ကန့်ဘလူ၊ ဇူလိုင် ၂၀/၂၀၂၀

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်တွင် ညီဖြစ်သူက နေအိမ်ဖျက်စီးနေ၍ ညီဖြစ်သူမှ ဓါးဖြင့် ခုတ်သတ်မှု ဇူလိုင် ၂ဝရက်နေ့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စိတ်ဖောက်ပြန်ကာ ဖခင်အား”အုန်းမောင်ဘယ်သွားလဲ သတ်မည်”ဟုပြောဆိုပြီး နေအိမ်ရှိပစ္စည်းများး ဖျက်ဆီး ရန်မူခဲ့သဖြင့် ဖခင်ဖြစ်သူက ၎င်းနေ့ နံနက်(၈) နာရီခန့်တွင် သမီးကြီး မဝိုင်းတင်နှင့်အတူ နေအိမ်အရှေ့ဘက် (၁)မိုင်ခန့်ဝေးကွာသည့် ဝါးတောမြောင်းတောတိုက်တွင် နေထိုင်သော သားဖြစ်သူမောင်အောင်မြင့်သန်း၏ တဲတိုက်သို့ သွားရောက်ကြောင်း ဆိုသည်။

သားဖြစ်သူမောင်အောင်မြင့်သန်းက “ဘာဖြစ်လို့ လာကြတာလဲ”ဟုမေးသဖြင့် ဖခင်ဖြစ်သူဦးအုန်းမောင်မှ မောင်စုပ်ချွန်း(ခ)အောင်မြတ်လင်းမှာ စိတ်ဖောက်ပြန်ကာ အိမ်ရှိပစ္စည်းများဖျက်ဆီးနေ၍ ဖခင်းအား သတ်မည် စိုးရိမ်သဖြင့် အိမ်မှာမနေရဲပဲ လာခဲ့တယ်ပြောပြရာ သားကြီးမောင်အောင်မြင့်သန်းက “အဲဒီကောင်ကို ခင်များ သတ်မှာလား၊ ကျုပ်သတ်ရမှာလား”ဟုပြောပြီး ၎င်းတဲရှိ အရိုးအသွား(၂)ပေခန့်ရှိ ဓါးမ(၁)ချောင်းကိုင်ကာ အမှတ် (၃)ရပ်ကွက်ရှိနေအိမ်သို့ ထွက်သွားပြီး နာရီဝက်ခန့် အကြာတွင် မောင်အောင်မြင့်သန်းတွင် တဲတိုက် ပြန်ရောက်လာပြီး ညီဖြစ်သူ၏ လည်ပင်းအား ဓါးနှင့်လှီးထားခဲ့ကြောင်း ဖခင်အား ပြောပြခဲ့ကြောင်း ဆိုသည်။

ထိုနောက် ဖခင်ဖြစ်သူဦးအုန်းမောင်မှ အမှတ်(၃) ရပ်ကွက် နေအိမ်သို့ပြန်၍ကြည့်ရာ သားငယ်မောင်အောင်မြတ်လင်း အသက် (၃၂)နှစ်တွင် နေအိမ်ရှေ့ခန်း၌ လည်ပင်း(၃) လက်မခန့် ပြတ်ရှဒဏ်ရာ(၁)ချက်နှင့်အတူ သေဆုံးနေသည်ကို တွေ့ရှိသဖြင့် သားကြီးဖြစ်သူ မောင်အောင်မြင့်သန်း အသက်(၄၄နှစ်)အား ဥပဒေအရ အရေးယူပေးပါရန် တိုင်ကြားသဖြင့် ကန့်ဘလူမြို့မ ရဲစခန်းမှ အမှုဖွင့် ဖမ်းဆီး၍ စစ်ဆေးဆောင်ရွက်လျှက် ရှိကြောင်း စုံစမ်း သိရှိရသည်။

ဦးပြုံး(နိုင်ငံမျက်လုံ)/ဓါတ်ပုံ-ဝိုင်းဝိုင်း

Top Phoenix Media Group

ဖခင္ေနအိမ္ဖ်က္စီးတဲ့ ညီျဖစ္သူကို အစ္ကိုျဖစ္သူက ဓါးျဖင့္ ခုတ္သတ္

ကန္႔ဘလူ၊ ဇူလိုင္ ၂၀/၂၀၂၀

စစ္ကိုင္းတိုင္း၊ ကန္႔ဘလူၿမိဳ႕၊ အမွတ္(၃)ရပ္ကြက္တြင္ ညီျဖစ္သူက ေနအိမ္ဖ်က္စီးေန၍ ညီျဖစ္သူမွ ဓါးျဖင့္ ခုတ္သတ္မႈ ဇူလိုင္ ၂၀ရက္ေန႔ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

