ႏိုင္ငံအေရွ႕ပိုင္းႏွင့္အေရွ႕ေျမာက္ပိုင္းတို႔တြင္ စစ္ေရးေလ့က်င့္မႈမ်ားပိုမိုျပဳလုပ္မည္ဟု တ႐ုတ္အစိုးရက ေျပာလိုက္ပါတယ္။ ေဒသတြင္းတင္းမာမႈမ်ားေနာက္ခံရွိေနေသာ္လည္း တ႐ုတ္ႏိုင္ငံက စစ္ေရးေလ့က်င့္မႈမ်ား ဆက္တိုက္ ျပဳလုပ္ေနတာ ျဖစ္ပါတယ္။

တနလၤာေန႔တြင္ ႏိုင္ငံအေရွ႕ေျမာက္ပိုင္းရွိ ကြင္ဟြမ္ေဒါင္ဆိပ္ကမ္းအလြန္မွ ဘိုဟိုင္ပင္လယ္တြင္ ပထမဆုံးေလ့က်င့္မႈမ်ားျပဳလုပ္မည္ဟု ေရေၾကာင္းေဘးကင္းလုံၿခဳံေရးအာဏာပိုင္မ်ားကေျပာပါတယ္။

ဒုတိယေလ့က်င့္မႈမ်ားတြင္ သ႑ာန္လုပ္ဇာတ္တိုက္ေလ့က်င့္မႈမ်ားပါဝင္ၿပီး ပင္လယ္ဝါေတာင္ပိုင္းတြင္ အဂၤါေန႔ႏွင့္ လ်န္ယန္ဂန္းၿမိဳ႕တြင္ ဗုဒၶဟူးေန႔တို႔တြင္ သီးျခားစီျပဳလုပ္သြားမွာ ျဖစ္ပါတယ္။ စစ္ေရးေလ့က်င့္ေနတဲ့ ဧရိယာတဝိုက္ကို မည္သည့္ သေဘၤာမွ ျဖတ္သန္းဝင္ေရာက္ခြင့္ ျပဳမွာ မဟုတ္ဘူးလို႔ သိရပါတယ္။

ၿပီးခဲ့သည့္လတြင္လည္း အေရွ႕ဘက္တြင္ ဘိုဟိုင္ပင္လယ္မွပင္လယ္ဝါအထိႏွင့္ အျငင္းပြားေရပိုင္နက္မ်ားရွိရာ ေတာင္တ႐ုတ္ပင္လယ္တို႔အထိ သီးျခားေလ့က်င့္ခန္းမ်ားျပဳလုပ္မည္ဟု တ႐ုတ္ႏိုင္ငံကေၾကညာခဲ့ပါတယ္။ယင္းကဲ့သို႔ တ႐ုတ္စစ္တပ္မွ စစ္ေရးေလ့က်င့္မႈမ်ား ဆက္တိုက္ ျပဳလုပ္လာျခင္းကို မႀကဳံဘူးေၾကာင္း ကြၽမ္းက်င္ပညာရွင္မ်ားက ေျပာၾကားလိုက္ပါတယ္။

crd…..

( Unicode )

နိုင်ငံအရှေ့ပိုင်းနှင့်အရှေ့မြောက်ပိုင်းတို့တွင် စစ်ရေးလေ့ကျင့်မှုများပိုမိုပြုလုပ်မည်ဟု တရုတ်အစိုးရက ပြောလိုက်ပါတယ်။ ဒေသတွင်းတင်းမာမှုများနောက်ခံရှိနေသော်လည်း တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်မှုများ ဆက်တိုက် ပြုလုပ်နေတာ ဖြစ်ပါတယ်။

တနင်္လာနေ့တွင် နိုင်ငံအရှေ့မြောက်ပိုင်းရှိ ကွင်ဟွမ်ဒေါင်ဆိပ်ကမ်းအလွန်မှ ဘိုဟိုင်ပင်လယ်တွင် ပထမဆုံးလေ့ကျင့်မှုများပြုလုပ်မည်ဟု ရေကြောင်းဘေးကင်းလုံခြုံရေးအာဏာပိုင်များကပြောပါတယ်။

ဒုတိယလေ့ကျင့်မှုများတွင် သဏ္ဍာန်လုပ်ဇာတ်တိုက်လေ့ကျင့်မှုများပါဝင်ပြီး ပင်လယ်ဝါတောင်ပိုင်းတွင် အင်္ဂါနေ့နှင့် လျန်ယန်ဂန်းမြို့တွင် ဗုဒ္ဓဟူးနေ့တို့တွင် သီးခြားစီပြုလုပ်သွားမှာ ဖြစ်ပါတယ်။ စစ်ရေးလေ့ကျင့်နေတဲ့ ဧရိယာတဝိုက်ကို မည်သည့် သင်္ဘောမှ ဖြတ်သန်းဝင်ရောက်ခွင့် ပြုမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ပြီးခဲ့သည့်လတွင်လည်း အရှေ့ဘက်တွင် ဘိုဟိုင်ပင်လယ်မှပင်လယ်ဝါအထိနှင့် အငြင်းပွားရေပိုင်နက်များရှိရာ တောင်တရုတ်ပင်လယ်တို့အထိ သီးခြားလေ့ကျင့်ခန်းများပြုလုပ်မည်ဟု တရုတ်နိုင်ငံကကြေညာခဲ့ပါတယ်။ယင်းကဲ့သို့ တရုတ်စစ်တပ်မှ စစ်ရေးလေ့ကျင့်မှုများ ဆက်တိုက် ပြုလုပ်လာခြင်းကို မကြုံဘူးကြောင်း ကျွမ်းကျင်ပညာရှင်များက ပြောကြားလိုက်ပါတယ်။

crd…..