(ရှီ ဘာလို့စိုးရိမ်နေတာလဲ? စိတ်ဝင်စားစရာပါ..)

၂၀၂၀ သြဂုတ်လထဲ မှာ ထွက်ခဲ့တဲ့ခရီးစဉ်ပါ. စုစုပေါင်း အရှေ့အလယ်ပိုင်း ၄ နိုင်ငံနဲ့ အစ္စရေး ဘာရိန်း ယူအေအီးနဲ့ အိုမန်နိုင်ငံတို့ဖြစ်တယ်. သြဂုတ်လ ၂၄ ရက်ကစပါတယ်.. အာဖရိက ဆူဒန်လည်း ကြားပေါက်ပါတယ်။

အဲဒီ ရှေ့မှာတော့ သြဂုတ် ၁၂ ရက်က စတဲ့ အရှေ့ဥရောပ နိုင်ငံများဖြစ်တဲ့ ချက်၊ စလိုဘေးနီးယား၊ သြစတြီးယား နဲ့ ပိုလန်တို့ပါတယ်..

ဒီခရီးစဉ်တွေကြောင့် ရှီရဲ့ အထူးကိုယ်စားလှယ် ယန်ကျားချီရဲ့ စကာင်္ပူ မြန်မာ ဂရိ စပိန် ခရီးစဉ် တန်ပြန်ဖြစ်ပေါ်လာခဲ့တာပါ. ပွန်ပီယို ဘာလုပ်ခဲ့သလဲ? ရှီ ဘာလို့စိုးရိမ်နေတာလဲ? စိတ်ဝင်စားစရာပါ..

ပထမသွားခဲ့တဲ့ အရှေ့ဥရောပခရီးစဉ်ဟာ ကွန်မြူနစ်က ပြိုကွဲ ခဲ့တဲ့ ချက်နဲ့ စလိုဘေးနီးယား ပိုလန်တို့ကို အမေရိကန်မဟာမိတ်အဖြစ်ပိုပြီး ခိုင်မာစေဖို့ရယ်.

အခု တရုတ်အမေရိကန် ကုန်သွယ်ရေးစစ်ပွဲကနေ တရုတ်ကို ပိတ်ဆို့ဖို့ တရုတ်မဟာမိတ် ရုရှားရဲ့ ရေနံ ပိုက်လိုင်းကို ဂျာမဏီနဲ့ ချိတ်ဆက်တဲ့ Nord Stream 1 နဲ့ 2 ဥရောပသြဇာချဲ့မဲ့စီမံကိန်းကို ဝိုင်းပတ်ပိတ်ဆို့ထားဖို့ အဓိကရည်ရွယ်တာဖြစ်တယ်။

ဒါဟာ တရုတ်နဲ့ မဟာမိတ် ရုရှားကို သွယ်ဝိုက်ထိန်းချုပ်တဲ့အပြင် ရုရှားရဲ့ ဂျာမဏီကနေတဆင့် ဥရောပသြဇာချဲ့မဲ့ စီမံကိန်းကို တားဆီးတာလည်း ဖြစ်စေတယ်. မင်းတို့ ဘာလိုလဲ ပေါ့?

ငါကူမယ် ဆိုတာမျိုး ငါရှိတယ်ပုံစံမျိုး , သြဂုတ်လ ၁၅ရက်မှာ အဆုံးသတ်တယ်. ပြီးတော့ အရှေ့အလယ်ပိုင်းခရီးစဉ်ကတော့ သြဂုတ်လ ၂၄ရက်က ပြန်စတယ်.

အစ္စရေးကစတယ်. အာဖရိကဆူဒန် ပြီးတော့ ဘာရိန်း ယူအေအီး အိုမန်မှာ သြဂုတ်လ ၂၇ ရက်နေ့မှာ အဆုံးသတ်တယ်.. သူ့ရဲ့ အရှေ့ဥရောပခရီးစဉ်သွားနေဆဲမှာပဲ ၂၀၂၀ သြဂုတ်လ ၁၃ ရက်နေ့မှာ အစ္စရေးနဲ့ ယူအေအီး မဟာမိတ် သမိုင်းဝင်ဖွဲ့တယ်။

အဲဒီ အရေးကြီး ဖြစ်စဉ်ကြောင့် ပွန်ပီယိုဟာ အရှေ့အလယ်ပိုင်းကို မဖြစ်မနေ လာခဲ့တာပဲ. ဘာလို့လဲ ဆိုတော့ အီရန်က ချိန်းခြောက်လာလို့ပဲ.. အမေရိကန်တို့ဟာ ပါးနပ်တယ်။

