တာတိုအေျပးခ်န္ပီယံ အူစိန္ေဘာ့ဟာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရတာေၾကာင့္ Quarantine ဝင္ေရာက္ေနတယ္လို႔ အတည္ျပဳ ထုတ္ျပန္ပါတယ္။

အူစိန္ေဘာ့ဟာ ေမြးေန႔ပါတီပြဲတစ္ခုကို တက္ေရာက္ၿပီး ရက္အနည္းငယ္အၾကာမွာ ေဆးစစ္မႈခံယူခဲ့တာ ျဖစ္ၿပီး ဒီပါတီကို မန္စီးတီး တိုက္စစ္မႉး စတာလင္းလည္း ပါဝင္တက္ေရာက္ခဲ့ တယ္လို႔ သတင္းေတြမွာ ‌ေဖာ္ျပထားပါတယ္။

အူစိန္ေဘာ့ဟာ သူ႔ရဲ႕အသက္ ၃၄ ႏွစ္ျပည့္ ေမြးေန႔ပါတီကို ဂ်ေမကာမွာ မၾကာေသးခင္က ျပဳလုပ္ခဲ့ၿပီး ဒီပါတီကို အဂၤလန္ကစားသမား စတားလင္းနဲ႔ ေလဗာကူဆင္ကစားသမား လီယြန္ဘိုင္ေလတို႔ပါ တက္ေရာက္ခဲ့တယ္လို႔ သိရပါတယ္။

ေဘာ့ဟာ ေသာၾကာေန႔ ပါတီပြဲအၿပီးမွာ ဗိုင္းရပ္စ္နဲ႔ပတ္သက္လို႔ စစ္ေဆးမႈခံယူခဲ့တာျဖစ္ၿပီး တနဂၤေႏြေန႔မွာ ကိုဗစ္-၁၉ ေရာဂါ ကူးစက္ခံထားရၿပီလို႔ သိရွိခဲ့တာျဖစ္ပါတယ္။

ေဘာ့ဟာ ဒီသတင္းကို သူ႔ရဲ႕အင္စတာဂရမ္ကေန ဗြီဒီယိုတစ္ခု တင္ကာ အတည္ျပဳ ေျပာဆိုခဲ့တာျဖစ္ၿပီး အားလုံး ေဘးကင္းေအာင္ ေနထိုင္ၾကဖို႔လည္း တိုက္တြန္းထားပါတယ္။

“အားလုံးပဲ မဂၤလာမနက္ခင္းပါ။ လူမႈကြန္ရက္မွာေတာ့ က်ေနာ္ ဗိုင္းရပ္စ္ ကူးစက္ခံထားရတယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။ က်ေနာ္ စေနေန႔မွာ ေဆးစစ္မႈခံယူခဲ့ၿပီး အခုခ်ိန္မွာေတာ့ ေရာဂါလကၡဏာျပသမႈ မရွိေပမယ့္ အိမ္ထဲမွာပဲ ေနထိုင္ေနပါတယ္။ က်ေနာ္ quarantine ဝင္ေရာက္မွာျဖစ္ၿပီး က်ေနာ္နဲ႔ ထိေတြ႕ဆက္ဆံခဲ့သူေတြလည္း ကိုယ့္ကိုယ္ကိုယ္ ကာကြယ္ကာ လုံၿခဳံေအာင္ေနထိုင္ဖို႔ သတိေပးလိုပါတယ္” လို႔ သူက ေျပာပါတယ္။

အိုလံပစ္ဆုတံဆိပ္ရွင္ ေဘာ့ဟာ သူ႔ရဲ႕ေမြးေန႔ပါတီကို ၾသဂုတ္ ၂၁ ရက္က က်င္းပခဲ့တာျဖစ္ၿပီး အြန္လိုင္းေပၚ ထြက္ေပၚလာတဲ့ ဗြီဒီယိုဖိုင္ေတြမွာ ပါတီကို တက္ေရာက္ခဲ့သူ မ်ားစြာဟာ ႏွာေခါင္းစည္း တပ္ဆင္ျခင္း၊ ခပ္ခြာခြာ ေနထိုင္ျခင္းဆိုင္ရာ စည္းမ်ဥ္းေတြကို မလိုက္နာခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ပါတီကို တက္ေရာက္ခဲ့သူေတြထဲမွာ West Indies အသင္းရဲ႕ ခရစ္ကတ္ကစားသမား ခရစၥတိုဖာဂလီးလည္း ပါဝင္ခဲ့တယ္လို႔ သတင္းေတြမွာ ေဖာ္ျပပါတယ္။

