ေတာင္တ႐ုတ္ပင္လယ္အတြင္းမွာ ၾသဂုတ္ ၂၆ ရက္က တ႐ုတ္ႏိုင္ငံဟာ ေလယာဥ္တင္သေဘၤာပစ္ဒုံးက်ည္ တစ္စင္းအပါအဝင္ မစ္ဆိုင္းဒုံးက်ည္ႏွစ္စင္း ပစ္ခတ္ခဲ့ၿပီး အေမရိကန္ကို သတိေပးလိုက္တယ္လို႔ သိရပါတယ္။

အေမရိကန္ရဲ႕ U-2 သူလွ်ိဳေလယာဥ္တစ္စင္းက တ႐ုတ္စစ္ေရးေလ့က်င့္ရာ မပ်ံသန္းရဇုန္ထဲ ခြင့္ျပဳခ်က္မဲ့ ဝင္ေရာက္ခဲ့တယ္လို႔ ေျပာဆိုခဲ့ၿပီး ေနာက္တစ္ရက္မွာ ဒီလိုပစ္ခတ္မႈလုပ္ခဲ့တာပါ။ တ႐ုတ္ေရတပ္ဟာ ႏိုင္ငံေျမာက္ပိုင္းကမ္းေျခ ဘိုဟိုင္ပင္လယ္ကမ္းလြန္မွာ က်ည္အစစ္သုံး စစ္ေရးေလ့က်င့္ခန္းျပဳလုပ္ေနၿပီး အဲဒီဧရိယာကို ေလယာဥ္မပ်ံသန္းရဇုန္ သတ္မွတ္ထားပါတယ္။

တ႐ုတ္ဟာ Qinghai ျပည္နယ္ကေန DF-26 B မစ္ဆိုင္းတစင္း၊ Zhejang ျပည္နယ္ကေန DF-21 D မစ္ဆိုင္းတစ္စင္း ပစ္လႊတ္ခဲ့ၿပီး ဟိုင္နန္ျပည္နယ္နဲ႔ ပါရာဆယ္လ္ကြၽန္းေတြအၾကား ေရျပင္ဧရိယာထဲကို ပစ္ခတ္ခဲ့ပါတယ္။
DF-26 ေတြဟာ စစ္ေအးကာလ အေမရိကန္နဲ႔ ဆိုဗီယက္တို႔ သေဘာတူစာခ်ဳပ္ခ်ဳပ္ တားျမစ္ထားတဲ့ တိုက္ခ်င္းပစ္န်ဴထိပ္ဖူးေတြ တပ္ဆင္ႏိုင္စြမ္းလည္း ရွိပါတယ္။

တ႐ုတ္က ဒီလိုမစ္ဆိုင္းမ်ိဳး ဖန္တီးေနတာအေၾကာင္းျပဳၿပီး လြန္ခဲ့တဲ့ႏွစ္က အေမရိကန္က စာခ်ဳပ္က ႏုတ္ထြက္ခဲ့ပါတယ္။ DF-26 ေတြဟာ ကီလိုမီတာ ၄၀၀၀ (၂၄၈၅ မိုင္)အထိ ပစ္ခတ္ႏိုင္ၿပီး န်ဴထိပ္ဖူးနဲ႔ သမား႐ိုးက်ထိပ္ဖူး ႏွစ္မ်ိဳးလုံးတပ္ဆင္ႏိုင္ကာ ေျမျပင္နဲ႔ ေရျပင္ပစ္မွတ္ေတြကို တိုက္ခိုက္ႏိုင္ပါတယ္။

DF-21 ကေတာ့ ကီလိုမီတာ ၁၈၀၀ ဝန္းက်င္အထိ ပစ္ခတ္ႏိုင္ၿပီး ေခတ္အမီဆုံးျဖစ္တဲ့ DF-21D ဟာ ကမာၻ႔ပထမဆုံး သေဘၤာပစ္ပဲ့ထိန္းဒုံးက်ည္လို႔ တ႐ုတ္မီဒီယာေတြက ေျပာထားတာပါ။

