ဂႏၳဝင္လက္ေဝွ႕ေက်ာ္ သံမဏီမုိက္ခ္ေခၚ မုိက္တုိင္ဆန္ကေတာ့ စက္တင္ဘာ(၁၂)ရက္ေန႔မွာ လက္ေဝွ႕ေက်ာ္ ႐ြိဳင္းဂ်ဳံးစ္နဲ႔ (၈)ခ်ီအထူးစိန္ေခၚပြဲထုိးသတ္ဖုိ႔ သေဘာတူလုိက္ၿပီ ျဖစ္ပါတယ္။ ဒါဟာ သံမဏိမုိက္ခ္အဖုိ႔ အနားယူၿပီး (၁၅)ႏွစ္အၾကာမွာ ႀကိဳးဝုိင္းထဲကို တစ္ေၾကာ့ျပန္ ဝင္ေရာက္ျခင္း ျဖစ္ပါတယ္။

သံမဏိမုိက္ခ္ဟာ အသက္(၅၄)ႏွစ္ ရွိၿပီျဖစ္ၿပီး၊ ေခတ္တစ္ေခတ္မွာ ဘုရင္ျဖစ္ခဲ့တဲ့ ရြိဳင္းဂ်ံဳးစ္ကေတာ့ အသက္(၅၁)ႏွစ္ပါ။ ႏွစ္ေယာက္ေပါင္းအသက္ကေတာ့ (၁၀၅)ႏွစ္ ျဖစ္တာေၾကာင့္ အသက္(၅၀)ေက်ာ္ လက္ေဝွ႕ဆရာႀကီးေတြအတြက္ သမုိင္းဝင္ပြဲတစ္ပြဲ ျဖစ္လာမွာပါ။

ဒီအထူးစိန္ေခၚပြဲႀကီးကုိေတာ့ ကယ္လီဖုိးနီယားျပည္နယ္၊ LA ၿမိဳ႕မွာ က်င္းပမွာျဖစ္ၿပီး၊ ဆုိရွယ္မီဒီယာပလက္ေဖာင္းေတြေပၚကေန pay-per-view စနစ္နဲ႔ ၾကည့္ရဖုိ႔ရွိပါတယ္။ ဂ်ဳံးစ္ကေတာ့ (၂၀၁၈)ခုႏွစ္မွာ အနားယူခဲ့တာျဖစ္ၿပီး၊ ၿပီးခဲ့တဲ့အပတ္ကပဲ သံမဏိမုိက္နဲ႔ ျပန္ယွဥ္ရမွာမုိ႔ စိတ္အားထက္သန္ေနတယ္လုိ႔ ေျပာပါတယ္။

သူက ” ဟုတ္ပါတယ္ .. ဒီသတင္းက အမွန္ပါ … မုိက္က တကယ့္ ဂႏၳဝင္ပါဘဲ … တကယ္ေတာ့ သူ႕လုိလူနဲ႔ ႀကိဳးဝုိင္းထဲ ဝင္ထုိးရမွာကို ျငင္းဆန္ဖုိ႔ မလြယ္ပါဘူး … … အစက ဘယ္ေတာ့မွ ႀကိဳးဝုိင္းထဲ မဝင္ေတာ့ဘူးလုိ႔ ဆုံးျဖတ္ခဲ့ေပမယ့္ တစ္ဖက္က မုိက္တုိင္ဆန္ျဖစ္ေနလုိ႔ ကၽြန္ေတာ္ ျခြင္းခ်က္အေနနဲ႔ လက္ခံလုိက္တာပါ “လုိ႔ ေျပာခဲ့ပါတယ္။

ဂ်ဳံးစ္က ဆက္လက္ၿပီး ” ဒီလုိအခြင့္အေရးမ်ိဳးကို ကၽြန္ေတာ္ လက္မလႊတ္ႏုိင္ပါဘူး … ဘယ္ လက္ေဝွ႕သမားပဲျဖစ္ျဖစ္ သူလုိလူနဲ႔ ႀကိဳးဝုိင္းထဲမွာ တစ္ခါေလာက္ ဆုံခ်င္ၾကမွာပါ … သူက ကၽြန္ေတာ့္ကို ေရြးခ်ယ္လုိက္တဲ့အတြက္ အရမ္းစိတ္လႈပ္ရွားရပါတယ္ “လုိ႔ ေျပာခဲ့ပါတယ္။

