မေန႔ညက ထုတ္လႊင့္ျပသခဲ့တဲ့ The Voice Myanmar Third Week Blind Audition ပြဲမွာေတာ့ ႐ြက္ပုန္းသီးဝါသနာရွင္ေတြမ်ားစြာပါဝင္ယွဥ္ၿပိဳင္ခဲ့သလို ပရိသတ္ဆႏၵနဲ႔ထပ္တူက်ခဲ့တဲ့ ၿပိဳင္ပြဲဝင္ေတြလည္း ပါဝင္ခဲ့ပါတယ္။ အဲ့ဒီထဲမွာမွ ပင္ကိုယ္အသံအားေကာင္းေကာင္းနဲ႔ ဒိုင္ေလးေယာက္စလုံးကို ဆြဲေဆာင္ႏိုင္ခဲ့သူေတာ့ ေတာင္တြင္းႀကီးၿမိဳ႕နယ္ကေန လာေရာက္ယွဥ္ၿပိဳင္တဲ့ ကိုရဲခန္႔ပါ။

“ညိဳ႕ေသာပင္လယ္ ဆြဲငင္ေသာလမင္း” သီခ်င္းေလးနဲ႔ပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီး လတ္တေလာမွာေတာ့ ဒီသီခ်င္းနဲ႔ပတ္သက္ၿပီး ပရိသတ္ၾကားမွာ ေဝဖန္မႈတခ်ိဳ႕ထြက္ေပၚလ်က္ရွိပါတယ္။ ဒီသီခ်င္းကေတာ့ ေခတ္အဆက္ဆက္ပရိသတ္ၾကားမွာ ေရပန္းစားခဲ့တဲ့သီခ်င္းျဖစ္တာေၾကာင့္ ျပန္ဆိုသူေတြအမ်ားအျပားရွိခဲ့တဲ့သီခ်င္းတစ္ပုဒ္ပါ။ ဘိုဘိုနဲ႔ ရတနာဦးတို႔ သီဆိုခဲ့သလို The Voice Myanmar ရဲ႕ဒိုင္တစ္ဦးျဖစ္တဲ့ R ဇာနည္နဲ႔ မီးမီးခဲတို႔လည္း ဒီသီခ်င္းကို သီဆိုခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ အိပ္မက္ဆုံရာ(ရာသက္ပန္) ရဲ႕ Winner တစ္ဦးျဖစ္တဲ့ ေအာင္ထက္လည္း သီဆိုခဲ့ၿပီး အရမ္းေပါက္ခဲ့တယ္လို႔ ဆိုရမွာပါ။

“ညႇိဳ႕ေသာပင္လယ္ ၊ ဆြဲငင္ေသာလမင္း” ႐ုပ္ရွင္ဇာတ္ဝင္သီခ်င္း သီဆိုသူ မူရင္း အဆိုရွင္က Rဇာနည္ပါ။ က်မတို႔ မိသားစုပိုင္ မဟာထြန္း ႐ုပ္ရွင္ထုတ္လုပ္ေရး၊ ဝတၱဳ လြန္းထားထား(ေဆးတကၠသိုလ္)၊ ဒါ႐ိုက္တာက ကြၽန္မ ၾကည္ျဖဴသွ်င္ ႐ိုက္ကူးတဲ့ “ညႇိဳ႕ေသာပင္လယ္၊ ဆြဲငင္ေသာ လမင္း” ႐ုပ္ရွင္အတြက္ အသစ္ေရးတဲ့ သီခ်င္းပါ” လို႔ ဒါ႐ိုက္တာ ၾကည္ျဖဴသွ်င္က ေျပာပါတယ္။

ကိုရဲခန္႔ရဲ႕သီဆိုမႈအၿပီးမွာေတာ့ ဒိုင္တစ္ဦးျဖစ္သူနီနီခင္ေဇာ္က အဆိုေတာ္ေအာင္ထက္ထံဖုန္းေခၚခဲ့ၿပီး ၿပိဳင္ပြဲဝင္ ကိုရဲခန္႔နဲ႔ မိတ္ဆက္ေပးခဲ့တဲ့အျပင္ အဆိုေတာ္က်ားေပါက္နဲ႔နီနီတို႔ႏွစ္ေယာက္ကေတာ့ ကိုရဲခန္႔ကို ရဖို႔ ေအာင္ထက္နဲ႔ စကားေျပာခဲ့ၾကပါတယ္။ ဒီလိုအေၾကာင္းအရာနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြကေတာ့ ဒီသီခ်င္းကိုအရင္သီဆိုခဲ့သူက R ဇာနည္ျဖစ္တာမို႔ R ဇာနည္အတြက္ မ်က္ႏွာပူခဲ့ၾကသလို ေဝဖန္တဲ့မွတ္ခ်က္ေတြကိုလည္း ေရးသားခဲ့ၾကပါတယ္။ ဒါေပမယ့္ ၿပိဳင္ပြဲဝင္ကိုရဲခန္႔ကေတာ့ သူ႔ရဲ႕ Coach အေနနဲ႔ R ဇာနည္ကိုေ႐ြးခ်ယ္ခဲ့ပါတယ္ ပရိသတ္ႀကီးေရ…