Unicode

တာတိုအပြေးချန်ပီယံ အူစိန်ဘော့ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတာကြောင့် Quarantine ဝင်ရောက်နေတယ်လို့ အတည်ပြု ထုတ်ပြန်ပါတယ်။

အူစိန်ဘော့ဟာ မွေးနေ့ပါတီပွဲတစ်ခုကို တက်ရောက်ပြီး ရက်အနည်းငယ်အကြာမှာ ဆေးစစ်မှုခံယူခဲ့တာ ဖြစ်ပြီး ဒီပါတီကို မန်စီးတီး တိုက်စစ်မှူး စတာလင်းလည်း ပါဝင်တက်ရောက်ခဲ့ တယ်လို့ သတင်းတွေမှာ ‌ဖော်ပြထားပါတယ်။

အူစိန်ဘော့ဟာ သူ့ရဲ့အသက် ၃၄ နှစ်ပြည့် မွေးနေ့ပါတီကို ဂျမေကာမှာ မကြာသေးခင်က ပြုလုပ်ခဲ့ပြီး ဒီပါတီကို အင်္ဂလန်ကစားသမား စတားလင်းနဲ့ လေဗာကူဆင်ကစားသမား လီယွန်ဘိုင်လေတို့ပါ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဘော့ဟာ သောကြာနေ့ ပါတီပွဲအပြီးမှာ ဗိုင်းရပ်စ်နဲ့ပတ်သက်လို့ စစ်ဆေးမှုခံယူခဲ့တာဖြစ်ပြီး တနင်္ဂနွေနေ့မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရပြီလို့ သိရှိခဲ့တာဖြစ်ပါတယ်။

ဘော့ဟာ ဒီသတင်းကို သူ့ရဲ့အင်စတာဂရမ်ကနေ ဗွီဒီယိုတစ်ခု တင်ကာ အတည်ပြု ပြောဆိုခဲ့တာဖြစ်ပြီး အားလုံး ဘေးကင်းအောင် နေထိုင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

“အားလုံးပဲ မင်္ဂလာမနက်ခင်းပါ။ လူမှုကွန်ရက်မှာတော့ ကျနော် ဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ကျနော် စနေနေ့မှာ ဆေးစစ်မှုခံယူခဲ့ပြီး အခုချိန်မှာတော့ ရောဂါလက္ခဏာပြသမှု မရှိပေမယ့် အိမ်ထဲမှာပဲ နေထိုင်နေပါတယ်။ ကျနော် quarantine ဝင်ရောက်မှာဖြစ်ပြီး ကျနော်နဲ့ ထိတွေ့ဆက်ဆံခဲ့သူတွေလည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ကာ လုံခြုံအောင်နေထိုင်ဖို့ သတိပေးလိုပါတယ်” လို့ သူက ပြောပါတယ်။

အိုလံပစ်ဆုတံဆိပ်ရှင် ဘော့ဟာ သူ့ရဲ့မွေးနေ့ပါတီကို သြဂုတ် ၂၁ ရက်က ကျင်းပခဲ့တာဖြစ်ပြီး အွန်လိုင်းပေါ် ထွက်ပေါ်လာတဲ့ ဗွီဒီယိုဖိုင်တွေမှာ ပါတီကို တက်ရောက်ခဲ့သူ များစွာဟာ နှာခေါင်းစည်း တပ်ဆင်ခြင်း၊ ခပ်ခွာခွာ နေထိုင်ခြင်းဆိုင်ရာ စည်းမျဉ်းတွေကို မလိုက်နာခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

ပါတီကို တက်ရောက်ခဲ့သူတွေထဲမှာ West Indies အသင်းရဲ့ ခရစ်ကတ်ကစားသမား ခရစ္စတိုဖာဂလီးလည်း ပါဝင်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။