အာေခါင္တို႔ဖတ္၊ႏွာေခါင္းတို႔ဖတ္ယူရင္ေသေအာင္နာမယ္ဆိုတာမဟုတ္ပါ။ ႏွာေခါင္းတို႔ဖတ္၊အာေခါင္တို႔ဖတ္ေတြယူဖို႔လိုသူေတြကို ေသေအာင္ နာမယ္ဆိုၿပီး ေၾကာက္လန္႔ေအာင္ေျပာထားတာေတြရွိေတာ့ အေၾကာက္လြန္ေနၾကပါတယ္။ လူေတြမွာလည္း ငါတို႔ေတာ့ ဒီအေခ်ာင္းႀကီး ႏွာေခါင္းတဆုံးထိုးခံရ၊ ဒုကၡအမ်ိဳးမ်ိဳး ခံရေတာ့မွာပဲဆိုတဲ့စိတ္နဲ႔ ေအာ္ဟစ္၊ ေၾကာက္လန္႔ တာမ်ိဳးေတြ ရွိပါမယ္။ တခ်ိဳ႕ဆို ငိုယိုၾကတယ္။ အဲေတာ့ အဲ့လိုအလုပ္မခံရေအာင္ Q မဝင္ရဲေတာ့ပါဘူး။ Q ဝင္ရမွာေၾကာက္လာရင္ ေရွာင္ပုန္းတာ ေတြ ရွိလာႏိုင္ပါတယ္။ အဲဒါဆိုရင္ ျပည္သူေတြ ဒုကၡေရာက္ႏိုင္ပါတယ္။

တို႔ဖတ္ယူတဲ့ဝန္ထမ္းေတြလည္း ဒုကၡမ်ားပါတယ္။ ဘယ္လိုပဲ မနာပါဘူးေျပာေပမယ့္ တို႔ဖတ္တံကိုင္လိုက္တာနဲ႔ သံသယလူနာက ေၾကာက္ေနပါၿပီ။ ေၾကာက္ေတာ့ ႐ုန္းတယ္။ တို႔ဖတ္ယူ ဝန္ထမ္းေတြကို လက္နဲ႔ပုတ္ထုတ္တယ္။တြန္းလႊတ္တယ္။ PPE ဝတ္စုံထဲကေန ေခြၽးတ႐ႊဲ႐ႊဲ ေစာင့္ေနရတဲ့ တို႔ဖတ္ယူဝန္ထမ္းေတြအတြက္အေတာ္ကိုစိတ္ညစ္စရာပါ။ ေသခ်ာမသိဘဲ ထင္ရာေျပာၾကေတာ့ ႏွစ္ဖက္လုံးဒုကၡမ်ားကုန္ၾကပါတယ္။

တို႔ဖတ္ယူတာ လြယ္ကူတဲ့လုပ္ငန္းစဥ္ပါ ခါးေလးကို မတ္ၿပီး ထိုင္လိုက္ပါ။ ေခါင္းေလးကို ေမာ့ထားလိုက္ၿပီး၊ ပါးစပ္ကို ဟေပးလိုက္ရင္ ခဏနဲ႔ အာေခါင္တို႔ဖတ္ ၿပီးပါတယ္။လုံးဝ မနာပါ။ ယူၿပီးတာေတာင္သိလိုက္မွာမဟုတ္ပါ။ အာေခါင္လို မသိလိုက္ဘာသာ ၿပီးသြားတာ မဟုတ္ေပမယ့္ ႏွာေခါင္းတို႔ဖတ္ယူတာ မနာပါဘူး။ မ်က္ရည္က်တယ္ဆိုတာ ႏွာေခါင္းထဲ တို႔ဖတ္တံထည့္တဲ့အခါႏွာေခါင္းအဆုံးနဲ႔ တို႔ဖတ္တံထိရင္ မ်က္ရည္ထြက္တာပါပဲ။ နာတဲ့ခံစားခ်က္ မပါပါ။ ယားက်ိက်ိေတာ့ ျဖစ္မွာပါ။ နည္းနည္းေလးပါပဲ။ ခဏပါပဲ။

