ပုဂံရွိ ဘုရားရင္ျပင္ေတာ္တြင္ အသုံးျပဳၿပီးသား ကြန္ဒုံးတစ္ခုေတြ႕ရၿပီး ပုဂံဘုရားေတြကို မဖ်က္ဆီးၾကပါနဲ႔လို႔ ျမန္မာ့လက္ေဝွ႔အလြတ္တန္းခ်န္ပီယံ ေဒ့ဗ္ (Dave Leduc )က ေျပာၾကားလိုက္ပါတယ္။ပုဂံဘုရားမ်ား၏ အဖိုးမျဖတ္ႏိုင္သည့္ နံရံေဆးေရးပန္းခ်ီမ်ားတြင္လည္း လက္ေဆာ့ထားသည့္ ေရး ျခစ္မ်ားေတြ႕ရွိတယ္ လို႔ သူက ဆိုပါတယ္။

ျမန္မာ့လက္ေဝွ႔အလြတ္တန္းခ်န္ပီယံ ေဒ့ဗ္ (Dave Leduc )က “ဒါကေတာ့ ပုဂံဘုရား တစ္ဆူထဲမွာဆြဲထားတဲ့ပုံျဖစ္ပါတယ္။ အမ်ိဳးသားႏွစ္ေယာက္ခါးေတာင္းက်ိဳက္ၿပီး ျမန္မာ့႐ိုးရာ လက္ေဝွ႔ထိုးသတ္ေနတဲ့ပုံပါ။ ဒီပုံဟာ ႏွစ္ေပါင္း ၁၅၀၀ ထက္မနည္းသက္တမ္းရွိၿပီး တကယ္ျမတ္ႏိုးစရာ ျမန္မာ့သမိုင္းပါ။ ကြၽန္ေတာ္ကမာၻ႔ခ်န္ပီယံျဖစ္ရတာကိုအရမ္းဂုဏ္ယူၿပီး လက္ေဝွ႔ကိုယ္စားလွယ္ ေတာ္အျဖစ္ကမာၻတစ္ဝန္းသြားေနရတာလည္း တကယ့္ကိုတာဝန္ႀကီးပါတယ္။ ကြၽန္ေတာ့္ကို ဒီမွာေမြးတာမဟုတ္ေပမယ့္ ျမန္မာလူမ်ိဳးေတြေၾကာင့္ ကြၽန္ေတာ့္ေမြးရပ္ေျမလိုပဲခံစားရပါတယ္။

ေက်းဇူးအမ်ားႀကီး တင္ပါတယ္။ဒီပုံေလးကိုအနီးကပ္ၾကည့္လိုက္တဲ့အခါ လက္ ေဆာ့ ဖ်က္ဆီးထား တာေတြ႕ရေတာ့ အရမ္းစိတ္မေကာင္းျဖစ္မိတယ္။ လူေတြညဖက္မွာ လာဖ်က္သြား တယ္ထင္တယ္။ ဘုရားရင္ျပင္ေပၚမွာ အသုံးျပဳၿပီးသားကြန္ဒုံးတစ္ခုလည္းေတြ႕ခဲ့ရေတာ့ အရမ္းအံ့အားသင့္မိတယ္ဗ်ာ။ ေက်းဇူးျပဳၿပီး ျမန္မာ့ယဥ္ေက်းမႈကို တန္ဖိုးထားေပးပါဗ်ာ။ ပုဂံဘုရားေတြကို မဖ်က္ဆီးၾကဖို႔ ကြၽန္ေတာ္ေတာင္းပန္ပါရေစ” လို႔ဆိုပါတယ္။

ခ်န္ပီယံေဒ့ဗ္သည္ ယဥ္ေက်းမႈဝန္ႀကီးဌာန ေရွးေဟာင္း သုေတသန ဦးစီးဌာန၏ စီစဥ္မႈျဖင့္ ပုဂံကို အထူးအစီအစဥ္အေနျဖင့္ ေရာက္ရွိေနတာျဖစ္ပါတယ္။သူက “ယဥ္ေက်းမႈဝန္ႀကီးဌာန၊ေရွးေဟာင္းသုေတသနဦးစီးဌာနရဲ႕စီစဥ္ေပးမႈနဲ႔ သြားခဲ့ရတဲ့ ပုဂံအထူးခရီးစဥ္အတြက္ေက်းဇူးတင္ပါတယ္ခင္ဗ်ာ။ပထမျမန္မာႏိုင္ငံေတာ္ရဲ႕ၿမိဳ႕ေတာ္ျဖစ္ခဲ့တဲ့ပုဂံဟာ ေစတီပုထိုးေပါင္း၁၀,၀၀၀ ေက်ာ္ရွိခဲ့ၿပီး အခုအခ်ိန္ထိ ေစတီပုထိုးေပါင္း ၃၈၀၀ ခန႔္တည္ရွိေနဆဲပါ”လို႔ေျပာၾကားထားပါတယ္။

