


ဘီဘီစီမြန်မာပိုင်း


( Unicode )

ရခိုင်ပြည်နယ်အတွက် ပိုးသတ်ဆေးဖြန်းစက် လှူတဲ့ နေတိုး

ရခိုင်တိုင်းရင်းသား၊ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီနေတိုးဟာ ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူစက်မှုတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်တွင်း ကြိုတင်ကာကွယ်ရေးဆောင်ရွက်ရာမှာ အထောက်အပံ့ဖြစ်စေဖို့ ပိုးသတ်ဆေးဖြန်းစက်တစ်လုံးကို လှူဒါန်းခဲ့ပါတယ်။

ဒီကနေ့သြဂုတ်လ ၂၄ ရက်မနက် ဆယ်နာရီခွဲမှာ ရန်ကုန်မြို့၊ တာမွေမြို့နယ်မှာရှိတဲ့ အလိုတော်ပြည့်ကျောင်းတိုက် ဆရာတော် အသျှင်ကုမာရထံကို နေတိုးကိုယ်တိုင် လာရောက်လှူဒါန်းခဲ့တာဖြစ်တယ်လို့ အလိုတော်ပြည့်ဆရာတော်က ဘီဘီစီကို မိန့်ကြားပါတယ်။

ရခိုင်ပြည်နယ်ထဲက စစ်တွေ၊ မြောက်ဦးနဲ့ သံတွဲတို့မှာ ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်သူပေါင်းဟာ ဒီကနေ့မနက် ထိ ၇၂ ဦးရှိနေပြီဖြစ်ပါတယ်။

ဘီဘီစီမြန်မာပိုင်း

ဓာတ်ပုံ-အလိုတော်ပြည့်ဆရာတော်