( Unicode )

ဒိုင်အချို့ရဲ့လုပ်ရပ်ကြောင့် ပရိသတ်တွေကြားဝေဖန်မှုမြင့်တက်နေတဲ့ ပြိုင်ပွဲဝင်တစ်ယောက်ရဲ့သီချင်း

မနေ့ညက ထုတ်လွှင့်ပြသခဲ့တဲ့ The Voice Myanmar Third Week Blind Audition ပွဲမှာတော့ ရွက်ပုန်းသီးဝါသနာရှင်တွေများစွာပါဝင်ယှဉ်ပြိုင်ခဲ့သလို ပရိသတ်ဆန္ဒနဲ့ထပ်တူကျခဲ့တဲ့ ပြိုင်ပွဲဝင်တွေလည်း ပါဝင်ခဲ့ပါတယ်။ အဲ့ဒီထဲမှာမှ ပင်ကိုယ်အသံအားကောင်းကောင်းနဲ့ ဒိုင်လေးယောက်စလုံးကို ဆွဲဆောင်နိုင်ခဲ့သူတော့ တောင်တွင်းကြီးမြို့နယ်ကနေ လာရောက်ယှဉ်ပြိုင်တဲ့ ကိုရဲခန့်ပါ။

“ညို့သောပင်လယ် ဆွဲငင်သောလမင်း” သီချင်းလေးနဲ့ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး လတ်တလောမှာတော့ ဒီသီချင်းနဲ့ပတ်သက်ပြီး ပရိသတ်ကြားမှာ ဝေဖန်မှုတချို့ထွက်ပေါ်လျက်ရှိပါတယ်။ ဒီသီချင်းကတော့ ခေတ်အဆက်ဆက်ပရိသတ်ကြားမှာ ရေပန်းစားခဲ့တဲ့သီချင်းဖြစ်တာကြောင့် ပြန်ဆိုသူတွေအများအပြားရှိခဲ့တဲ့သီချင်းတစ်ပုဒ်ပါ။ ဘိုဘိုနဲ့ ရတနာဦးတို့ သီဆိုခဲ့သလို The Voice Myanmar ရဲ့ဒိုင်တစ်ဦးဖြစ်တဲ့ R ဇာနည်နဲ့ မီးမီးခဲတို့လည်း ဒီသီချင်းကို သီဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အိပ်မက်ဆုံရာ(ရာသက်ပန်) ရဲ့ Winner တစ်ဦးဖြစ်တဲ့ အောင်ထက်လည်း သီဆိုခဲ့ပြီး အရမ်းပေါက်ခဲ့တယ်လို့ ဆိုရမှာပါ။

“ညှို့သောပင်လယ် ၊ ဆွဲငင်သောလမင်း” ရုပ်ရှင်ဇာတ်ဝင်သီချင်း သီဆိုသူ မူရင်း အဆိုရှင်က Rဇာနည်ပါ။ ကျမတို့ မိသားစုပိုင် မဟာထွန်း ရုပ်ရှင်ထုတ်လုပ်ရေး၊ ဝတ္တု လွန်းထားထား(ဆေးတက္ကသိုလ်)၊ ဒါရိုက်တာက ကျွန်မ ကြည်ဖြူသျှင် ရိုက်ကူးတဲ့ “ညှို့သောပင်လယ်၊ ဆွဲငင်သော လမင်း” ရုပ်ရှင်အတွက် အသစ်ရေးတဲ့ သီချင်းပါ” လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါတယ်။

ကိုရဲခန့်ရဲ့သီဆိုမှုအပြီးမှာတော့ ဒိုင်တစ်ဦးဖြစ်သူနီနီခင်ဇော်က အဆိုတော်အောင်ထက်ထံဖုန်းခေါ်ခဲ့ပြီး ပြိုင်ပွဲဝင် ကိုရဲခန့်နဲ့ မိတ်ဆက်ပေးခဲ့တဲ့အပြင် အဆိုတော်ကျားပေါက်နဲ့နီနီတို့နှစ်ယောက်ကတော့ ကိုရဲခန့်ကို ရဖို့ အောင်ထက်နဲ့ စကားပြောခဲ့ကြပါတယ်။ ဒီလိုအကြောင်းအရာနဲ့ပတ်သက်ပြီး ပရိသတ်တွေကတော့ ဒီသီချင်းကိုအရင်သီဆိုခဲ့သူက R ဇာနည်ဖြစ်တာမို့ R ဇာနည်အတွက် မျက်နှာပူခဲ့ကြသလို ဝေဖန်တဲ့မှတ်ချက်တွေကိုလည်း ရေးသားခဲ့ကြပါတယ်။ ဒါပေမယ့် ပြိုင်ပွဲဝင်ကိုရဲခန့်ကတော့ သူ့ရဲ့ Coach အနေနဲ့ R ဇာနည်ကိုရွေးချယ်ခဲ့ပါတယ် ပရိသတ်ကြီးရေ…