ကိုဗစ္ ၁၉ ေရာဂါပိုး ကူးစက္ခံရတဲ့ နာမည္ေက်ာ္ MMA ကစားသမား ေအာင္လအန္ဆန္ဟာ က်န္းမာေရး သက္သာေကာင္းမြန္လာၿပီး စိုးရိမ္စရာမရွိေတာ့ဘူးလို႔ ေအာင္လအန္ဆန္ရဲ့ ဖခင္ျဖစ္သူ ဦးအန္ဆန္တူးေအာင္က ေျပာပါတယ္။

လက္ရွိမွာ ေအာင္လအန္ဆန္ဟာ သူရဲ့ ေနအိမ္အခန္းထဲမွာ တစ္ေယာက္တည္း သီးသန႔္ေနထိုင္ေနတာ ျဖစ္တယ္လို႔ ဦးအန္ဆန္တူးေအာင္က ေျပာပါတယ္။“သူ႔(ေအာင္လအန္ဆန္)က အခန္းတစ္ခန္းထဲမွာ သူပဲေနတယ္ေလ။ အစားအေသာက္ကလည္း သူ႔အခန္းထဲမွာပဲ ေကၽြးတယ္။

အခုေတာ့ သက္သာလာပါၿပီ။ စိုးရိမ္စရာမရွိေတာ့ပါဘူး ” လို႔ ဦးအန္ဆန္တူးေအာင္က ေျပာပါတယ္။ေအာင္လအန္ဆန္ဟာ အျပင္ကို သြားေလ့မရွိတာေၾကာင့္ သူေလ့က်င့္ခန္းလုပ္တဲ့ ကလပ္ကေန ကူးစက္ခံရတာ ျဖစ္နိုင္တယ္လို႔ ဦးအန္ဆန္တူးေအာင္က ဆိုပါတယ္။ေအာင္လအန္ဆန္နဲ႔ အတူေနထိုင္တဲ့ မိသားစုဝင္ေတြရဲ့ ေဆးစစ္ခ်က္အေျဖမွာလည္း ေရာဂါပိုးမေတြ႕ခဲ့ဘူးလို႔ ဦးအန္ဆန္တူးေအာင္က ေျပာပါတယ္။

လတ္တေလာ ေလ့က်င့္ခန္းေတြကို ရပ္နားထားၿပီး သက္သာလာရင္ ျပန္လည္ျပဳလုပ္သြားမွာ ျဖစ္တယ္လို႔ ဦးအန္ဆန္တူးေအာင္က ေျပာပါတယ္။ လက္ရွိမွာေတာ့ ေအာင္လအန္ဆန္ဟာ ဟာ အေမရိကန္နိုင္ငံ ေမရီလန္းျပည္နယ္မွာ မိသားစုနဲ႔အတူ ေနထိုင္ေနတာ ျဖစ္ပါတယ္။

( Unicode )

ကိုဗစ် ၁၉ ကူးစက်ခံရသည့် အောင်လအန်ဆန် စိုးရိမ်စရာမရှိ

ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ခံရတဲ့ နာမည်ကျော် MMA ကစားသမား အောင်လအန်ဆန်ဟာ ကျန်းမာရေး သက်သာကောင်းမွန်လာပြီး စိုးရိမ်စရာမရှိတော့ဘူးလို့ အောင်လအန်ဆန်ရဲ့ ဖခင်ဖြစ်သူ ဦးအန်ဆန်တူးအောင်က ပြောပါတယ်။

လက်ရှိမှာ အောင်လအန်ဆန်ဟာ သူရဲ့ နေအိမ်အခန်းထဲမှာ တစ်ယောက်တည်း သီးသန့်နေထိုင်နေတာ ဖြစ်တယ်လို့ ဦးအန်ဆန်တူးအောင်က ပြောပါတယ်။“သူ့(အောင်လအန်ဆန်)က အခန်းတစ်ခန်းထဲမှာ သူပဲနေတယ်လေ။ အစားအသောက်ကလည်း သူ့အခန်းထဲမှာပဲ ကျွေးတယ်။

အခုတော့ သက်သာလာပါပြီ။ စိုးရိမ်စရာမရှိတော့ပါဘူး ” လို့ ဦးအန်ဆန်တူးအောင်က ပြောပါတယ်။အောင်လအန်ဆန်ဟာ အပြင်ကို သွားလေ့မရှိတာကြောင့် သူလေ့ကျင့်ခန်းလုပ်တဲ့ ကလပ်ကနေ ကူးစက်ခံရတာ ဖြစ်နိုင်တယ်လို့ ဦးအန်ဆန်တူးအောင်က ဆိုပါတယ်။အောင်လအန်ဆန်နဲ့ အတူနေထိုင်တဲ့ မိသားစုဝင်တွေရဲ့ ဆေးစစ်ချက်အဖြေမှာလည်း ရောဂါပိုးမတွေ့ခဲ့ဘူးလို့ ဦးအန်ဆန်တူးအောင်က ပြောပါတယ်။

လတ်တလော လေ့ကျင့်ခန်းတွေကို ရပ်နားထားပြီး သက်သာလာရင် ပြန်လည်ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ဦးအန်ဆန်တူးအောင်က ပြောပါတယ်။ လက်ရှိမှာတော့ အောင်လအန်ဆန်ဟာ ဟာ အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ်မှာ မိသားစုနဲ့အတူ နေထိုင်နေတာ ဖြစ်ပါတယ်။