သမားေတာ္ႀကီးတေယာက္ ေရးထားတာေလး မွ်ေဝလိုက္ပါတယ္…

အစိုးရရဲ႕ ဦးတည္ခ်က္က တခုပဲ ျပည္သူေတြ အသက္မဆုံးရႈံးေရးပဲ ။ ဒီတခုကို အဓိကထားၿပီး က်န္တာေတြ အေကာင္းဆုံးျဖစ္ႏိုင္သမွ် ျဖစ္ေအာင္ လိုက္စီစဥ္ဖို႔ ႀကိဳးစားေနၾကတာပဲ။

ဒူဘိုင္းႏိုင္ငံ တို႔လို သိပ္ခ်မ္းသာတဲ့ ႏိုင္ငံမ်ိဳးသာဆို ဒီအစိုးရဟာ အကုန္ အိမ္ထဲေနၾကပါ တင္ေကြၽးထားပါမယ္ ဆိုတာမ်ိဳး လုပ္မွာ.. အခ်ိန္တန္လို႔ Vaccine ကာကြယ္ေဆးထြက္လာတဲ့အထိ လုပ္ခ်င္ရွာမွာပါ။ ခက္တာက ႏိုင္ငံက မြဲျပာက်ေနတာ…

အဲဒီေတာ့ အလုပ္မလုပ္ရင္ မရပ္တည္ႏိုင္မယ့္လူေတြအတြက္ ေျဖေလွ်ာ့ေပးရတာ ဒီေလာက္ မြဲေနတဲ့ၾကားက ႀကိဳးစားပမ္းစား အခမဲ့စစ္ေပး အခမဲ့ Q ေပးေနတာသာ ၾကည့္။ ရသေလာက္ လိုက္လုပ္ေပးေနတာ ျပည္သူအမ်ားစုက မျပည့္စုံဘူး။ အဲဒီလူေတြ မေသေအာင္ သူတို႔ႀကိဳးစားေနတာ အကုန္ပိတ္ဖို႔ ၫႊန္ၾကားလို႔ မရေတာ့ ရသေလာက္ဖြင့္ၾကည့္ ဆိုးလာရင္ ျပန္ပိတ္ ဒီလိုေတြနဲ႔ တိုင္ပတ္ေနရတာပါ။

ဒါေပမယ့္ အဓိကဘာလို႔ ဒီလိုျဖစ္ေနလဲ ဆိုေတာ့ သူတို႔အဓိကထားတာက ကိုယ္ေတြရဲ႕ အသက္ ျဖစ္ေနလို႔ပဲ။ ေသေသေၾကေၾက အကုန္ဖြင့္ေပးမယ္ ၊ ငါတို႔ လူႀကီးေတြ အေကာင္းဆုံး အကာအကြယ္နဲ႔ ေနၾကမယ္ ဆိုတဲ့ အစိုးရမ်ိဳးမႀကဳံဖူးလိုက္ၾကလို႔ ခုဟာကို နားလည္မေပးႏိုင္ၾကတာလား ။

ငါတို႔ အသက္ကို တန္ဖိုးထား ေစာင့္ေရွာက္ေနတဲ့ အစိုးရ ဆိုတာနဲ႔တင္ပဲ လိုအပ္တာ၊ လစ္ဟာတာေတြ နားလည္ေပးဖို႔ ႀကိဳးစားသင့္ပါတယ္ တဲ့။

(Soe Thann)

( Unicode )

ပြည်သူတွေ အသက်မဆုံးရှုံးရေး အဓိကထားပြီး လုပ်ဆောင်နေတဲ့ အစိုးရနှင့် နားလည်သင့်တဲ့ ပြည်သူတွေ

သမားတော်ကြီးတယောက် ရေးထားတာလေး မျှဝေလိုက်ပါတယ်…

အစိုးရရဲ့ ဦးတည်ချက်က တခုပဲ ပြည်သူတွေ အသက်မဆုံးရှုံးရေးပဲ ။ ဒီတခုကို အဓိကထားပြီး ကျန်တာတွေ အကောင်းဆုံးဖြစ်နိုင်သမျှ ဖြစ်အောင် လိုက်စီစဉ်ဖို့ ကြိုးစားနေကြတာပဲ။

ဒူဘိုင်းနိုင်ငံ တို့လို သိပ်ချမ်းသာတဲ့ နိုင်ငံမျိုးသာဆို ဒီအစိုးရဟာ အကုန် အိမ်ထဲနေကြပါ တင်ကျွေးထားပါမယ် ဆိုတာမျိုး လုပ်မှာ.. အချိန်တန်လို့ Vaccine ကာကွယ်ဆေးထွက်လာတဲ့အထိ လုပ်ချင်ရှာမှာပါ။ ခက်တာက နိုင်ငံက မွဲပြာကျနေတာ…

အဲဒီတော့ အလုပ်မလုပ်ရင် မရပ်တည်နိုင်မယ့်လူတွေအတွက် ဖြေလျှော့ပေးရတာ ဒီလောက် မွဲနေတဲ့ကြားက ကြိုးစားပမ်းစား အခမဲ့စစ်ပေး အခမဲ့ Q ပေးနေတာသာ ကြည့်။ ရသလောက် လိုက်လုပ်ပေးနေတာ ပြည်သူအများစုက မပြည့်စုံဘူး။ အဲဒီလူတွေ မသေအောင် သူတို့ကြိုးစားနေတာ အကုန်ပိတ်ဖို့ ညွှန်ကြားလို့ မရတော့ ရသလောက်ဖွင့်ကြည့် ဆိုးလာရင် ပြန်ပိတ် ဒီလိုတွေနဲ့ တိုင်ပတ်နေရတာပါ။

ဒါပေမယ့် အဓိကဘာလို့ ဒီလိုဖြစ်နေလဲ ဆိုတော့ သူတို့အဓိကထားတာက ကိုယ်တွေရဲ့ အသက် ဖြစ်နေလို့ပဲ။ သေသေကြေကြေ အကုန်ဖွင့်ပေးမယ် ၊ ငါတို့ လူကြီးတွေ အကောင်းဆုံး အကာအကွယ်နဲ့ နေကြမယ် ဆိုတဲ့ အစိုးရမျိုးမကြုံဖူးလိုက်ကြလို့ ခုဟာကို နားလည်မပေးနိုင်ကြတာလား ။

ငါတို့ အသက်ကို တန်ဖိုးထား စောင့်ရှောက်နေတဲ့ အစိုးရ ဆိုတာနဲ့တင်ပဲ လိုအပ်တာ၊ လစ်ဟာတာတွေ နားလည်ပေးဖို့ ကြိုးစားသင့်ပါတယ် တဲ့။

(Soe Thann)