ဒါေၾကာင့္ ႏွာေခါင္းတို႔ဖတ္ (Nasal Swab Test) ကို ေၾကာက္႐ြံ႕ဖို႔ မလိုဘူးလို႔ တင္ျပလိုက္ပါတယ္။

Ref – Special Nurse.Shu Maung
Credit- We Media

နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ယူရင် နာလား

အာခေါင်တို့ဖတ်၊နှာခေါင်းတို့ဖတ်ယူရင်သေအောင်နာမယ်ဆိုတာမဟုတ်ပါ။ နှာခေါင်းတို့ဖတ်၊အာခေါင်တို့ဖတ်တွေယူဖို့လိုသူတွေကို သေအောင် နာမယ်ဆိုပြီး ကြောက်လန့်အောင်ပြောထားတာတွေရှိတော့ အကြောက်လွန်နေကြပါတယ်။ လူတွေမှာလည်း ငါတို့တော့ ဒီအချောင်းကြီး နှာခေါင်းတဆုံးထိုးခံရ၊ ဒုက္ခအမျိုးမျိုး ခံရတော့မှာပဲဆိုတဲ့စိတ်နဲ့ အော်ဟစ်၊ ကြောက်လန့် တာမျိုးတွေ ရှိပါမယ်။ တချို့ဆို ငိုယိုကြတယ်။ အဲတော့ အဲ့လိုအလုပ်မခံရအောင် Q မဝင်ရဲတော့ပါဘူး။ Q ဝင်ရမှာကြောက်လာရင် ရှောင်ပုန်းတာ တွေ ရှိလာနိုင်ပါတယ်။ အဲဒါဆိုရင် ပြည်သူတွေ ဒုက္ခရောက်နိုင်ပါတယ်။

တို့ဖတ်ယူတဲ့ဝန်ထမ်းတွေလည်း ဒုက္ခများပါတယ်။ ဘယ်လိုပဲ မနာပါဘူးပြောပေမယ့် တို့ဖတ်တံကိုင်လိုက်တာနဲ့ သံသယလူနာက ကြောက်နေပါပြီ။ ကြောက်တော့ ရုန်းတယ်။ တို့ဖတ်ယူ ဝန်ထမ်းတွေကို လက်နဲ့ပုတ်ထုတ်တယ်။တွန်းလွှတ်တယ်။ PPE ဝတ်စုံထဲကနေ ချွေးတရွှဲရွှဲ စောင့်နေရတဲ့ တို့ဖတ်ယူဝန်ထမ်းတွေအတွက်အတော်ကိုစိတ်ညစ်စရာပါ။ သေချာမသိဘဲ ထင်ရာပြောကြတော့ နှစ်ဖက်လုံးဒုက္ခများကုန်ကြပါတယ်။

တို့ဖတ်ယူတာ လွယ်ကူတဲ့လုပ်ငန်းစဉ်ပါ ခါးလေးကို မတ်ပြီး ထိုင်လိုက်ပါ။ ခေါင်းလေးကို မော့ထားလိုက်ပြီး၊ ပါးစပ်ကို ဟပေးလိုက်ရင် ခဏနဲ့ အာခေါင်တို့ဖတ် ပြီးပါတယ်။လုံးဝ မနာပါ။ ယူပြီးတာတောင်သိလိုက်မှာမဟုတ်ပါ။ အာခေါင်လို မသိလိုက်ဘာသာ ပြီးသွားတာ မဟုတ်ပေမယ့် နှာခေါင်းတို့ဖတ်ယူတာ မနာပါဘူး။ မျက်ရည်ကျတယ်ဆိုတာ နှာခေါင်းထဲ တို့ဖတ်တံထည့်တဲ့အခါနှာခေါင်းအဆုံးနဲ့ တို့ဖတ်တံထိရင် မျက်ရည်ထွက်တာပါပဲ။ နာတဲ့ခံစားချက် မပါပါ။ ယားကျိကျိတော့ ဖြစ်မှာပါ။ နည်းနည်းလေးပါပဲ။ ခဏပါပဲ။

ဒါကြောင့် နှာခေါင်းတို့ဖတ် (Nasal Swab Test) ကို ကြောက်ရွံ့ဖို့ မလိုဘူးလို့ တင်ပြလိုက်ပါတယ်။

Ref – Special Nurse.Shu Maung
Credit- We Media