






ယူနီကုတ်

တရုတ်ရဲ့ Su-35 တိုက်လေယာဉ်ကို သူတို့ပစ်ချခဲ့ခြင်း မရှိကြောင်း ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဋ္ဌာနကတရားဝင်ငြင်း (တရုတ်က သူ့ဖာသာ ပျက်ကျတဲ့တိုက်လေယာဉ် ပြဿနာ ကို ပုံကြီးချဲ့ပြီး ထိုင်ဝမ်ကိုတရားခံ ရှာချင်နေပုံ)

တရုတ် တိုက်လေယာဉ် Su-35 အနေဖြင့် ထိုင်ဝမ်လေပိုင်နက်ကို ကျူးကျော်မှုကြောင့် အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း ပြန်လည်ထွက်ခွာခဲ့ခြင်းမရှိသည့်အတွက် ယခုကဲ့သို့ပစ်ချလိုက်ခြင်း ဖြစ်သည်ဟု ယနေ့မွန်းလွဲပိုင်းသတင်းတွေမှာ ရေးသားထားပါတယ်။

အချို့သော အင်တာနက်အသုံးပြုသူများ၏ မှတ်ချက်အရ ထိုင်ဝမ်နိုင်ငံ၌ အမေရိကန်တို့၏ THAAD Surface to Air Missile ပိုင်ဆိုင်ထားခြင်းမရှိကြောင်း ဝေဖန်နေကြလျက်ရှိပြီးPatriot ဒုံးကျည်စနစ်လည်း ဖြစ်နိုင်သည်ဟုမှတ်ချက် ပေးကြသည်။

၎င်း တိုက်လေယာဉ်သည် ထိုင်ဝမ်ဖက်မှပစ်တာမဟုတ်ကြောင်း ၊ တရုတ်တောင်ပိုင်းကွမ်ရှီ ပြည်နယ် တွင် စက်ချို့ယွင်း ပြီးပျက်ကျသွားကြောင်း ထိုင်ဝမ် မီဒီယာ သတင်းမှာရေးသားထားပါတယ်။

ထိုင်ဝမ် လေကြောင်း လုံခြုံရေး နဲ့ ရေလက်ကြားရှိ ပင်လယ်နှင့် လေကြောင်း အခြေအနေများကို အနီးကပ်စောင့်ကြည့်လေ့လာသွားမည် ဖြစ်ပြီး သတင်းအချက်အလက်များကို အချိန်မီ ဖော်ပြသွားမည်ဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ကြည့်ရတာ ကတော့ တရုတ်က သူ့ဖာသာ ပျက်ကျတဲ့တိုက်လေယာဉ် ပြဿနာ ကို ပုံကြီးချဲ့ပြီး ထိုင်ဝမ်ကိုတရားခံ ရှာချင်နေပုံ ရတယ်။

နိုင်ငံကြီးတွေရဲ့ ယုတ်မာ ကောက်ကျစ်မှုတွေကတခါတလေ ကိုယ်ထင်ထားတာထက် ပိုဆိုးနေတတ်တယ်။

အင်္ဂလိပ် တွေ မြန်မာကို သိမ်းချင်တော့ အမျိုးမျိုးကောက်ကျစ် ယုတ်မာခဲ့တာကို ပြန် သတိရမိ တယ်။