အေမရိကန္တြင္ ကို႐ိုနာဗိုင္းရပ္ကူးစက္ခံရၿပီး ျပန္လည္သက္သာ ေပ်ာက္ကင္းလာေသာ MMA ကစားသမားေအာင္လအန္ဆန္သည္ ကိုဗစ္ေရာဂါစမ္းသပ္ကုသမႈမ်ားျပဳလုပ္ႏိုင္ရန္အတြက္ ေသြးရည္ၾကည္နမူနာကို လႉဒါန္းခဲ့ေၾကာင္း သိရသည္။

ကမာၻေပၚတြင္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ အမ်ားဆုံးျဖစ္ပြားေနေသာ အေမရိကန္တြင္ ေနထိုင္လ်က္ရွိေနေသာ ေအာင္လအန္ဆန္သည္ ဇူလိုင္လ ၃ရက္က ကို႐ိုနာဗိုင္းရပ္စ္ရွိေနေၾကာင္းေဆးစစ္ခ်က္ အေျဖထြက္ရွိခဲ့ျခင္းျဖစ္သည္။ ထို႔ေနာက္ ေအာင္လအန္ဆန္သည္ ေနအိမ္တြင္ပင္ အသြားအလာကန႔္သတ္ေနထိုင္၍ ေဆးဝါးကုသမႈမ်ားျပဳလုပ္ခဲ့ၿပီး ၁၄ရက္အၾကာ ဇူလိုင္လ ၁၇ရက္တြင္ ကိုဗစ္ေရာဂါပိုး ကင္းစင္ေပ်ာက္ကင္းသြားခဲ့ျခင္းျဖစ္သည္။

ကြၽန္ေတာ့္ အခ်င္းခ်င္းေျပာဆိုတဲ့စကားေတြကို၊ ကြၽန္ေတာ္တို႔ရဲ႕ ဖုန္းေတြကတဆင့္၊ နားေထာင္ေနတယ္ဆိုတာ ေသခ်ာပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သတင္းေတြမွာ၊ သုေတသီေတြက ကိုဗစ္-၁၉ ကူးစက္ခံရၿပီးေနာက္ ျပန္လည္သက္သာေပ်ာက္ကင္း သြားတဲ့လူေတြရဲ႕ ေသြးနမူနာေတြကို လိုအပ္ေနတယ္ဆိုတဲ့ အေၾကာင္းေျပာေနတာကို ေတြ႕မိပါတယ္။ ၿပီးေတာ့၊ဆိုရွယ္မီဒီယာမွာ၊ ကြၽန္ေတာ္တို႔ေဒသက ေသြးလႉဘဏ္ရဲ႕ ေၾကညာတခုေပၚလာတာကိုလည္း ေတြ႕မိတဲ့အတြက္ အခုကြၽန္ေတာ္ဒီမွာထိုင္ၿပီး ကြၽန္ေတာ့္ေသြးရည္ၾကည္နမႈနာကို လႉဒါန္းေနပါတယ္။

အားလုံးကိုေျပာျပခ်င္တဲ့ သတင္းကေတာ့၊ ကြၽန္ေတာ့္(ျမန္မာ့စပါးအုံး)လို၊ ကိုဗစ္-၁၉ေရာဂါကူးစက္ ခံရၿပီး ျပန္လည္ေပ်ာက္ကင္းသက္သာသြားတဲ့လူေတြရဲ႕ ေသြးနမႉနာေတြကို စမ္းသပ္အေျဖရွာၿပီး၊ ကို႐ိုနာဗိုင္းရပ္စ္ကပ္ ေရာဂါေပ်ာက္ကင္းေအာင္ ကုသဖို႔အတြက္ေဆးဝါးေတြကို သိပ္မၾကာခင္မွာ ပညာရွင္ေတြရွာေဖြေတြ႕ရွိေတာ့မွာပါ´´ ဟု ေအာင္လအန္ဆန္က လူမႈစာမ်က္ႏွာတြင္ အသိေပးေဖာ္ျပထားသည္။

ကိုယ္ခံပညာသိုင္းေပါင္းစုံတိုက္ခိုက္ေရးၿပိဳင္ပြဲ( ONE MMA ) တြင္ မစ္ဒယ္ဝိတ္တန္း ႏွင့္ လိုက္ဟဲဗီးဝိတ္တန္းတို႔၏ ကမာၻ႔ခ်န္ပီယံခါးပတ္ ႏွစ္ခုရရွိထားေသာ ကခ်င္တိုင္းရင္းသား ေအာင္လအန္ဆန္သည္ ယခုႏွစ္အတြင္း၌ မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံ ကာကြယ္ပြဲကို ေလးႀကိမ္ေျမာက္ ယွဥ္ၿပိဳင္ထိုးသတ္သြားရန္ရွိေနသည္။ ထိုပြဲစဥ္အတြက္ ေအာင္လအန္ဆန္သည္ ကိုဗစ္ေရာဂါပိုးကင္းစင္ ေပ်ာက္ကင္းခဲ့ၿပီးေနာက္ အသင္းေဖာ္မ်ားႏွင့္ ပူးတြဲေလ့က်င့္မႈမ်ားကို ျပန္လည္ျပဳလုပ္လ်က္ ရွိေနသည္။

crd

( Unicode )

အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်ကူးစက်ခံရပြီး ပြန်လည်သက်သာ ပျောက်ကင်းလာသော MMA ကစားသမားအောင်လအန်ဆန်သည် ကိုဗစ်ရောဂါစမ်းသပ်ကုသမှုများပြုလုပ်နိုင်ရန်အတွက် သွေးရည်ကြည်နမူနာကို လှူဒါန်းခဲ့ကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အများဆုံးဖြစ်ပွားနေသော အမေရိကန်တွင် နေထိုင်လျက်ရှိနေသော အောင်လအန်ဆန်သည် ဇူလိုင်လ ၃ရက်က ကိုရိုနာဗိုင်းရပ်စ်ရှိနေကြောင်းဆေးစစ်ချက် အဖြေထွက်ရှိခဲ့ခြင်းဖြစ်သည်။ ထို့နောက် အောင်လအန်ဆန်သည် နေအိမ်တွင်ပင် အသွားအလာကန့်သတ်နေထိုင်၍ ဆေးဝါးကုသမှုများပြုလုပ်ခဲ့ပြီး ၁၄ရက်အကြာ ဇူလိုင်လ ၁၇ရက်တွင် ကိုဗစ်ရောဂါပိုး ကင်းစင်ပျောက်ကင်းသွားခဲ့ခြင်းဖြစ်သည်။

ကျွန်တော့် အချင်းချင်းပြောဆိုတဲ့စကားတွေကို၊ ကျွန်တော်တို့ရဲ့ ဖုန်းတွေကတဆင့်၊ နားထောင်နေတယ်ဆိုတာ သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ သတင်းတွေမှာ၊ သုတေသီတွေက ကိုဗစ်-၁၉ ကူးစက်ခံရပြီးနောက် ပြန်လည်သက်သာပျောက်ကင်း သွားတဲ့လူတွေရဲ့ သွေးနမူနာတွေကို လိုအပ်နေတယ်ဆိုတဲ့ အကြောင်းပြောနေတာကို တွေ့မိပါတယ်။ ပြီးတော့၊ဆိုရှယ်မီဒီယာမှာ၊ ကျွန်တော်တို့ဒေသက သွေးလှူဘဏ်ရဲ့ ကြေညာတခုပေါ်လာတာကိုလည်း တွေ့မိတဲ့အတွက် အခုကျွန်တော်ဒီမှာထိုင်ပြီး ကျွန်တော့်သွေးရည်ကြည်နမှုနာကို လှူဒါန်းနေပါတယ်။ အားလုံးကိုပြောပြချင်တဲ့ သတင်းကတော့၊ ကျွန်တော့်(မြန်မာ့စပါးအုံး)လို၊ ကိုဗစ်-၁၉ရောဂါကူးစက် ခံရပြီး ပြန်လည်ပျောက်ကင်းသက်သာသွားတဲ့လူတွေရဲ့ သွေးနမှူနာတွေကို စမ်းသပ်အဖြေရှာပြီး၊ ကိုရိုနာဗိုင်းရပ်စ်ကပ် ရောဂါပျောက်ကင်းအောင် ကုသဖို့အတွက်ဆေးဝါးတွေကို သိပ်မကြာခင်မှာ ပညာရှင်တွေရှာဖွေတွေ့ရှိတော့မှာပါ´´ ဟု အောင်လအန်ဆန်က လူမှုစာမျက်နှာတွင် အသိပေးဖော်ပြထားသည်။

ကိုယ်ခံပညာသိုင်းပေါင်းစုံတိုက်ခိုက်ရေးပြိုင်ပွဲ( ONE MMA ) တွင် မစ်ဒယ်ဝိတ်တန်း နှင့် လိုက်ဟဲဗီးဝိတ်တန်းတို့၏ ကမ္ဘာ့ချန်ပီယံခါးပတ် နှစ်ခုရရှိထားသော ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် ယခုနှစ်အတွင်း၌ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲကို လေးကြိမ်မြောက် ယှဉ်ပြိုင်ထိုးသတ်သွားရန်ရှိနေသည်။ ထိုပွဲစဉ်အတွက် အောင်လအန်ဆန်သည် ကိုဗစ်ရောဂါပိုးကင်းစင် ပျောက်ကင်းခဲ့ပြီးနောက် အသင်းဖော်များနှင့် ပူးတွဲလေ့ကျင့်မှုများကို ပြန်လည်ပြုလုပ်လျက် ရှိနေသည်။

crd