နေပူကြီးထဲ ဝှီးချဲလေးနဲ့‌ ဆေးနဲ့ဆန်ထုတ်လာယူတဲ့ ဖိုးတာ.. အမေဆိုတာ ဘယ်ဆီမှန်းမသိ၊ ဖခင်ရဲ့ မတော်တဆရိုက်နှက်မှုကြောင့် အသက်၁၈နှစ်မှာ အောက်ပိုင်းသေသွားခဲ့ရတဲ့ ဖိုးတာဆိုတဲ့ ကောင်လေးတယောက်ရဲ့ ဘဝက ရင်နင့်စရာပါ၊နေ့စဉ်စားဖို့ ခက်ခဲနေတဲ့ဒီ လိုလူမျိုးတွေအတွက် မိမိအိမ်ရှေ့မှာ ဆန်တဗူးပဲဖြစ်ဖြစ်၊ နှစ်ဗူးပဲဖြစ်ဖြစ် ချိတ်ထားပေးကြပါ၊

ဖိုးတာရဲ့အဖြစ်က လသားအရွယ်လေးတည်းက မိခင်ရဲ့ စွန့်ပစ်ခြင်းခံရတယ်၊ အသက်၁၈နှစ်မှာ ဖခင်က ရိုက်နှက်ဆုံးမရင်း အောက်ပိုင်းသေသွားခဲ့တယ်၊ ဒီအချိန်မှာပဲ ဖခင်က စွန့်ပစ်ခဲ့ပြန်တယ်၊ခြေချောင်း‌တွေ နာနေတာကြောင့် ဘာမှလုပ်ကိုင် စားသောက်လို့ မရခဲ့ဘူး၊ ပတ်ဝန်းကျင်က ပေးကမ်းတာ စားရင်း အသက်ဆက်ခဲ့ရတယ်၊

သူ့ဒဏ်ရာတွေ သက်သာလာတော့ သတင်းထောက် ကိုချစ်ဦးလှူပေးတဲ့ ဝှီးချဲလေးနဲ့ စိတ်နာစရာကောင်းတဲ့ဘဝကို မြှင့်တင်ဖို့ ရန်ကုန်မြို့ပြကြီးကို ထွက်ချလာခဲ့တယ်၊ သူဝါသနာပါတာက ပန်းချီဆွဲတာ၊ သူပန်းချီပညာနဲ့ အသက်မွေးဝမ်းကျောင်း ပြုချင်တယ်၊
မသန်စွမ်းတွေကို ပြုစုပျိုးထောင်းပေးတဲ့ အတတ်ပညာသင်တန်းကျောင်း သူတက်ချင်တယ်၊ ဒါပေမယ့် အဆက်သွယ်မရှိပဲ စွန့်စားပြီးရမ်းသွားခဲ့တဲ့ ဖိုးတာတယောက် ဝှီးချဲတစီးနဲ့ ရန်ကုန်မြို့ပြကြီးမှာ ယောင်လည်လည်ဖြစ်ခဲ့ရတယ်၊

နောက်ဆုံးတော့ ဖိုးတာကို အသင်းတသင်းက မသန်စွမ်း‌တွေပါ လက်ခံတဲ့ ဘိုးဘွားရိပ်သာပို့ပေးခဲ့ကြတယ်၊ သူက အတတ်ပညာတခုသင်ပြီး သူ့ဝမ်းစာသူရှာချင်တာ၊ လူမမာကြီးလို သူမနေချင်တာကြောင့် ဘိုးဘွားရိပ်သာကနေ မသန်စွမ်းအတတ်ပညာသင်တန်းကျောင်း ရှာဖို့ထွက်လာခဲ့တယ်၊

ဒါပေမယ့် ဘိုးဘွားရိပ်သာကနေ မသန်စွမ်းအတတ်ပညာသင်တန်းကျောင်း ရှာဖို့ထွက်လာရင်း အငတ်ငတ်အပြတ်ပြတ် ဖြစ်ပြီး ရွာပြန်ရောက်ခဲ့ရ ပြန်တယ်၊ကိုဗစ်ကြောင့်ဘာလုပ်စားရမှန်းလည်းမသိ၊ အာရုံကြောအားနည်းပြီးတက်တတ်တာကြောင့် ဆေးနဲ့ ဝမ်းစာရေးအတွက် နေပူကြီးထဲဆန်နဲ့ဆေးလေးလာယူရှာတယ်၊ လူငယ်တွေဖိုးတာကိုအတုယူရပါမယ်၊ သူ့အောက်ပိုင်းမသန်စွမ်း‌ပေမယ့် ပညာသင်ချင်လို့ ရန်ကုန်မြို့ပြကြီးကို ဝှီးချဲတစီးနဲ့ခြေဆန့်ခဲ့တယ်၊ထိထိရောက်ရောက်ကူညီပေးမယ့်သူသာ တွေ့ခဲ့ရင်သူ အခုချိန်ပညာရှင်တယောက်ဖြစ်နေလောက်ပြီ၊ အခုတော့ ကပ်ရောဂါကြောင့် သူလည်းရွာမှာ ဝမ်းစာရေး ခက်ခဲသူစာရင်းထဲပါ ခဲ့ရပါတယ်၊ အခြေနေကောင်းရင်တော့ သူ့ကို မသန်စွမ်းသင်တန်းကျောင်းလေးပို့ပေးချင်မိတယ်…

တေးရေးမင်းကို (ခ)မင်းခေတ်မင်း
အနုပညာသစ်ပြတိုက်ဖောင်ဒေးရှင်း
နယ်လှည့်ကုသိုလ်ပြုနှလုံးလှဆရာဝန်များအဖွဲ့
5.9.2020