ဆူရွီေတြလုပ္စားရင္ နာမည္ႀကီးတဲ့ တူနာငါးကို ေဈးကြက္မွာလည္း ေဈးေကာင္းေပးဝယ္စားၾကပါတယ္။ အေကာင္ႀကီးရင္ႀကီးသလို တန္ဖိုးျမင့္တဲ့အတြက္ ေဈးကြက္လိုအပ္ခ်က္မ်ားသလို၊ ကမာၻမွာ ေပါင္ (၂.၅)သန္းအထိ ေဈးရဖူးတဲ့ တူနာငါးအေရာင္းအဝယ္ရွိခဲ့ဖူးပါတယ္။ အခုတေခါက္မွာေတာ့ အဲဒီငါးထက္ႀကီးတဲ့ တူနာငါးႀကီးကို မိခဲ့ၿပီျဖစ္လို႔ တကမာၻလုံးက စိတ္ဝင္စားေနၾကပါၿပီ။

ဖမ္းမိခဲ့တာက အဂၤလိပ္ကမ္း႐ိုးတန္းလို႔ေခၚတဲ့ ေနရာနားက ခ်ီခ်က္စတာဆိပ္ကမ္းကေန ဖမ္းမိတာပါ။ အက္သလက္တစ္ ဘလူးဖင္တူနာငါးလို႔ နာမည္ေခၚၿပီး၊ အရွည္ဟာ (၂)မီတာအထိရွိတယ္ဆိုပါတယ္။ ကမာၻမွာ ေတြ႕ဖူးသမွ်တူနာငါးေတြထဲမွာ အႀကီးဆုံးလည္းျဖစ္သလို မွတ္တမ္းအရ ကမာၻ႔အႀကီးဆုံးတူနာငါးထက္ကို အေလးခ်ိန္ႏွစ္ဆမက မ်ားေနပါတယ္။

လက္ရွိကမာၻမွာ တန္ဖိုးအႀကီးဆုံးတူနာငါးက ဂ်ပန္ႏိုင္ငံက ဆူရွီလုပ္ငန္းရွင္တစ္ဦး ေလလံေပးဝယ္ထားတဲ့ ေပါင္ (၂.၅)သန္းတန္ တူနာငါးျဖစ္ပါတယ္။ အေလးခ်ိန္ (၂၇၈)ကီလိုဂရမ္ရွိတဲ့အတြက္ တေကာင္တည္းနဲ႔တင္ ဆူရွီပြဲေပါင္းေထာင္နဲ႔ခ်ီလုပ္လို႔ရတဲ့ ပမာဏပါ။ အဲဒီေနာက္ပိုင္းကစလို႔ တူနာငါးအႀကီႀကီးမိတဲ့အထဲမွာ (၁၈၀)ကီလိုဂရမ္ရွိတဲ့ တေကာင္ပဲထြက္ေပၚခဲ့ဖူးပါေသးတယ္။

အခုတေခါက္မိတဲ့ ဘလူးဖင္တူနာကေတာ အေလးခ်ိန္ (၆၈၀) ကီလိုဂရမ္ရွိတယ္လို႔ ကမ္းေျခငါးဖမ္းသမားမ်ားဆက္သြယ္ေရး ေကာ္မတီက အရာရွိ တင္မ္ ဒက္ပလင္က အတည္ျပဳပါတယ္။ အခုလိုဖမ္းမိခဲ့ခ်ိန္မွာေတာ့ သိပၸံပညာရွင္ေတြနဲ႔အတူးအျခား ၿပိဳင္ဘက္ငါးဖမ္းကုမၸဏီေတြကပါစိတ္ဝင္စားလာၿပီး၊ ငါးႀကီးကို ေလ့လာဖို႔ သူထက္ငါအၿပိဳင္ ျဖစ္ေနၾကတယ္လို႔သိရပါတယ္။

တူနာငါးေတြဟာ လက္ရွိပင္လယ္စာေတြထဲမွာလည္း ထိပ္တန္းအဆင့္ကိုဝင္ေနသလို ေရေအာက္ေဂဟစနစ္ေတြ တိုးတက္ေကာင္းမြန္ေနျခင္းရဲ႕ ျပယုဂ္လည္းျဖစ္ပါတယ္။ ဖမ္းမိခဲ့ေပမဲ့ ငါးႀကီးကို ေလလံတင္ေဈးနဲ႔ ဝယ္မလားကိုေတာ့ မသိရပါဘူး။ ပထမဆုံးတေခါက္ကေတာ့ ေပါင္ (၂.၅)သန္းအထိရဖူးထားတဲ့အတြက္ အေလးခ်ိန္နဲ႔တြက္မယ္ဆိုရင္ အခုတေခါက္ငါးႀကီးဟာ တန္ဖိုးအရေဈးပိုမ်ားေနမယ္လို႔ ဆိုရမွာပါပဲ။