စိတ္ေဖာက္ျပန္ကာ ဖခင္အား”အုန္းေမာင္ဘယ္သြားလဲ သတ္မည္”ဟုေျပာဆိုၿပီး ေနအိမ္ရွိပစၥည္းမ်ားး ဖ်က္ဆီး ရန္မူခဲ့သျဖင့္ ဖခင္ျဖစ္သူက ၎ေန႔ နံနက္(၈) နာရီခန္႔တြင္ သမီးႀကီး မဝိုင္းတင္ႏွင့္အတူ ေနအိမ္အေရွ႕ဘက္ (၁)မိုင္ခန္႔ေဝးကြာသည့္ ဝါးေတာေျမာင္းေတာတိုက္တြင္ ေနထိုင္ေသာ သားျဖစ္သူေမာင္ေအာင္ျမင့္သန္း၏ တဲတိုက္သို႔ သြားေရာက္ေၾကာင္း ဆိုသည္။

သားျဖစ္သူေမာင္ေအာင္ျမင့္သန္းက “ဘာျဖစ္လို႔ လာၾကတာလဲ”ဟုေမးသျဖင့္ ဖခင္ျဖစ္သူဦးအုန္းေမာင္မွ ေမာင္စုပ္ခၽြန္း(ခ)ေအာင္ျမတ္လင္းမွာ စိတ္ေဖာက္ျပန္ကာ အိမ္ရွိပစၥည္းမ်ားဖ်က္ဆီးေန၍ ဖခင္းအား သတ္မည္ စိုးရိမ္သျဖင့္ အိမ္မွာမေနရဲပဲ လာခဲ့တယ္ေျပာျပရာ သားႀကီးေမာင္ေအာင္ျမင့္သန္းက “အဲဒီေကာင္ကို ခင္မ်ား သတ္မွာလား၊ က်ဳပ္သတ္ရမွာလား”ဟုေျပာၿပီး ၎တဲရွိ အရိုးအသြား(၂)ေပခန္႔ရွိ ဓါးမ(၁)ေခ်ာင္းကိုင္ကာ အမွတ္ (၃)ရပ္ကြက္ရွိေနအိမ္သို႔ ထြက္သြားၿပီး နာရီဝက္ခန္႔ အၾကာတြင္ ေမာင္ေအာင္ျမင့္သန္းတြင္ တဲတိုက္ ျပန္ေရာက္လာၿပီး ညီျဖစ္သူ၏ လည္ပင္းအား ဓါးႏွင့္လွီးထားခဲ့ေၾကာင္း ဖခင္အား ေျပာျပခဲ့ေၾကာင္း ဆိုသည္။

ထိုေနာက္ ဖခင္ျဖစ္သူဦးအုန္းေမာင္မွ အမွတ္(၃) ရပ္ကြက္ ေနအိမ္သို႔ျပန္၍ၾကည့္ရာ သားငယ္ေမာင္ေအာင္ျမတ္လင္း အသက္ (၃၂)ႏွစ္တြင္ ေနအိမ္ေရွ႕ခန္း၌ လည္ပင္း(၃) လက္မခန္႔ ျပတ္ရွဒဏ္ရာ(၁)ခ်က္ႏွင့္အတူ ေသဆုံးေနသည္ကို ေတြ႕ရွိသျဖင့္ သားႀကီးျဖစ္သူ ေမာင္ေအာင္ျမင့္သန္း အသက္(၄၄ႏွစ္)အား ဥပေဒအရ အေရးယူေပးပါရန္ တိုင္ၾကားသျဖင့္ ကန္႔ဘလူၿမိဳ႕မ ရဲစခန္းမွ အမႈဖြင့္ ဖမ္းဆီး၍ စစ္ေဆးေဆာင္ရြက္လၽွက္ ရွိေၾကာင္း စုံစမ္း သိရွိရသည္။

ဦးျပဳံး(ႏိုင္ငံမ်က္လုံ)/ဓါတ္ပုံ-ဝိုင္းဝိုင္း

Top Phoenix Media Group