တ႐ုတ္စစ္တပ္ဟာ ပင္လယ္ေဒသေလးခုမွာ စစ္ေရးေလ့က်င့္မႈေတြ ဆက္တိုက္နီးပါး လုပ္ေနပါတယ္။ အေမရိကန္ က်န္းမာေရးဝန္ႀကီး အဲလက္စ္ အဇာ ထိုင္ဝမ္ကိုလာေရာက္လည္ပတ္တဲ့ ဒီလအေစာပိုင္းတုန္းက ထိုင္ဝမ္အနီးမွာ ေရတပ္ စစ္ေရးေလ့က်င့္မႈ လုပ္ခဲ့ပါေသးတယ္။

ဇူလိုင္လတုန္းက ေတာင္တ႐ုတ္ပင္လယ္၊ အေရွ႕ပင္လယ္နဲ႔ ပင္လယ္ဝါတို႔မွာ တ႐ုတ္ကစစ္ေရးေလ့က်င့္မႈေတြ လုပ္ခဲ့ၿပီး အေမရိကန္ကလည္း ေလယာဥ္တင္သေဘၤာႏွစ္စီး ပါဝင္တဲ့ နည္းဗ်ဴဟာေျမာက္ ေလေၾကာင္းကာကြယ္ေရးေလ့က်င့္ခန္းကို ေတာင္တ႐ုတ္ပင္လယ္ထဲ လုပ္ခဲ့ပါတယ္။ အေမရိကန္စစ္ေရယာဥ္ေတြ ေလယာဥ္ေတြ ေစလႊတ္ၿပီးေတာ့လည္း တ႐ုတ္လႈပ္ရွားမႈကို မျပတ္ေစာင့္ၾကည့္ေနပါတယ္။

ပါရာဆယ္ကြၽန္းအနီး တ႐ုတ္စစ္ေရးေလ့က်င့္မႈရပ္ဆိုင္းဖို႔ တ႐ုတ္ကို ဗီယက္နမ္က ေတာင္းဆိုခဲ့ၿပီး ဗီယက္နမ္ အခ်ဳပ္အျခာကို ခ်ိဳးေဖာက္ရာေရာက္ၿပီး ေတာင္တ႐ုတ္ပင္လယ္အေရး က်င့္ဝတ္ဆိုင္ရာ တ႐ုတ္အာဆီယံေဆြးေႏြးမႈကို အေလးထားဖို႔ ေျပာဆိုခဲ့ပါတယ္။

Ref; South China Morning Post

( Unicode )

တောင်တရုတ်ပင်လယ်အတွင်းမှာ သြဂုတ် ၂၆ ရက်က တရုတ်နိုင်ငံဟာ လေယာဉ်တင်သင်္ဘောပစ်ဒုံးကျည် တစ်စင်းအပါအဝင် မစ်ဆိုင်းဒုံးကျည်နှစ်စင်း ပစ်ခတ်ခဲ့ပြီး အမေရိကန်ကို သတိပေးလိုက်တယ်လို့ သိရပါတယ်။

အမေရိကန်ရဲ့ U-2 သူလျှိုလေယာဉ်တစ်စင်းက တရုတ်စစ်ရေးလေ့ကျင့်ရာ မပျံသန်းရဇုန်ထဲ ခွင့်ပြုချက်မဲ့ ဝင်ရောက်ခဲ့တယ်လို့ ပြောဆိုခဲ့ပြီး နောက်တစ်ရက်မှာ ဒီလိုပစ်ခတ်မှုလုပ်ခဲ့တာပါ။ တရုတ်ရေတပ်ဟာ နိုင်ငံမြောက်ပိုင်းကမ်းခြေ ဘိုဟိုင်ပင်လယ်ကမ်းလွန်မှာ ကျည်အစစ်သုံး စစ်ရေးလေ့ကျင့်ခန်းပြုလုပ်နေပြီး အဲဒီဧရိယာကို လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ထားပါတယ်။

