုရှားကာကွယ်ရေးဝန်ကြီးဆာဂေရွှိုင်ဂူက သောကြာနေ့မှာပဲ ကိုဗဈ-၁၉ကာကွယ်ဆေးထိုးနှံခဲ့ပြီဆိုတဲ့အကြောင်း ဗီဒီယိုဖိုင်နဲ့တကွ ပို့စ်တင်ထားခဲ့တာဖြစ်ပါတယ်။

ရုရှားစစ်ဘက်ဆိုင်ရာဆေးဝန်ထမ်းတွေနဲ့အရာရှိတွေအားလုံးက စေတနာ့ဝန်ထမ်းအနေနဲ့ ကာကွယ်ဆေးကို အဦးဆုံးထိုးနှံသွားကြမှာဖြစ်ပြီး နောက်ပိုင်းမှာ ရုရှားစစ်တပ်အကုန်လုံးကို ဖြန့်ကြက်ထိုးနှံသွားကြမှာပါလို့ ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ရုရှားအစိုးရက ဒီကာကွယ်ဆေးကို ဩဂုတ်လ ၁၁ရက်တုန်းက မှတ်ပုံတင်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ရုရှားသမ္မတပူတင်ကိုယ်တိုင်က ကာကွယ်ဆေးကိုထောက်ခံမှုပေးတဲ့အပြင် သူရဲ့သမီးတစ်ဦးမှာလည်း ကာကွယ်ဆေးထိုးထားခဲ့ပြီလို့ ပြောထားခဲ့တာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာ ရုရှားအဆင့်မြင့်အရာရှိပိုင်းတွေထဲကလည်း ကာကွယ်ဆေးထိုးသူတွေရှိလာခဲ့ပြီး မော်စကိုမြို့တော်ဝန်ဆာဂေဆော့ယာနင်နဲ့ အခုကာကွယ်ရေးဝန်ကြီးဆာဂေရွှိုင်ဂူတို့လည်း ပါဝင်လာခဲ့တာဖြစ်ပါတယ်။

အစောပိုင်းအဆင့်ကာကွယ်ဆေးစမ်းသပ်မှုတွေမှာ ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးမျိုးမရှိခဲ့ဘဲ ပဋိဇီဝတုံ့ပြန်မှုသိသာထင်ရှားမှုရှိတယ်ဆိုတဲ့အကြောင်း Lancet Journal မှာဖော်ပြလာခဲ့တဲ့နေ့မှာပဲ ရုရှားကာကွယ်ရေးဝန်ကြီးက ကာကွယ်ဆေးထိုးခဲ့တာဖြစ်ပါတယ်။

Source: CGTN
သံသာ