2020 ခုႏွစ္ကေတာ့ တစ္ကယ္႔ကိုထူးေထြဆန္းျပားလြန္းတဲ့အျဖစ္အပ်က္ေတြ ေတြ႔ၾကံဳရာႏွစ္လို႔ေျပာရမွာပါပဲ ။ ဒီတစ္ေခါက္မွာလည္း ေတာထဲကဝက္ဝံတစ္ေကာင္ဟာ အပန္းေျဖခရီးထြက္လာခဲ့တဲ့ မိသားစုရဲ႕စားပြဲဝိုင္းမွာ အတူလာထိုင္ၿပီးစားေသာက္ခဲ့လို႔ အဆိုပါအျဖစ္အပ်က္ဟာ social media ေပၚမွာ ေရပန္းစားေနလ်က္႐ွိပါတယ္ ။ အသက္ 29 ႏွစ္အရြယ္ Kaitlyn Nesbit အမည္႐ွိတဲ့ အမ်ိဳးသမီးက အဆိုပါ video ကို TikTok မွာေဝမ်ွခဲ့လို႔ လူအေတာ္အမ်ားက ကိုယ့္မ်က္စိကို ကိုယ္မယံုၾကည္ႏိုင္ေလာက္ေအာင္ျဖစ္ခဲ့ၾကရပါတယ္ ။ အဆိုပါမိသားေပ်ာ္ပြဲစားထြက္လာတဲ့မိသားစုနဲ႔အတူ ေအးေဆးစြာ လာဝိုင္းဖြဲ႔ထိုင္ေနခဲ့တဲ့ ဝက္ဝံ (႐ုပ္သံ)
စုဟာ Maryland ျပည္နယ္မွာ႐ွိတဲ့ Deep Creek ေရကန္အနီး ဝိုင္းဖြဲ႔စားေသာက္ေနခဲ့ၾကတာပါ ။

အဆိုပါ အပန္းေျဖစခန္းမွတာဝန္႐ွိသူေတြရဲ႕ေျပာျပခ်က္အရ ဝက္ဝံေတြကိုအနီးအနားဝန္းက်င္မွာ အျမဲေတြ႔ရေလ့႐ွိေပမဲ့ ၊ လူေတြကိုရန္မူတာမ်ိဳးေတာ့ မၾကံဳဖူးေသးေၾကာင္းေျပာျပခဲ့ပါတယ္ ။ ထို႔ေၾကာင့္ လာေရာက္လည္ပတ္သူမ်ားကို ဝက္ဝံေတြထိတ္တိုက္ေတြ႔ခဲ့လ်ွင္ ႐ုတ္တရက္အလ်င္အျမန္မလႈပ္႐ွားၾကဖို႔ ႏွင့္ ကိုယ္ေနေနတဲ့ေနရာမွာသာ ေနဖို႔ မွာၾကားခဲ့ရပါတယ္ ။ Kaitlyn တို႔အဖြဲ႔ကေတာ့ ကံေကာင္းေထာက္မစြာနဲ႔ ေၾကာက္လန္႔ေနတဲ့ၾကားက ဝက္ဝံနဲ႔အတူဓာတ္ပံု႐ိုက္ခြင့္ရခဲ့ပါတယ္ ။

ဝက္ဝံရဲ႕အျပဳအမႈဟာ တည္ၿငိမ္လြန္းလွတဲ့အတြက္ အဖြဲ႔ဝင္တစ္ေယာက္က ေျမပဲယိုညႇပ္ေပါင္မုန္႔ လုပ္ေကြၽးခဲ့ပါေသးတယ္ ။ အခ်ိဳ႕ေသာသူမ်ားကေတာ့ ေတာ႐ိုင္းတိရစာၦန္ေတြကို အစားေကြၽးျခင္းမ်ိဳးမျပဳလုပ္သင့္ေၾကာင္း ၊ အဆိုပါလုပ္ရပ္ဟာ လူေတြအတြက္သာမက ဝက္ဝံေတြအတြက္ပါ ေနာက္ပိုင္းအႏၱရာယ္ျဖစ္ေစႏိုင္ေၾကာင္း ေထာက္ျပခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: elitereaders

( Unicode )

2020 ခုနှစ်ကတော့ တစ်ကယ့်ကိုထူးထွေဆန်းပြားလွန်းတဲ့အဖြစ်အပျက်တွေ တွေ့ကြုံရာနှစ်လို့ပြောရမှာပါပဲ ။ ဒီတစ်ခေါက်မှာလည်း တောထဲကဝက်ဝံတစ်ကောင်ဟာ အပန်းဖြေခရီးထွက်လာခဲ့တဲ့ မိသားစုရဲ့စားပွဲဝိုင်းမှာ အတူလာထိုင်ပြီးစားသောက်ခဲ့လို့ အဆိုပါအဖြစ်အပျက်ဟာ social media ပေါ်မှာ ရေပန်းစားနေလျက်ရှိပါတယ် ။ အသက် 29 နှစ်အရွယ် Kaitlyn Nesbit အမည်ရှိတဲ့ အမျိုးသမီးက အဆိုပါ video ကို TikTok မှာဝေမျှခဲ့လို့ လူအတော်အများက ကိုယ့်မျက်စိကို ကိုယ်မယုံကြည်နိုင်လောက်အောင်ဖြစ်ခဲ့ကြရပါတယ် ။ အဆိုပါမိသားစုဟာ Maryland ပြည်နယ်မှာရှိတဲ့ Deep Creek ရေကန်အနီး ဝိုင်းဖွဲ့စားသောက်နေခဲ့ကြတာပါ ။

အဆိုပါ အပန်းဖြေစခန်းမှတာဝန်ရှိသူတွေရဲ့ပြောပြချက်အရ ဝက်ဝံတွေကိုအနီးအနားဝန်းကျင်မှာ အမြဲတွေ့ရလေ့ရှိပေမဲ့ ၊ လူတွေကိုရန်မူတာမျိုးတော့ မကြုံဖူးသေးကြောင်းပြောပြခဲ့ပါတယ် ။ ထို့ကြောင့် လာရောက်လည်ပတ်သူများကို ဝက်ဝံတွေထိတ်တိုက်တွေ့ခဲ့လျှင် ရုတ်တရက်အလျင်အမြန်မလှုပ်ရှားကြဖို့ နှင့် ကိုယ်နေနေတဲ့နေရာမှာသာ နေဖို့ မှာကြားခဲ့ရပါတယ် ။ Kaitlyn တို့အဖွဲ့ကတော့ ကံကောင်းထောက်မစွာနဲ့ ကြောက်လန့်နေတဲ့ကြားက ဝက်ဝံနဲ့အတူဓာတ်ပုံရိုက်ခွင့်ရခဲ့ပါတယ် ။

ဝက်ဝံရဲ့အပြုအမှုဟာ တည်ငြိမ်လွန်းလှတဲ့အတွက် အဖွဲ့ဝင်တစ်ယောက်က မြေပဲယိုညှပ်ပေါင်မုန့် လုပ်ကျွေးခဲ့ပါသေးတယ် ။ အချို့သောသူများကတော့ တောရိုင်းတိရစ္ဆာန်တွေကို အစားကျွေးခြင်းမျိုးမပြုလုပ်သင့်ကြောင်း ၊ အဆိုပါလုပ်ရပ်ဟာ လူတွေအတွက်သာမက ဝက်ဝံတွေအတွက်ပါ နောက်ပိုင်းအန္တရာယ်ဖြစ်စေနိုင်ကြောင်း ထောက်ပြခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)