အမြန်နှုန်းမှာ နာရီဝက်အတွင်း ကမ္ဘာမြေကို ပတ်နိုင်ပြီး ဧရာမစွမ်းအားပြင်း ဒုံးကျည်တစ်လုံးတည်း ထိမှန်ပါက လန်ဒန်အရွယ်အစားရှိ မြို့ကြီး ၂၄ ခုစာ ပျက်စီးမည်ဖြစ်သည်ဟု ရုရှားမီဒီယာများက ရေးသားထားသည်လို့ သတင်းစာမျက်နှာတခုက တင်ထားတာရီချင်လို့ပါ။ 😂😂🤣🤣

ကမ္ဘာမှာ အရွယ်အသေးဆုံးနဲ့အားအပြင်းဆုံးညူကလီးယားထိပ်ဖူးတွေ အမေရိကားမှာဘဲရှိတယ်ဆိုတာ အရင်သိထားရမယ်။ကမ္ဘာမှာ အင်အားအကြီးဆုံးလေတပ်က ဘယ်လေတပ်ဖြစ်မလဲ။အမေရိကန်လေတပ်။ကမ္ဘာမှာ ဒုတိယအင်အားအကြီးဆုံး လေတပ်က ဘယ်လေတပ်လဲ။ အမေရိကန်ရေတပ်။မှားရေးတာမဟုတ်ဘူး အမေရိကန်ရေတပ်ပါ။

လေယာဉ်တင်သဘောင်္ကြီး ၁၉ စင်းရှိပြီး တစင်းစီမှာ တိုက်လေယဉ် နဲ့ တခြားစစ်လေယဉ်တွေ အစီးတရာခန့်တင်ထားတယ်။ အဲ့ဒီအထဲက လေယဉ်တင်ဘောင်္ကြီး ၁၂ စင်းက ကမ္ဘာ့စစ်ဒေသတွေကို အမြဲတမ်းကင်းလှည့်တယ်။ ၇ စင်းက ပြုပြင်ထိမ်းသိမ်းရေးလုပ်တယ်။အမေရိကန်တပ်တွေက ကမ္ဘာကြီးတခုလုံးကို မြန်မာပြည်မှာ စစ်တိုင်းတွေခွဲသလို စစ်ဒေသကြီး ၇ ခုခွဲထားပြီး စိုးမိုးထားတယ်။လေယဉ်တင်သဘောင်္ကြီး တစင်းစီမှာ တုိက္သေဘာၤေတြ ဖ်က္သေဘာၤေတြ ခရူဇာသေဘာၤေတြ ရေအောက်မှာ တိုက်ခိုက်ရေးရေငုတ်သဘောင်္တွေ ထောက်လှမ်းရေးသဘောင်္တွေ အစီး ၂၀-၃၀ လောက်ခြံရံပြီး လေထဲမှာလည်း AWAC လေယဉ်ကြီးတွေနဲ့အာကာသမှ စစ်သုံးဂြိုလ်တုတွေ ပါဝင်ပြီး ကမ္ဘာ့ရေပြင်ကို တချိန်လုံးကင်းလည့်နေတယ်။ လေယဉ်တင်သဘောင်္ကြီး တစင်းစီမှာ စစ်မှုထမ်းမျိုးစုံ ၅၀၀၀ လောက်ပါလို့ မြို့ကလေးတမြို့လို အထဲမှာ ဆံညှပ်ဆိုင်၊ စတိုး၊ Gym၊ ကလပ် စသည်ဖြင့်အကုန်လုပ်ထားတယ်။ရုရှားမှာ အလတ်စားလေယဉ်တင်သဘောင်္ ၂ စီးဘဲရှိတယ်။ ဆိုဗီယက်ယူနီယံခေတ်က အမေရိကန်တွေနဲ့ အပြိုင်တည်ဆောက်ခဲ့တဲ့ လေယဉ်တင်သဘောင်္ကြီးတွေအားလုံးလိုလို သံရည်ကြိုစက်ရောက်ကုန်လို့။

တရုတ်မှာ ယူကရိန်းကလေယဉ်တင်သဘောင်္အစုတ်တစီးကိုဝယ်ပြီး ပြန်သထားတဲ့ လေယဉ်တင်သဘောင်္အလတ်စားတစီးရှိတယ်။လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်တတည်းကလုပ်ထားတဲ့ အမေရိကန်ရဲ့ LGM-30 Minuteman တိုက်ချင်းပစ်ဒုံးပျံကြီး အစင်း ၄၀၀ လောက်ကို တကမ္ဘာလုံးမှာဖြန့်ထားပြီး LGM-30 တွေရဲ့ထိပ်ဖူးကြီးထဲမှာ ညူကလီးယားထိပ်ဖူးလေးတွေ အများကြီးပါပြီးသီးသန့်ပစ်မှတ်တခုစီကို ခွဲသွားပြီး ဖျက်ဆီးနိုင်တယ်။ ညူကလီးယားလက်နက်တွေက ကမ္ဘာကြီးကို မိနစ်ပိုင်းအတွင်းဖျက်ဆီးနိုင်လို့ ဘယ်တိုင်းပြည်မှညူကလီးယားလက်နက်တွေကို မသုံးရဲဘူး။

