(၂၀၁၉) ခုႏွစ္ ဒီဇင္ဘာေလာက္ ကတည္းက စတင္ျဖစ္ပြားခဲ့တဲ့ ကိုဗစ္ကပ္ေရာဂါ ကေတာ့ အခုဆိုရင္ ဆက္တိုက္ျဖစ္ပြား လာခဲ့တာ တစ္ႏွစ္နီးပါး ရွိေနၿပီလို႔ ဆိုရမွာပါ။ ျမန္မာႏိုင္ငံမွာေတာ့ အျခားႏိုင္ငံေတြေလာက္ ေရာဂါပိုးကူးစက္ပ်ံံ့ႏွံမႈမမ်ားခဲ့ေပမယ့္လည္း လတ္တေလာမွာေတာ့ ဒုတိယလႈိင္းျပန္လည္စတင္ေနၿပီ ျဖစ္ပါတယ္။

ရက္ပိုင္းအတြင္း ျပန္လည္ျမင့္တက္ လာတဲ့ ေရာဂါပိုးေတြ႕ရွိသူေတြ႕ေၾကာင့္ အစစအရာရာ လည္ပတ္ေနၿပီလို႔ ထင္ထားၾကတဲ့ ျပည္သူေတြရဲ႕စိုးရိမ္ ေတြလည္း ျပန္လည္စတင္လာၿပီလို႔ ဆိုရမွာပါ။ ပထမတစ္ခါ အလုပ္ေတြအကုန္ရပ္သြားခ်ိန္မွာေတာင္ စားဝတ္ေနေရးထိခိုက္ၾကကုန္တဲ့သူေတြ အမ်ားႀကီးမို႔ ဒီတစ္ေခါက္သာ ထပ္ၿပီး ရပ္ခဲ့ရင္ ပိုဆိုးကုန္မွာ အမွန္ပါပဲ ပရိသတ္ႀကီးေရ…

ပရိသတ္ရဲ႕အခ်စ္ေတာ္ ဂြၽန္လြင္တစ္ေယာက္ လည္း ျပန္လည္စတင္လာတဲ့ ကိုဗစ္ကပ္ေရာဂါ ေၾကာင့္ အိပ္မေပ်ာ္ႏိုင္ျဖစ္ေနၿပီ ဆိုတဲ့အေၾကာင္းကို ရင္ဖြင့္ခဲ့ပါတယ္။ ” covid19 ရယ္ထြက္သြားပါေတာ့…. မနက္ 4.30 am ထဲက ငါျပန္အိပ္ မေပ်ာ္တာ ငါအတြက္ထက္ ငါဝန္ထမ္းေတြရယ္….. ငါတို႔ျမန္မာနိင္ငံရဲ႕ အေျခခံျပည္သူေတြအတြက္စားဝတ္ေနေရးစိတ္ပူလိုက္တာ” ဆိုၿပီး ေရးသားမွ်ေဝလာပါတယ္ ပရိသတ္ႀကီးေရ… အခုလိုအခ်ိန္ကေတာ့ အားလုံးစိတ္ပူေနရတဲ့အခ်ိန္မို႔ ေရာဂါပိုးဆက္လက္မျပန္႔ပြားေအာင္ ကိုယ့္ကိုယ့္ကိုယ္ထိန္းခ်ဳပ္ကာကြယ္ၾကဖို႔ တိုက္တြန္းလိုက္ပါတယ္ေနာ္။

Source – John Lwin
Rainbow- Cele Gabar

အခြေခံ လူတန်းစား တွေရဲ့စားဝတ် နေရေး အတွက် စိတ်ပူမိတယ် ဆိုတဲ့ ဂျွန်လွင်

(၂၀၁၉) ခုနှစ် ဒီဇင်ဘာလောက် ကတည်းက စတင်ဖြစ်ပွားခဲ့တဲ့ ကိုဗစ်ကပ်ရောဂါ ကတော့ အခုဆိုရင် ဆက်တိုက်ဖြစ်ပွား လာခဲ့တာ တစ်နှစ်နီးပါး ရှိနေပြီလို့ ဆိုရမှာပါ။ မြန်မာနိုင်ငံမှာတော့ အခြားနိုင်ငံတွေလောက် ရောဂါပိုးကူးစက်ပျံံ့နှံမှုမများခဲ့ပေမယ့်လည်း လတ်တလောမှာတော့ ဒုတိယလှိုင်းပြန်လည်စတင်နေပြီ ဖြစ်ပါတယ်။

ရက်ပိုင်းအတွင်း ပြန်လည်မြင့်တက် လာတဲ့ ရောဂါပိုးတွေ့ရှိသူတွေ့ကြောင့် အစစအရာရာ လည်ပတ်နေပြီလို့ ထင်ထားကြတဲ့ ပြည်သူတွေရဲ့စိုးရိမ် တွေလည်း ပြန်လည်စတင်လာပြီလို့ ဆိုရမှာပါ။ ပထမတစ်ခါ အလုပ်တွေအကုန်ရပ်သွားချိန်မှာတောင် စားဝတ်နေရေးထိခိုက်ကြကုန်တဲ့သူတွေ အများကြီးမို့ ဒီတစ်ခေါက်သာ ထပ်ပြီး ရပ်ခဲ့ရင် ပိုဆိုးကုန်မှာ အမှန်ပါပဲ ပရိသတ်ကြီးရေ…

ပရိသတ်ရဲ့အချစ်တော် ဂျွန်လွင်တစ်ယောက် လည်း ပြန်လည်စတင်လာတဲ့ ကိုဗစ်ကပ်ရောဂါ ကြောင့် အိပ်မပျော်နိုင်ဖြစ်နေပြီ ဆိုတဲ့အကြောင်းကို ရင်ဖွင့်ခဲ့ပါတယ်။ ” covid19 ရယ်ထွက်သွားပါတော့…. မနက် 4.30 am ထဲက ငါပြန်အိပ် မပျော်တာ ငါအတွက်ထက် ငါဝန်ထမ်းတွေရယ်….. ငါတို့မြန်မာနိင်ငံရဲ့ အခြေခံပြည်သူတွေအတွက်စားဝတ်နေရေးစိတ်ပူလိုက်တာ” ဆိုပြီး ရေးသားမျှဝေလာပါတယ် ပရိသတ်ကြီးရေ… အခုလိုအချိန်ကတော့ အားလုံးစိတ်ပူနေရတဲ့အချိန်မို့ ရောဂါပိုးဆက်လက်မပြန့်ပွားအောင် ကိုယ့်ကိုယ့်ကိုယ်ထိန်းချုပ်ကာကွယ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Source – John Lwin
Rainbow- Cele Gabar