ၿပီးခဲ့တဲ့ရက္ပိုင္းက ထိုင္း Workpoint TV ကေနထုတ္လႊင့္သြားတဲ့ Super 100 စြမ္း ရည္ၿပိဳင္ပြဲမွာ ႐ိုးရာျခင္းခတ္ပညာနဲ႔ အစြမ္းျပဝင္ေရာက္ယွဥ္ၿပိဳင္တဲ့ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သား ၁ ဦး ထိုင္းဘတ္ ၄၀၀၀၀ နဲ႔ လက္ေဆာင္ပစၥည္းေတြ ဆုရခဲ့ပါတယ္။

အသက္ ၂၈ ႏွစ္႐ြယ္ရွိ ေက်ာင္းသားေလး ေခၚ ေက်ာ္စြာမင္းဟာ ျခင္းလုံးကို ေျခဖဝါးနဲ႔ ခတ္ၿပီး အျမင့္ ၂ မီတာရွိတန္းကို ေက်ာ္ကာ ပိုက္ျခင္းထဲ တည့္တည့္ဝင္သြားေအာင္ ခတ္ျပ သြားခဲ့တာပါ။

သာမန္ျခင္းခတ္သူေတြဟာ ျခင္းလုံးကို ေျခဖမိုး၊ ေျခဖေနာင့္နဲ႔ ခတ္ၾကေပမယ့္ ေက်ာင္းသားေလးကေတာ့ ေျခဖဝါးနဲ႔ ပုပ္ထည့္လိုက္တဲ့အျပင္ အျမင့္ ၁ မီတာခြဲရွိ ပိုက္တန္းကိုေရာ၊ အျမင့္ ၂ မီတာရွိ ပိုက္တန္းကိုပါေက်ာ္ၿပီး ပိုက္ျခင္းထဲဝင္ဖို႔ အခြင့္အေရး ၃ ႀကိမ္သာ ႀကိဳးစားခြင့္ရွိတဲ့ထဲ ဒုတိယအႀကိမ္ေျမာက္မွာ တည့္တည့္ဝင္ေအာင္ ခတ္သြားခဲ့တာပါ။

သူဟာ အသက္ ၇ – ၈ ႏွစ္႐ြယ္ကတည္းက စတင္ျခင္းခတ္ခဲ့ၿပီး ထိုင္းႏိုင္ငံကို လြန္ခဲ့တဲ့ ၇ ႏွစ္ေလာက္ကတည္းက ဝင္ေရာက္လာခဲ့ေၾကာင္း၊ ထိုင္းကိုေရာက္ခါစေတာ့ တျခားလုပ္သားေတြ လို ရရာအလုပ္လုပ္ၿပီး အားတဲ့အခ်ိန္ အၿမဲလိုျခင္းခတ္ကစားတာေၾကာင့္ ကြၽမ္းက်င္ကာ အခေၾကးေငြရတဲ့ ကစားသမားထိျဖစ္လာေၾကာင္း၊ ဘန္ေကာက္အျပင္ အျခားခ႐ိုင္ေတြမွာ သြား ကစားခဲ့ရၿပီး ရလာတဲ့ေငြနဲ႔ ေဆးတကၠသိုလ္တက္ေနတဲ့ ညီေလးေက်ာင္းစရိတ္ကိုပါ ေထာက္ပံ့ ႏိုင္ကာ ညီျဖစ္သူလည္း ေနာက္ဆုံးႏွစ္ ေရာက္သြားၿပီလို႔ ဆိုပါတယ္။

မိမိဝါသနာပါတဲ့ အားကစားကို တဘက္ကမ္းခတ္ေအာင္ႀကိဳးစားၿပီး မိသားစုကိုပါ ျပန္လည္ၾကည့္ရႈေထာက္ပံ့တတ္တဲ့ သူ႔ရဲ႕စိတ္ဓာတ္ကို အကဲျဖတ္ဒိုင္လူႀကီးေတြက ခ်ီးမႊမ္းခဲ့ၾကပါတယ္။

သူကေတာ့ စြမ္းရည္ျပပြဲမွာ အႏိုင္ရရင္ ဘဝတူျခင္းခတ္သမားေတြကို ေဝငွဖို႔ အားကစား အက်ႌနဲ႔ ျခင္းခတ္ေထာက္ကူျပဳပစၥည္းေတြ လိုခ်င္တယ္လို႔ ေျပာခဲ့ေပမဲ့ သူလိုခ်င္တဲ့ အရာအားလုံး အျပင္ ဘတ္ေငြ ၄၀၀၀၀ ကိုပါ ခ်ီးျမႇင့္ခဲ့ပါတယ္။

ခုလို ဆုရတဲ့အတြက္ ႐ုပ္ျမင္သံၾကားပရိသတ္၊ ဆရာသမားနဲ႔ ျမန္မာျပည္က မိသားစု ဝင္ေတြအားလုံးကို သူက မိခင္ျမန္မာဘာသာနဲ႔ပဲ ေက်းဇူးတင္စကားေျပာၾကားခဲ့ပါတယ္။