source : AwesomeMyanmar

ဆူရှီတွေလုပ်စားရင် နာမည်ကြီးတဲ့ တူနာငါးကို ဈေးကွက်မှာလည်း ဈေးကောင်းပေးဝယ်စားကြပါတယ်။ အကောင်ကြီးရင်ကြီးသလို တန်ဖိုးမြင့်တဲ့အတွက် ဈေးကွက်လိုအပ်ချက်များသလို၊ ကမ္ဘာမှာ ပေါင် (၂.၅)သန်းအထိ ဈေးရဖူးတဲ့ တူနာငါးအရောင်းအဝယ်ရှိခဲ့ဖူးပါတယ်။ အခုတခေါက်မှာတော့ အဲဒီငါးထက်ကြီးတဲ့ တူနာငါးကြီးကို မိခဲ့ပြီဖြစ်လို့ တကမ္ဘာလုံးက စိတ်ဝင်စားနေကြပါပြီ။

ဖမ်းမိခဲ့တာက အင်္ဂလိပ်ကမ်းရိုးတန်းလို့ခေါ်တဲ့ နေရာနားက ချီချက်စတာဆိပ်ကမ်းကနေ ဖမ်းမိတာပါ။ အက်သလက်တစ် ဘလူးဖင်တူနာငါးလို့ နာမည်ခေါ်ပြီး၊ အရှည်ဟာ (၂)မီတာအထိရှိတယ်ဆိုပါတယ်။ ကမ္ဘာမှာ တွေ့ဖူးသမျှတူနာငါးတွေထဲမှာ အကြီးဆုံးလည်းဖြစ်သလို မှတ်တမ်းအရ ကမ္ဘာ့အကြီးဆုံးတူနာငါးထက်ကို အလေးချိန်နှစ်ဆမက များနေပါတယ်။

လက်ရှိကမ္ဘာမှာ တန်ဖိုးအကြီးဆုံးတူနာငါးက ဂျပန်နိုင်ငံက ဆူရှီလုပ်ငန်းရှင်တစ်ဦး လေလံပေးဝယ်ထားတဲ့ ပေါင် (၂.၅)သန်းတန် တူနာငါးဖြစ်ပါတယ်။ အလေးချိန် (၂၇၈)ကီလိုဂရမ်ရှိတဲ့အတွက် တကောင်တည်းနဲ့တင် ဆူရှီပွဲပေါင်းထောင်နဲ့ချီလုပ်လို့ရတဲ့ ပမာဏပါ။ အဲဒီနောက်ပိုင်းကစလို့ တူနာငါးအကြီကြီးမိတဲ့အထဲမှာ (၁၈၀)ကီလိုဂရမ်ရှိတဲ့ တကောင်ပဲထွက်ပေါ်ခဲ့ဖူးပါသေးတယ်။

အခုတခေါက်မိတဲ့ ဘလူးဖင်တူနာကတော အလေးချိန် (၆၈၀) ကီလိုဂရမ်ရှိတယ်လို့ ကမ်းခြေငါးဖမ်းသမားများဆက်သွယ်ရေး ကော်မတီက အရာရှိ တင်မ် ဒက်ပလင်က အတည်ပြုပါတယ်။ အခုလိုဖမ်းမိခဲ့ချိန်မှာတော့ သိပ္ပံပညာရှင်တွေနဲ့အတူးအခြား ပြိုင်ဘက်ငါးဖမ်းကုမ္ပဏီတွေကပါစိတ်ဝင်စားလာပြီး၊ ငါးကြီးကို လေ့လာဖို့ သူထက်ငါအပြိုင် ဖြစ်နေကြတယ်လို့သိရပါတယ်။

တူနာငါးတွေဟာ လက်ရှိပင်လယ်စာတွေထဲမှာလည်း ထိပ်တန်းအဆင့်ကိုဝင်နေသလို ရေအောက်ဂေဟစနစ်တွေ တိုးတက်ကောင်းမွန်နေခြင်းရဲ့ ပြယုဂ်လည်းဖြစ်ပါတယ်။ ဖမ်းမိခဲ့ပေမဲ့ ငါးကြီးကို လေလံတင်ဈေးနဲ့ ဝယ်မလားကိုတော့ မသိရပါဘူး။ ပထမဆုံးတခေါက်ကတော့ ပေါင် (၂.၅)သန်းအထိရဖူးထားတဲ့အတွက် အလေးချိန်နဲ့တွက်မယ်ဆိုရင် အခုတခေါက်ငါးကြီးဟာ တန်ဖိုးအရဈေးပိုများနေမယ်လို့ ဆိုရမှာပါပဲ။

source : AwesomeMyanmar