ဘာသာျပန္-လင္းသုတ

Ref ; The Sun

( Unicode )

ဂန္ထဝင်လက်ဝှေ့ကျော် သံမဏီမိုက်ခ်ခေါ် မိုက်တိုင်ဆန်ကတော့ စက်တင်ဘာ(၁၂)ရက်နေ့မှာ လက်ဝှေ့ကျော် ရွိုင်းဂျုံးစ်နဲ့ (၈)ချီအထူးစိန်ခေါ်ပွဲထိုးသတ်ဖို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။ ဒါဟာ သံမဏိမိုက်ခ်အဖို့ အနားယူပြီး (၁၅)နှစ်အကြာမှာ ကြိုးဝိုင်းထဲကို တစ်ကြော့ပြန် ဝင်ရောက်ခြင်း ဖြစ်ပါတယ်။

သံမဏိမိုက်ခ်ဟာ အသက်(၅၄)နှစ် ရှိပြီဖြစ်ပြီး၊ ခေတ်တစ်ခေတ်မှာ ဘုရင်ဖြစ်ခဲ့တဲ့ ရွိုင်းဂျုံးစ်ကတော့ အသက်(၅၁)နှစ်ပါ။ နှစ်ယောက်ပေါင်းအသက်ကတော့ (၁၀၅)နှစ် ဖြစ်တာကြောင့် အသက်(၅၀)ကျော် လက်ဝှေ့ဆရာကြီးတွေအတွက် သမိုင်းဝင်ပွဲတစ်ပွဲ ဖြစ်လာမှာပါ။

ဒီအထူးစိန်ခေါ်ပွဲကြီးကိုတော့ ကယ်လီဖိုးနီယားပြည်နယ်၊ LA မြို့မှာ ကျင်းပမှာဖြစ်ပြီး၊ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေပေါ်ကနေ pay-per-view စနစ်နဲ့ ကြည့်ရဖို့ရှိပါတယ်။ ဂျုံးစ်ကတော့ (၂၀၁၈)ခုနှစ်မှာ အနားယူခဲ့တာဖြစ်ပြီး၊ ပြီးခဲ့တဲ့အပတ်ကပဲ သံမဏိမိုက်နဲ့ ပြန်ယှဉ်ရမှာမို့ စိတ်အားထက်သန်နေတယ်လို့ ပြောပါတယ်။

သူက ” ဟုတ်ပါတယ် .. ဒီသတင်းက အမှန်ပါ … မိုက်က တကယ့် ဂန္ထဝင်ပါဘဲ … တကယ်တော့ သူ့လိုလူနဲ့ ကြိုးဝိုင်းထဲ ဝင်ထိုးရမှာကို ငြင်းဆန်ဖို့ မလွယ်ပါဘူး … … အစက ဘယ်တော့မှ ကြိုးဝိုင်းထဲ မဝင်တော့ဘူးလို့ ဆုံးဖြတ်ခဲ့ပေမယ့် တစ်ဖက်က မိုက်တိုင်ဆန်ဖြစ်နေလို့ ကျွန်တော် ခြွင်းချက်အနေနဲ့ လက်ခံလိုက်တာပါ “လို့ ပြောခဲ့ပါတယ်။

ဂျုံးစ်က ဆက်လက်ပြီး ” ဒီလိုအခွင့်အရေးမျိုးကို ကျွန်တော် လက်မလွှတ်နိုင်ပါဘူး … ဘယ် လက်ဝှေ့သမားပဲဖြစ်ဖြစ် သူလိုလူနဲ့ ကြိုးဝိုင်းထဲမှာ တစ်ခါလောက် ဆုံချင်ကြမှာပါ … သူက ကျွန်တော့်ကို ရွေးချယ်လိုက်တဲ့အတွက် အရမ်းစိတ်လှုပ်ရှားရပါတယ် “လို့ ပြောခဲ့ပါတယ်။

ဘာသာပြန်-လင်းသုတ

Ref ; The Sun