သားသမီးေတြကို အရြယ္ေရာက္တဲ့လူတစ္ေယာက္လိုျပဳမႈေနထိုင္ၿပီး စဥ္းစားေတြးေခၚတတ္ဖို႔ သင္ေပးရမွာက မိဘေတြရဲ႕တာဝန္ဆိုေပမဲ့လည္း ၊ ငယ္ရြယ္လြန္းေသးတဲ့ ကေလးငယ္ကိုေတာ့ အရြယ္ေရာက္ၿပီးလူတစ္ေယာက္လို သင္ၾကားေပးတာမ်ိဳးေတာ့မျပဳလုပ္သင့္ပါဘူး ။ ဒီတစ္ေခါက္မွာလည္း မေလး႐ွားႏိုင္ငံမွာေနထိုင္တဲ့ 9ႏွစ္အရြယ္ကေလးငယ္ေလးဟာ ကိုယ္တိုင္ကားေမာင္ေနခဲ့တာကို camera နဲ႔ video ႐ိုက္ယူထားၿပီး ၊ ဘယ္သူကားေမာင္သင္ေပးတာလဲလို႔ ေမးျမန္းခဲ့ခ်ိန္မွာေတာ့ အေဖသင္ေပးတာပါ ဆိုၿပီး ကေလးငယ္ကျပန္လည္ေျဖၾကားခဲ့ပါတယ္ ။ အဆိုပါ video ဟာ Facebook စာမ်က္ႏွာမွာ အေတာ္ေလးပ်ံ့ႏွံ႔သြားခဲ့ၿပီး တာဝန္႐ွိသူေတြကေတာ့ ကေလးငယ္ ႏွင့္ သူ၏မိသားစုဝင္ေတြကို ႐ွာေဖြစစ္ေဆးဖို႔ႀကိဳးစားေနလ်က္႐ွိပါတယ္ ။

‘ ရဲေတြက ဒီမနက္ခင္း September 7 ရက္ေန႔က Facebookစာမ်က္ႏွာမွာ ကားေမာင္းေနတဲ့ video ေၾကာင့္အေတာ္ေလးေရပန္းစားေနတဲ့ 9ႏွစ္အရြယ္ ေကာင္ေလးကို ေနာက္ေယာင္ခံလိုက္ေနပါတယ္ ၊ ရဲအရာ႐ွိရဲ႕ေျပာျပခ်က္အရ ကေလးငယ္ကိုကားေမာင့္ခြင့္ျပဳခဲ့တဲ့မိဘေတြကို စံုစမ္းစစ္ေဆးမႈေတြလုပ္သြားမယ္လို႔ သိရပါတယ္ ‘ ဆိုၿပီး စာသားႏွင့္တကြ video ကိုေဝမ်ွခဲ့ပါတယ္ ။

ကေလးငယ္ေတြကို ဥပေဒအရကားေမာင္းခြင့္မျပဳထားတဲ့အျပင္ ယခုလိုကားေမာင္းေနတဲ့ကေလးငယ္ရဲ႕ အသက္အႏၱရာယ္ကိုစိုးရိမ္ရတဲ့အျပင္ ၊ ယာဥ္မေတာ္တဆမႈမ်ားလည္း ျဖစ္ပြားႏိုင္လို႔ပါပဲ ။ ကေလးငယ္ရဲ႕မိဘေတြကို႐ွာေတြ႔ၿပီး အျမန္ဆံုးကေလးငယ္ကိုေဖ်ာင္းဖ်ႏိုင္ဖို႔ ေမ်ွာ္လင့္မိပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

( Unicode )

သားသမီးတွေကို အရွယ်ရောက်တဲ့လူတစ်ယောက်လိုပြုမှုနေထိုင်ပြီး စဉ်းစားတွေးခေါ်တတ်ဖို့ သင်ပေးရမှာက မိဘတွေရဲ့တာဝန်ဆိုပေမဲ့လည်း ၊ ငယ်ရွယ်လွန်းသေးတဲ့ ကလေးငယ်ကိုတော့ အရွယ်ရောက်ပြီးလူတစ်ယောက်လို သင်ကြားပေးတာမျိုးတော့မပြုလုပ်သင့်ပါဘူး ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံမှာနေထိုင်တဲ့ 9နှစ်အရွယ်ကလေးငယ်လေးဟာ ကိုယ်တိုင်ကားမောင်နေခဲ့တာကို camera နဲ့ video ရိုက်ယူထားပြီး ၊ ဘယ်သူကားမောင်သင်ပေးတာလဲလို့ မေးမြန်းခဲ့ချိန်မှာတော့ အဖေသင်ပေးတာပါ ဆိုပြီး ကလေးငယ်ကပြန်လည်ဖြေကြားခဲ့ပါတယ် ။ အဆိုပါ video ဟာ Facebook စာမျက်နှာမှာ အတော်လေးပျံ့နှံ့သွားခဲ့ပြီး တာဝန်ရှိသူတွေကတော့ ကလေးငယ် နှင့် သူ၏မိသားစုဝင်တွေကို ရှာဖွေစစ်ဆေးဖို့ကြိုးစားနေလျက်ရှိပါတယ် ။

‘ ရဲတွေက ဒီမနက်ခင်း September 7 ရက်နေ့က Facebookစာမျက်နှာမှာ ကားမောင်းနေတဲ့ video ကြောင့်အတော်လေးရေပန်းစားနေတဲ့ 9နှစ်အရွယ် ကောင်လေးကို နောက်ယောင်ခံလိုက်နေပါတယ် ၊ ရဲအရာရှိရဲ့ပြောပြချက်အရ ကလေးငယ်ကိုကားမောင့်ခွင့်ပြုခဲ့တဲ့မိဘတွေကို စုံစမ်းစစ်ဆေးမှုတွေလုပ်သွားမယ်လို့ သိရပါတယ် ‘ ဆိုပြီး စာသားနှင့်တကွ video ကိုဝေမျှခဲ့ပါတယ် ။

ကလေးငယ်တွေကို ဥပဒေအရကားမောင်းခွင့်မပြုထားတဲ့အပြင် ယခုလိုကားမောင်းနေတဲ့ကလေးငယ်ရဲ့ အသက်အန္တရာယ်ကိုစိုးရိမ်ရတဲ့အပြင် ၊ ယာဉ်မတော်တဆမှုများလည်း ဖြစ်ပွားနိုင်လို့ပါပဲ ။ ကလေးငယ်ရဲ့မိဘတွေကိုရှာတွေ့ပြီး အမြန်ဆုံးကလေးငယ်ကိုဖျောင်းဖျနိုင်ဖို့ မျှော်လင့်မိပါတယ် ။

Jasmine (Mckzone Daily)