


( Unicode )

လူတစ် ယောက် ရဲ့ မိုက်မဲတဲ့ လုပ်ရပ် ကြောင့် စေတနာ့ ဝန်ထမ်း တွေ Q ဝင် ရပြီ

စက်တင် ဘာလ(၃)ရက်နေ့က ရခိုင်ပြည်နယ်တွင် မိမိဆန္ဒ အလျောက် တွဲဖက် တာဝန် ထမ်းဆောင် မည့် ဆရာဝန်နှင့် သူနာပြု များ သည် ‌နေ့လယ် ၃:၃ဝခန တွင် စစ်တွေ သို့ လေကြောင်းဖြင့် အသီးသီး အသုတ်ခွဲ၍ လာကြရာ၊ (၇)ဦးပါဝင်သော ဆရာဝန်နှင့် သူနာပြုအဖွဲ့တစ်ခုမှာ

အဆိုပါ MNA UB Flight No: 401-402 ဖြင့် လေကြောင်း ၌ ဗဟန်း မြို့နယ် အသွား အလာ ကန့်သတ်ထားရှိသူ Case No: Case: 1077(ရူပမြောက်ရပ်ကွက်၊ စစ်တွေ)၊ အသက် (၅၅)နှစ် လိုက်ပါခဲ့သောကြောင့် စေတနာ့ဝန်ထမ်းများမှာ Quarantine ဝင်ရောက်နေရကြောင်း သတင်း ရရှိပါသည်။

(ဓာတ်ပုံမှာ Quarantine ဝင်ရောက်ရန် ပြင်ဆင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများ ဖြစ်ပါသည်)