တရုတ်ဟာ Qinghai ပြည်နယ်ကနေ DF-26 B မစ်ဆိုင်းတစင်း၊ Zhejang ပြည်နယ်ကနေ DF-21 D မစ်ဆိုင်းတစ်စင်း ပစ်လွှတ်ခဲ့ပြီး ဟိုင်နန်ပြည်နယ်နဲ့ ပါရာဆယ်လ်ကျွန်းတွေအကြား ရေပြင်ဧရိယာထဲကို ပစ်ခတ်ခဲ့ပါတယ်။
DF-26 တွေဟာ စစ်အေးကာလ အမေရိကန်နဲ့ ဆိုဗီယက်တို့ သဘောတူစာချုပ်ချုပ် တားမြစ်ထားတဲ့ တိုက်ချင်းပစ်နျူထိပ်ဖူးတွေ တပ်ဆင်နိုင်စွမ်းလည်း ရှိပါတယ်။

တရုတ်က ဒီလိုမစ်ဆိုင်းမျိုး ဖန်တီးနေတာအကြောင်းပြုပြီး လွန်ခဲ့တဲ့နှစ်က အမေရိကန်က စာချုပ်က နုတ်ထွက်ခဲ့ပါတယ်။ DF-26 တွေဟာ ကီလိုမီတာ ၄၀၀၀ (၂၄၈၅ မိုင်)အထိ ပစ်ခတ်နိုင်ပြီး နျူထိပ်ဖူးနဲ့ သမားရိုးကျထိပ်ဖူး နှစ်မျိုးလုံးတပ်ဆင်နိုင်ကာ မြေပြင်နဲ့ ရေပြင်ပစ်မှတ်တွေကို တိုက်ခိုက်နိုင်ပါတယ်။

DF-21 ကတော့ ကီလိုမီတာ ၁၈၀၀ ဝန်းကျင်အထိ ပစ်ခတ်နိုင်ပြီး ခေတ်အမီဆုံးဖြစ်တဲ့ DF-21D ဟာ ကမ္ဘာ့ပထမဆုံး သင်္ဘောပစ်ပဲ့ထိန်းဒုံးကျည်လို့ တရုတ်မီဒီယာတွေက ပြောထားတာပါ။

တရုတ်စစ်တပ်ဟာ ပင်လယ်ဒေသလေးခုမှာ စစ်ရေးလေ့ကျင့်မှုတွေ ဆက်တိုက်နီးပါး လုပ်နေပါတယ်။ အမေရိကန် ကျန်းမာရေးဝန်ကြီး အဲလက်စ် အဇာ ထိုင်ဝမ်ကိုလာရောက်လည်ပတ်တဲ့ ဒီလအစောပိုင်းတုန်းက ထိုင်ဝမ်အနီးမှာ ရေတပ် စစ်ရေးလေ့ကျင့်မှု လုပ်ခဲ့ပါသေးတယ်။

ဇူလိုင်လတုန်းက တောင်တရုတ်ပင်လယ်၊ အရှေ့ပင်လယ်နဲ့ ပင်လယ်ဝါတို့မှာ တရုတ်ကစစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲ့ပြီး အမေရိကန်ကလည်း လေယာဉ်တင်သင်္ဘောနှစ်စီး ပါဝင်တဲ့ နည်းဗျူဟာမြောက် လေကြောင်းကာကွယ်ရေးလေ့ကျင့်ခန်းကို တောင်တရုတ်ပင်လယ်ထဲ လုပ်ခဲ့ပါတယ်။ အမေရိကန်စစ်ရေယာဉ်တွေ လေယာဉ်တွေ စေလွှတ်ပြီးတော့လည်း တရုတ်လှုပ်ရှားမှုကို မပြတ်စောင့်ကြည့်နေပါတယ်။

ပါရာဆယ်ကျွန်းအနီး တရုတ်စစ်ရေးလေ့ကျင့်မှုရပ်ဆိုင်းဖို့ တရုတ်ကို ဗီယက်နမ်က တောင်းဆိုခဲ့ပြီး ဗီယက်နမ် အချုပ်အခြာကို ချိုးဖောက်ရာရောက်ပြီး တောင်တရုတ်ပင်လယ်အရေး ကျင့်ဝတ်ဆိုင်ရာ တရုတ်အာဆီယံဆွေးနွေးမှုကို အလေးထားဖို့ ပြောဆိုခဲ့ပါတယ်။

Ref; South China Morning Post