( Unicode )

မြန်မာရွှေ့ပြောင်းလုပ်သား ၁ ဦး ခြင်းလုံးခတ်စွမ်းရည်ပြပြီး ထိုင်းရုပ်သံတွင် ဆုရရှိ

ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်း Workpoint TV ကနေထုတ်လွှင့်သွားတဲ့ Super 100 စွမ်း ရည်ပြိုင်ပွဲမှာ ရိုးရာခြင်းခတ်ပညာနဲ့ အစွမ်းပြဝင်ရောက်ယှဉ်ပြိုင်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁ ဦး ထိုင်းဘတ် ၄၀၀၀၀ နဲ့ လက်ဆောင်ပစ္စည်းတွေ ဆုရခဲ့ပါတယ်။

အသက် ၂၈ နှစ်ရွယ်ရှိ ကျောင်းသားလေး ခေါ် ကျော်စွာမင်းဟာ ခြင်းလုံးကို ခြေဖဝါးနဲ့ ခတ်ပြီး အမြင့် ၂ မီတာရှိတန်းကို ကျော်ကာ ပိုက်ခြင်းထဲ တည့်တည့်ဝင်သွားအောင် ခတ်ပြ သွားခဲ့တာပါ။

သာမန်ခြင်းခတ်သူတွေဟာ ခြင်းလုံးကို ခြေဖမိုး၊ ခြေဖနောင့်နဲ့ ခတ်ကြပေမယ့် ကျောင်းသားလေးကတော့ ခြေဖဝါးနဲ့ ပုပ်ထည့်လိုက်တဲ့အပြင် အမြင့် ၁ မီတာခွဲရှိ ပိုက်တန်းကိုရော၊ အမြင့် ၂ မီတာရှိ ပိုက်တန်းကိုပါကျော်ပြီး ပိုက်ခြင်းထဲဝင်ဖို့ အခွင့်အရေး ၃ ကြိမ်သာ ကြိုးစားခွင့်ရှိတဲ့ထဲ ဒုတိယအကြိမ်မြောက်မှာ တည့်တည့်ဝင်အောင် ခတ်သွားခဲ့တာပါ။

သူဟာ အသက် ၇ – ၈ နှစ်ရွယ်ကတည်းက စတင်ခြင်းခတ်ခဲ့ပြီး ထိုင်းနိုင်ငံကို လွန်ခဲ့တဲ့ ၇ နှစ်လောက်ကတည်းက ဝင်ရောက်လာခဲ့ကြောင်း၊ ထိုင်းကိုရောက်ခါစတော့ တခြားလုပ်သားတွေ လို ရရာအလုပ်လုပ်ပြီး အားတဲ့အချိန် အမြဲလိုခြင်းခတ်ကစားတာကြောင့် ကျွမ်းကျင်ကာ အခကြေးငွေရတဲ့ ကစားသမားထိဖြစ်လာကြောင်း၊ ဘန်ကောက်အပြင် အခြားခရိုင်တွေမှာ သွား ကစားခဲ့ရပြီး ရလာတဲ့ငွေနဲ့ ဆေးတက္ကသိုလ်တက်နေတဲ့ ညီလေးကျောင်းစရိတ်ကိုပါ ထောက်ပံ့ နိုင်ကာ ညီဖြစ်သူလည်း နောက်ဆုံးနှစ် ရောက်သွားပြီလို့ ဆိုပါတယ်။

မိမိဝါသနာပါတဲ့ အားကစားကို တဘက်ကမ်းခတ်အောင်ကြိုးစားပြီး မိသားစုကိုပါ ပြန်လည်ကြည့်ရှုထောက်ပံ့တတ်တဲ့ သူ့ရဲ့စိတ်ဓာတ်ကို အကဲဖြတ်ဒိုင်လူကြီးတွေက ချီးမွှမ်းခဲ့ကြပါတယ်။

သူကတော့ စွမ်းရည်ပြပွဲမှာ အနိုင်ရရင် ဘဝတူခြင်းခတ်သမားတွေကို ဝေငှဖို့ အားကစား အင်္ကျီနဲ့ ခြင်းခတ်ထောက်ကူပြုပစ္စည်းတွေ လိုချင်တယ်လို့ ပြောခဲ့ပေမဲ့ သူလိုချင်တဲ့ အရာအားလုံး အပြင် ဘတ်ငွေ ၄၀၀၀၀ ကိုပါ ချီးမြှင့်ခဲ့ပါတယ်။

ခုလို ဆုရတဲ့အတွက် ရုပ်မြင်သံကြားပရိသတ်၊ ဆရာသမားနဲ့ မြန်မာပြည်က မိသားစု ဝင်တွေအားလုံးကို သူက မိခင်မြန်မာဘာသာနဲ့ပဲ ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။