တ႐ုတ္ႏိုင္ငံ ၊ Sichuan ျပည္နယ္မွာေနထိုင္တဲ့ အသက္ 15 ႏွစ္အ႐ြယ္မိန္းကေလးဟာ တိုက္အေဆာက္အအုံရဲ႕ 25လႊာကေန ခုန္ခ်ခဲ့ၿပီး ၊ ဖခင္ျဖစ္သူကလည္း သမီးေလးကိုေျမျပင္ကေနလွမ္းဖမ္းဖို႔ႀကိဳးစားခဲ့ရင္းနဲ႔ ကံဆိုးစြာနဲ႔ သားအဖႏွစ္ေယာက္လုံးတစ္ခ်ိန္တည္းေသဆုံးသြားခဲ့ရပါတယ္ ။ ျဖစ္စဥ္ကေတာ့ အဆိုပါအေဆာက္အအုံရဲ႕ေျမညီထပ္က ပီယာႏိုသင္တန္းမတက္ခ်င္လို႔ဆိုၿပီး သားအဖႏွစ္ေယာက္လုံး ရန္ျဖစ္စကားမ်ားၾကရင္းနဲ႔ ယခုလိုအျဖစ္မ်ိဳးထိေရာက္ရွိသြားခဲ့ရတာပါ ။

သမီးျဖစ္သူ ခုန္ခ်ခဲ့စဥ္အခ်ိန္က ေျမျပင္ေပၚရွိလူတစ္ဦးက ေနရာဖယ္ေပးၾကဖို႔ေျပာခဲ့ေပမဲ့ ၊ မ်က္ျမင္သက္ေသတစ္ဦးရဲ႕ေျပာျပခ်က္အရ ဖခင္ျဖစ္သူကေနရာကေနဖယ္ေပးဖို႔ျငင္းပယ္ခဲ့ၿပီး ျပဳတ္က်လာခဲ့တဲ့သမီးေလးကို လွမ္းဖမ္းဖို႔ႀကိဳးစားခဲ့ပါတယ္ ။ ကံဆိုးစြာနဲ႔ပဲ သမီးျဖစ္သူရဲ႕ခႏၶာယ္ကိုယ္အေလးခ်ိန္ေၾကာင့္ ဖခင္ျဖစ္သူကိုျပင္းထန္စြာျပန္႐ိုက္မိသလိုျဖစ္ခဲ့ၿပီး သားအဖႏွစ္ေယာက္လုံးေသဆုံးသြားခဲ့ရပါတယ္ ။

ဖခင္ျဖစ္သူရဲ႕ သမီးအေပၚခ်စ္လြန္းတဲ့စိတ္ ၊ ႏွေမ်ာၿပီး သမီးျဖစ္သူကို အဆိုးဆုံးအခ်ိန္ထိအသက္ရွင္ေစခဲ့တဲ့ ဖခင္ေမတၱာဟာတကယ့္ကိုရင္နင့္ဖြယ္ေကာင္းလြန္လွပါတယ္ ။ အဆိုပါအျဖစ္အပ်က္ကို႐ိုက္ယူထားၾကတဲ့ video ကိုအစိုးရက ပိတ္ပင္ခဲ့ေပမဲ့လည္း social media ေပၚမွာအေတာ္ေလးကိုပ်ံ႕ႏွံ႔သြားခဲ့ေၾကာင္း သိရွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

တရုတ်နိုင်ငံ ၊ Sichuan ပြည်နယ်မှာနေထိုင်တဲ့ အသက် 15 နှစ်အရွယ်မိန်းကလေးဟာ တိုက်အဆောက်အအုံရဲ့ 25လွှာကနေ ခုန်ချခဲ့ပြီး ၊ ဖခင်ဖြစ်သူကလည်း သမီးလေးကိုမြေပြင်ကနေလှမ်းဖမ်းဖို့ကြိုးစားခဲ့ရင်းနဲ့ ကံဆိုးစွာနဲ့ သားအဖနှစ်ယောက်လုံးတစ်ချိန်တည်းသေဆုံးသွားခဲ့ရပါတယ် ။ ဖြစ်စဉ်ကတော့ အဆိုပါအဆောက်အအုံရဲ့မြေညီထပ်က ပီယာနိုသင်တန်းမတက်ချင်လို့ဆိုပြီး သားအဖနှစ်ယောက်လုံး ရန်ဖြစ်စကားများကြရင်းနဲ့ ယခုလိုအဖြစ်မျိုးထိရောက်ရှိသွားခဲ့ရတာပါ ။

သမီးဖြစ်သူ ခုန်ချခဲ့စဉ်အချိန်က မြေပြင်ပေါ်ရှိလူတစ်ဦးက နေရာဖယ်ပေးကြဖို့ပြောခဲ့ပေမဲ့ ၊ မျက်မြင်သက်သေတစ်ဦးရဲ့ပြောပြချက်အရ ဖခင်ဖြစ်သူကနေရာကနေဖယ်ပေးဖို့ငြင်းပယ်ခဲ့ပြီး ပြုတ်ကျလာခဲ့တဲ့သမီးလေးကို လှမ်းဖမ်းဖို့ကြိုးစားခဲ့ပါတယ် ။ ကံဆိုးစွာနဲ့ပဲ သမီးဖြစ်သူရဲ့ခန္ဓာယ်ကိုယ်အလေးချိန်ကြောင့် ဖခင်ဖြစ်သူကိုပြင်းထန်စွာပြန်ရိုက်မိသလိုဖြစ်ခဲ့ပြီး သားအဖနှစ်ယောက်လုံးသေဆုံးသွားခဲ့ရပါတယ် ။

ဖခင်ဖြစ်သူရဲ့ သမီးအပေါ်ချစ်လွန်းတဲ့စိတ် ၊ နှမျောပြီး သမီးဖြစ်သူကို အဆိုးဆုံးအချိန်ထိအသက်ရှင်စေခဲ့တဲ့ ဖခင်မေတ္တာဟာတကယ့်ကိုရင်နင့်ဖွယ်ကောင်းလွန်လှပါတယ် ။ အဆိုပါအဖြစ်အပျက်ကိုရိုက်ယူထားကြတဲ့ video ကိုအစိုးရက ပိတ်ပင်ခဲ့ပေမဲ့လည်း social media ပေါ်မှာအတော်လေးကိုပျံ့နှံ့သွားခဲ့ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz