အိႏၵိယႏိုင္ငံရဲ႕ လြတ္လပ္ေရးဖခင္ မဟတၱမဂႏၶီ အသုံးျပဳခဲ့တဲ့ မ်က္မွန္ကို ၿဗိတိန္ႏိုင္ငံက ေလလံေဈးကေန စေနေန႔မွာ ေရာင္းခ်သြားခဲ့ပါတယ္။

မဟတၱမဂႏၶီ ရဲ႕ ေ႐ႊေရာင္မ်က္မွန္ကိုင္းနဲ႔ မွန္အဝိုင္းပုံ မ်က္မွန္ကို စာတိုက္ကေနတစ္ဆင့္ ဘရစ္တယ္ အေရွ႕ပိုင္း ေလလံေဈးကို ေရာက္ရွိခဲ့ေၾကာင္းနဲ႔ မ်က္မွန္ လက္ခံရရွိတဲ့ ေန႔မွာ ေလ့လံေဈးကို လူတစ္ေယာက္က ဖုန္းဆက္လာေၾကာင္း၊ ဖုန္းထဲကေန စာတိုက္က ပို႔လိုက္တဲ့ မ်က္မွန္ဟာ ဂႏၶီတပ္ခဲ့တဲ့ မ်က္မွန္ျဖစ္ေၾကာင္း ေျပာတယ္လို႔ ဖုန္းလက္ခံ ေျဖၾကားခဲ့တဲ့ အန္ဒ႐ူးစတိုး က ေျပာပါတယ္။

ေလလံေဈးက ဂႏၶီရဲ႕မ်က္မွန္ အစစ္ျဖစ္ေၾကာင္းနဲ႔ သမိုင္းေၾကာင္းမွာ အဲဒီမ်က္မွန္က အေရးပါေၾကာင္း နာရီပိုင္းအတြင္း ေလ့လာေတြ႕ရွိ ခဲ့ပါတယ္။ ေလလံေဈးမွ ဖုန္းေခၚလာသူထံ ျပန္လည္ ဆက္သြယ္ရာ မ်က္မွန္ပိုင္ရွင္က မ်က္မွန္က မေကာင္းဘူးဆိုရင္ လႊင့္ပစ္ပါလို႔ ေျပာပါတယ္။

ေလလံတင္တဲ့ အခ်ိန္မွာေတာ့ အိႏၵိယ လြတ္လပ္ေရး ဖခင္ႀကီး ဂႏၶီ တပ္ခဲ့တဲ့ မ်က္မွန္ကို အေမရိကန္ ေဒၚလာ သုံးသိန္း ေလးေသာင္းနဲ႔ ေရာင္းခ်ခဲ့ေၾကာင္း သိရပါတယ္။

source : MDN

အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးဖခင် မဟတ္တ မဂန္ဓီ အသုံးပြုခဲ့တဲ့ မျက်မှန်ကို ဗြိတိန်နိုင်ငံက လေလံဈေးကနေ စနေနေ့မှာ ရောင်းချသွားခဲ့ပါတယ်။

မဟတ္တမဂန္ဓီ ရဲ့ ရွှေရောင်မျက်မှန်ကိုင်းနဲ့ မှန်အဝိုင်းပုံ မျက်မှန်ကို စာတိုက်ကနေတစ်ဆင့် ဘရစ်တယ် အရှေ့ပိုင်း လေလံဈေးကို ရောက်ရှိခဲ့ကြောင်းနဲ့ မျက်မှန် လက်ခံရရှိတဲ့ နေ့မှာ လေ့လံဈေးကို လူတစ်ယောက်က ဖုန်းဆက်လာ ကြောင်း၊ ဖုန်းထဲကနေ စာတိုက်က ပို့လိုက်တဲ့ မျက်မှန်ဟာ ဂန္ဓီတပ်ခဲ့တဲ့ မျက်မှန်ဖြစ်ကြောင်း ပြောတယ်လို့ ဖုန်းလက်ခံ ဖြေကြားခဲ့တဲ့ အန်ဒရူးစတိုး က ပြောပါတယ်။

လေလံဈေးက ဂန္ဓီရဲ့မျက်မှန် အစစ်ဖြစ်ကြောင်းနဲ့ သမိုင်းကြောင်းမှာ အဲဒီမျက်မှန်က အရေးပါကြောင်း နာရီပိုင်းအတွင်း လေ့လာတွေ့ရှိ ခဲ့ပါတယ်။ လေလံဈေးမှ ဖုန်းခေါ်လာသူထံ ပြန်လည် ဆက်သွယ်ရာ မျက်မှန်ပိုင်ရှင်က မျက်မှန်က မကောင်းဘူးဆိုရင် လွှင့်ပစ်ပါလို့ ပြောပါတယ်။

လေလံဈေးက အဲဒီမျက်မှန်ဟာ စတာလင်ပေါင် ၁၅,၀၀၀ (အမေရိကန် ဒေါ်လာ ၁၉,၅၀၀) လောက် တန်ဖိုးရှိကြောင်း အကြောင်းပြန်ကြားခဲ့ရာ မျက်မှန်ပိုင်ရှင်က ထိုင်ခုံပေါ်က လဲကျမကျ ဖြစ်သွားတယ်လို့ လေလံဈေးမှ ပွဲစား အန်ဒရူးက သတင်းဌာနတွေကို ပြောပါတယ်။

လေလံတင်တဲ့ အချိန်မှာတော့ အိန္ဒိယ လွတ်လပ်ရေး ဖခင်ကြီး ဂန္ဓီ တပ်ခဲ့တဲ့ မျက်မှန်ကို အမေရိကန် ဒေါ်လာ သုံးသိန်း လေးသောင်းနဲ့ ရောင်းချခဲ့ကြောင်း သိရပါတယ်။

MDN