အရှေ့အလယ်ပိုင်းမှာ အာရပ်ကမ္ဘာ ဗိုလ်လုနေတဲ့ စစ်အုပ်စု အီရတ် ဆီးရီးယား အီရန် နဲ့ စီးပွားရေးအုပ်စု ဆော်ဒီ ကူဝိတ် ယူအေအီးတို့ကြားမှာ စီးပွားရေးအုပ်စုကို ကိုင်တွယ်တယ်. အစ္စရေးကို ကြားခံထားပြီး အလှုပ်ကစားတယ်။

အခုလည်း အစ္စရေး ယူအေအီး သမိုင်းဝင်မဟာမိတ်တည်ဆောက်မှုကနေ အက်ဖ် ၃၅ တိုက်လေယာဉ်တွေ ယူအေအီးကို ရောင်းပေးဖို့ ရှိလာတယ်။

ယူအေအီးဟာ အစ္စရေး အမေရိကန်ဘက်ပါသွားတာ တရုတ်အတွက် အထူး ထိခိုက်စေတယ်. ဘာလို့လဲ ဆိုတော့ တရုတ်ရဲ့ ရပ်ဝန်းစီမံကိန်းမှာ အကြီးဆုံး ရင်းနှီးမြုပ်နှံမှုက အာဖရိက အာရှ ခါးဆက်ဖြစ်တဲ့ ယူအေအီးမှာ စီးပွားရေးဇုန်အကြီးကြီး တည်ဆောက်ဖို့ရှိနေလို့ပဲ.

အစ္စရေးတို့ ဝင်ထိန်းချုပ်လိုက်တဲ့အခါ အီရန်ရဲ့ အာရပ်ကမ္ဘာ ကို လွှမ်းမိုးချင်တဲဟာကို တားမြစ်ပြီးဖြစ်သလို ရှီရဲ့ ရပ်ဝန်းစီမံကိန်းကို ခါးဆက်ဖြတ်ချိုးသလို ဖြစ်ပြီးတာမို့ ထရမ့်ရဲ့ တစ်ချက်ခုတ် ၂ ချက်ပြတ် စီမံကိန်း ဖြစ်ခဲ့ပါတော့တယ်။

ဒါ့အပြင် အရှေ့အလယ်ပိုင်း ရေနံ လမ်းကြောင်း ဖြစ်တဲ့ ပါရှန်ပင်လယ်ကွေ့နဲ့ အိုမန်ပင်လယ်ကွေ့တို့မှာ အရေးကြီးတဲ့ ၃နိုင်ငံ ယူအေအီး အပါ ဘာရိန်းနဲ့ အိုမန်တို့ကိုလည်း ဆွဲသွင်း လိုက်တဲ့အခါ အီရန်နဲ့ တရုတ်ရေနံ သင်္ဘောတွေ အတွက် ခြိမ်းခြောက်မှု တရပ် မြှင့်တင်လာနိုင်ပါတော့တယ်။

အာဖရိက ဆူဒန် ကိုသွားတာကရော ဆူဒန်ကို အမေရိကန် သြဇာအောက် သွတ်သွင်းခြင်းအားဖြင့် ရှီရဲ့ မဟာမိတ် အီသီယိုးပီးယားကို နယ်နမိတ်မျဉ်းအရ ဖိအားပေးနိုင်သလို ရပ်ဝန်း စီမံကိန်း ဖြတ်သန်းရာ ပင်လယ်နီကိုလည်း အာဖရိက ပင်လယ်ကမ်းရိုတန်းအပိုင်းက အသုံးချလာနိုင်ဖို့ပါ..

ဒီမိုကရေစီ အပြောင်းအလဲကို ဆူဒန်မှာ အမေရိကန်အကူအညီ ပေးထားခြင်းဖြင့် ပင်လယ်နီကို အစ္စရေးနဲ့ အတူ ဆူဒန်ကမ်းခြေတွေကနေ ထပ်ဆင့်ပိတ်ဆိုလာနိုင်မယ်မလား?

ပွန်ပီယို ရဲ့ ခီးစဉ်ဟာ ရက်တိုပေမဲ့ ရှီ့အတွက်ကတော့ စိုးရိမ်စရာအပြည့် ပေးစွမ်းနိုင်တယ်. အမေရိကန်တို့ရဲ့ ဝိုင်းပတ်ပိတ်ဆို့မှု မဟာဗျူဟာ ဟာ ဆရာကျလွန်းတယ်.. နိုင်ငံရေးမြေပုံကားချပ်ကြီးဟာ အသက်ဝင်လွန်းပါတယ်။

Blacker