Rock သီချင်းတွေကို ပိုင်နိုင်စွာ သီဆိုတတ်တဲ့ အဆိုတော် လင်းလင်းကတော့ သီချင်းဆိုကောင်းရုံသာမက သီချင်းရေးကောင်းသူတစ်ယောက်လည်း ဖြစ်ပါတယ်။
လင်းလင်းက အဆိုတော် သရုပ်ဆောင် ချစ်သုဝေနဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်း သမီးလေးတွေနာမည်နဲ့ တည်ထောင်ထားတဲ့ ခေတ်သစ် ဖောင်ဒေးရှင်းကို ဦးဆောင်လုပ်ကိုင်နေသလို တစ်ဖက်မှာလည်း သူယုံကြည်ရာ အလုပ်တွေကို တစိုက်မတ်မတ် လုပ်ကိုင်နေလျက်ရှိပါတယ်။
လတ်တလောမှာ လူမှုကွန်ယက်စာမျက်နှာကနေ ခဏတာပျောက်ကွယ်နေတဲ့ လင်းလင်းက ဒီကနေ့မှာတော့ ယုံကြည်ရာအလံကို လွင့်လွင့်ထူးပြီး အမေစုကို ဝန်းရံထောက်ခံကြောင်း ပြသခဲ့ပါတယ်။ လင်းလင်းက “သဘာဝတရားကြီးထဲမှာ ဓမ္မလမ်း သို့ ကျွန်တော်တို့အသံတွေ အမြဲတမ်း,,,,,,,,,” ဆိုပြီး အခုလိုပဲ ဗီဒီယိုလေးတစ်ပုဒ်ကို မျှဝေပေးထားပါတယ်။
လင်းလင်းကတော့ သူယုံကြည်ရာကို ရဲရဲဝံ့ဝံ့ချပြထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း လင်းလင်းရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး ကြက်သီးမွှေးညှင်းတွေထသွားစေမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: Htwe Lynn Ko’s fb
Unicode Version