အမေရိကန်စစ်အင်အားကို ကြည့်ရင် တော်တော်များများဟာ အမေရိကန်ညူကလီးယားရေငုတ်သဘောင်္တပ်ဖွဲ့ရဲ့အင်အားကို ထဲ့မတွက်ကြဘူး။ကမ္ဘာမှာ ညူကလီးယားရေငုတ်သဘောင်္တွေ အစင်း ၁၄၀ လောက်ရှိတယ်။ အဲ့ဒီအထဲမှာ အမေရိကန်ညူကလီးယားရေငုတ်သဘောင်္က အစီး ၇၀ ရှိတယ်။အလွန်လျို့ဝှက်လွန်းလို့ အမေရိကန်ရေငုတ်သဘောင်္တပ်ဖွဲ့ကို Silent Service လို့ခေါ်တယ်။ ရေငုတ်သဘောင်္တွေမှာ တာဝန်ထမ်းဆောင်တဲ့ သင်္ဘောသားတွေရဲ့ မိန်းမတွေတောင် သူတို့ယောက်ျား ဘယ်မှာရောက်နေတာ မသိရဘူး။ကြေးနန်းနဲ့တော့ ဆက်သွယ်ခွင့်ပေးထားတယ်။ ရေငုတ်သဘောင်္ကပ္ပတိန်တောင် သဘောင်္ထဲဆင်းသွားမှ ဘယ်အရပ်ကို စတင်ကင်းလှည့်မယ်ဆိုတဲ့ အမိန့်ကိုဖွင့်ဖတ်ရတယ်။အမေရိကန်ရေတပ်သဘောင်္ကြီးငယ် အကုန်လုံးမှာ သံလိုက်အမြှာက် (Magnetic Rail gun) တွေ စတင်တပ်ဆင်နေပြီ။သံလိုက်အမြောက်တွေကို BAE systems က နှစ်ပေါင်း ၂၀ လောက် သုတေသနလုပ်ပြီးမှ အောင်မြင်ခဲ့တာ။တခြားဘယ်တိုင်းပြည်မှာမှ မရှိဘူး။ ကျည်ဆံနေရာမှာ သတ္တုအတောင့်ကို သံလိုက်စွမ်းအင်နဲ့ပစ်တယ်။ အမြန်ဆုံးလက်နက်ဖြစ်လို့ ဟိုက်ပါဆိုးနစ်လို့ခေါ်တဲ့ အသံထက် ၅ဆမကမြန်တဲ့ ဒုံးကျည်တွေကို ၃ စက္ကန့်မှာ တလုံးစီနှုံးနဲ့ ပစ်ခွဲလို့ရတယ်။

အာကာသနားအထိ လှမ်းပစ်နိုင်တယ်။ ဒါကတရားဝင်ပြောတာ။ လျို့ဝှက်ထားတာတွေက ဘာတွေမှန်းမသိနိုင်ဘူး။အမေရိကန်စစ်အသုံးစားရိတ်က နံပါတ် (၁) (၂၀၁၈ မှာ ဒေါ်လာဘီလီယံ ၈၅၀) ဖြစ်တယ်။ ကမ္ဘာ့စစ်အသုံးစားရိတ်အများဆုံးစာရင်းမှာ နံပါတ် (၂) ကနေ နံပါတ် (၉) အထိ အားလုံးပေါင်းလိုက်။ အဲ့ဒါတောင် အမေရိကန်စစ်အသုံးစားရိတ်လောက် မများဘူး။ဘာ့ကြောင့် အမေရိကားက ကမ္ဘာမှာ စစ်အင်အားအကြီးဆုံးဖြစ်ရသလဲ။ရှင်းပါတယ် တိုင်းပြည်အင်အားရှိလို့ စစ်အင်အားကြီးတာပါ။

ကမ္ဘာမှာ စီးပွါးရေးထုထည်အကြီးဆုံး၊နည်းပညာကုမ္မဏီတွေ အများဆုံး၊ ပညာတတ်ဦးရေးအများဆုံး၊ သုတေသနဌာနကြီးတွေ အများဆုံး၊ အကောင်းဆုံးတက္ကသိုလ်တွေအများဆုံး နိုင်ငံရေးစံနစ်အခိုင်မာဆုံး ဖြစ်တာတွေကြောင့်ဘဲ။တိုင်းပြည်အင်အားရှိမှ တပ်မတော်အင်အားရှိတယ်။မြေကြီးထဲကထွက်နေတဲ့ ရွှံ့ရေဗွက်ပူပူထဲကို နွားနို့နဲ့လောင်းပြီး၊အမေနဂါးမယ်တော်ရဲ့ စောင့်ရှောက်မှုကိုခံယူတဲ့လူမျိုးတွေပြောတဲ့ “တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်” ဆိုတာ အရူးစကားဘဲဖြစ်တယ်။အဲ့ဒီဆောင်ပုဒ်အတိုင်း နှစ်ပေါင်း ၇၀ လောက်လုပ်ခဲ့တဲ့ မြောက်ကိုရီးယား အခုဘာဖြစ်သွားလဲ။

DYM
ရဲမြင့် (၈၈)