– နယ်စပ်မှာ တရုတ်စစ်တပ်က အိန္ဒိယအရပ်သား ငါးဦးကို ဖမ်းသွားတယ်လို့ အိန္ဒိယ လွှတ်တော်အမတ်တစ်ဦးက ဆိုထားပါတယ်။

– အာရူနာချယ် ပရာဒေ့ရှ်ပြည်နယ် လွှတ်တော်အမတ်က စက်တင်ဘာ ၅ ရက်မှာ သူ့ တွစ်တာမှာ တင်ခဲ့တာ ဖြစ်ပါတယ်။

– တရုတ်စစ်တပ်ကို အကြောင်းကြားစာ ပေးပို့ထားပြီး၊ အကြောင်းတော့ မပြန်သေးဘူးလို့ လွှတ်တော်အမတ် တာပါ ဂေါင်က ပြောပါတယ်။

– စက်တင်ဘာ ၃ ရက်က နှစ်နိုင်ငံ နယ်စပ်အနီးမှာ တရုတ်စစ်တပ်က ဖမ်းသွားတာလို့ ဆိုပါတယ်။

– မှန် မမှန် မသိရသေးပေမယ့် ဒီကိစ္စကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးကတော့ ပိုတင်းမာလာစရာ ရှိနေပါတယ်။

– ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း တရုတ်က နယ်စပ်မှာ စစ်ရေးတင်းမာမှုဖြစ်အောင် နှစ်ကြိမ်တိုင် ပြုမူခဲ့တယ်လို့ အိန္ဒိယက စွပ်စွဲခဲ့ပြီး တရုတ်ကတော့ ငြင်းဆိုခဲ့ပါတယ်။

– မော်စကိုမှာ စက်တင်ဘာ ၅ ရက်က အိန္ဒိယနဲ့ တရုတ်ကာကွယ်ရေးဝန်ကြီးနှစ်ဦး တွေ့ဆုံပြီး တင်းမာမှုလျှော့ချရေး ဆွေးနွေးခဲ့ပေမယ့် ပြေလည်မလာဘဲ တစ်ဖက်နဲ့တစ်ဖက် စကားလုံးစစ်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

– နယ်စပ်တင်းမာမှုသည် အိန္ဒိယဘက်က အမှားလုံးလုံးဖြစ်ကြောင်း၊ တရုတ်ဘက်က မြေတစ်လက်မမှ ထိခိုက်ခံမည်မဟုတ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီး ဖန်ဟီ ဝေက ဆိုပါတယ်။

– အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာနာ ဆင်းကလည်း တရုတ်သည် နယ်စပ်တွင် အင်အားအလုံးအရင်း စုဝေးထားပြီး၊ ရန်လိုတဲ့ အပြုအမူတွေ လုပ်နေတဲ့အကြောင်း၊

နယ်စပ်မြေပြင်အခြေအနေကို တစ်ဖက်သတ် ပြောင်းလဲဖို့ ကြိုးစားနေတဲ့အကြောင်း ပြန်စွပ်စွဲခဲ့ပါတယ်။

သတင်း – ဘီဘီစီ