( Unicode )

ဘုရားရင်ပြင်တော်တွင် အသုံးပြုပြီးသား ကွန်ဒုံးတစ်ခုတွေ့ရပြီး ပုဂံဘုရားတွေကို မဖျက်ဆီးကြပါနဲ့ဆိုတဲ့ လက်ဝှေ့ ချန်ပီယံ ဒေ့ဗ်

ပုဂံရှိ ဘုရားရင်ပြင်တော်တွင် အသုံးပြုပြီးသား ကွန်ဒုံးတစ်ခုတွေ့ရပြီး ပုဂံဘုရားတွေကို မဖျက်ဆီးကြပါနဲ့လို့ မြန်မာ့လက်ဝှေ့အလွတ်တန်းချန်ပီယံ ဒေ့ဗ် (Dave Leduc )က ပြောကြားလိုက်ပါတယ်။ပုဂံဘုရားများ၏ အဖိုးမဖြတ်နိုင်သည့် နံရံဆေးရေးပန်းချီများတွင်လည်း လက်ဆော့ထားသည့် ရေး ခြစ်များတွေ့ရှိတယ် လို့ သူက ဆိုပါတယ်။

မြန်မာ့လက်ဝှေ့အလွတ်တန်းချန်ပီယံ ဒေ့ဗ် (Dave Leduc )က “ဒါကတော့ ပုဂံဘုရား တစ်ဆူထဲမှာဆွဲထားတဲ့ပုံဖြစ်ပါတယ်။ အမျိုးသားနှစ်ယောက်ခါးတောင်းကျိုက်ပြီး မြန်မာ့ရိုးရာ လက်ဝှေ့ထိုးသတ်နေတဲ့ပုံပါ။ ဒီပုံဟာ နှစ်ပေါင်း ၁၅၀၀ ထက်မနည်းသက်တမ်းရှိပြီး တကယ်မြတ်နိုးစရာ မြန်မာ့သမိုင်းပါ။ ကျွန်တော်ကမ္ဘာ့ချန်ပီယံဖြစ်ရတာကိုအရမ်းဂုဏ်ယူပြီး လက်ဝှေ့ကိုယ်စားလှယ် တော်အဖြစ်ကမ္ဘာတစ်ဝန်းသွားနေရတာလည်း တကယ့်ကိုတာဝန်ကြီးပါတယ်။ ကျွန်တော့်ကို ဒီမှာမွေးတာမဟုတ်ပေမယ့် မြန်မာလူမျိုးတွေကြောင့် ကျွန်တော့်မွေးရပ်မြေလိုပဲခံစားရပါတယ်။

ကျေးဇူးအများကြီး တင်ပါတယ်။ဒီပုံလေးကိုအနီးကပ်ကြည့်လိုက်တဲ့အခါ လက် ဆော့ ဖျက်ဆီးထား တာတွေ့ရတော့ အရမ်းစိတ်မကောင်းဖြစ်မိတယ်။ လူတွေညဖက်မှာ လာဖျက်သွား တယ်ထင်တယ်။ ဘုရားရင်ပြင်ပေါ်မှာ အသုံးပြုပြီးသားကွန်ဒုံးတစ်ခုလည်းတွေ့ခဲ့ရတော့ အရမ်းအံ့အားသင့်မိတယ်ဗျာ။ ကျေးဇူးပြုပြီး မြန်မာ့ယဉ်ကျေးမှုကို တန်ဖိုးထားပေးပါဗျာ။ ပုဂံဘုရားတွေကို မဖျက်ဆီးကြဖို့ ကျွန်တော်တောင်းပန်ပါရစေ” လို့ဆိုပါတယ်။

ချန်ပီယံဒေ့ဗ်သည် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း သုတေသန ဦးစီးဌာန၏ စီစဉ်မှုဖြင့် ပုဂံကို အထူးအစီအစဉ်အနေဖြင့် ရောက်ရှိနေတာဖြစ်ပါတယ်။သူက “ယဉ်ကျေးမှုဝန်ကြီးဌာန၊ရှေးဟောင်းသုတေသနဦးစီးဌာနရဲ့စီစဉ်ပေးမှုနဲ့ သွားခဲ့ရတဲ့ ပုဂံအထူးခရီးစဉ်အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။ပထမမြန်မာနိုင်ငံတော်ရဲ့မြို့တော်ဖြစ်ခဲ့တဲ့ပုဂံဟာ စေတီပုထိုးပေါင်း၁၀,၀၀၀ ကျော်ရှိခဲ့ပြီး အခုအချိန်ထိ စေတီပုထိုးပေါင်း ၃၈၀၀ ခန့်တည်ရှိနေဆဲပါ”လို့ပြောကြားထားပါတယ်။