ႀကိဳးၾကာနီတို႔ရဲ့ ဂႏၲဝင္ကစားသမားနဲ႔နည္းျပႀကီးကေတာ့ သူတို႔ရဲ့ႏွစ္၃၀ကာလမွ ျပန္ၿပီး ရရွိခဲ့တဲ့ ေအာင္ျမင္မႈအတြက္ ေပ်ာ္ရႊင္ေက်နပ္ေနပါတယ္။

လီဗာပူးလ္ရဲ့ အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ဟန္ဒါဆင္ ကို မန္ေနဂ်ာေဟာင္း ဆာကင္နီဒဲဂလစ္ရွ္ က ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။

လီဗာပူးလ္ဟာ ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ေတြကို ျပသခဲ့ၿပီး ၾကာသာပေတးေန႔ အဓိကၿပိဳင္ဘက္ မန္စီးတီးဟာ ခ်ဲလ္ဆီးကို ရႈံးနိမ့္ခဲ့လို႔ ပရီးမီးယားလိဂ္ ၇ပြဲ ကစားဖို႔ က်န္ရွိေနတဲ့ အခ်ိန္မွာ ဒုတိယေနရာက အသင္းကို ၂၃မွတ္ျဖတ္ကာ ခ်န္ပီယံဆုကိုဆြတ္ခူးခဲ့ၿပီ ျဖစ္ပါတယ္။

ဟန္ဒါဆင္ဟာ ၂၀၁၁ ခုႏွစ္က လီဗာပူးလ္အသင္းကို ဆန္းဒါးလန္းအသင္းဆီကေရာက္ရွိခဲ့ၿပီး စတီဗင္ဂ်ရတ္ရဲ့ အသင္းေခါင္းေဆာင္ရာထူးကို ဆက္ခံခဲ့ကာ ဥေရာပသရဖူကို လည္း ႀကိဳးၾကားနီေတြကို ဦးေဆာင္ၿပီး ရရွိခဲ့တာလည္း ျဖစ္ပါတယ္။

လီဗာပူးလ္ရဲ့ ဂႏၲဝင္ႀကီးဆာကင္နီ ဒဲဂလစ္ရွ္ကလဲ သူတို႔ရဲ့ ႏွစ္၃၀ၾကာမွ ျပန္ရတဲ့ ေအာင္ျမင္မႈအေပၚ ေပ်ာ္ရႊင္ေက်နပ္ေနကာ အသင္းေဟာင္းကိုလည္း ခ်ီးက်ဴးေျပာဆိုမႈေတြ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

“ေဂ်ာ္ဒန္ ဟာ လီဗာပူးလ္အသင္းရဲ့ အသင္းေခါင္းေဆာင္ ေတြထဲမွာ ကမၻာ့ကလပ္ခ်န္ပီယံဆုကို ကိုင္ေျမာက္နိုင္တဲ့ အသင္းေခါင္းေဆာင္ တစ္ေယာက္ျဖစ္ပါတယ္”လို႔ The Mirror ကို ေျပာခဲ့ပါတယ္။

“သူဟာ ခ်န္ပီယံလိဂ္ဖလားကို ပါ ကိုင္ေျမာက္နိုင္တဲ့ အသင္းေခါင္းေဆာင္ပါ”

“ကၽြန္ေတာ္သူ႔ကို ေခၚယူခဲ့တုန္းက သူ႔ထက္ေကာင္းတဲ့ ကစားသမားေတြကို ကၽြန္ေတာ္ ေတြ႕ခဲ့ပါတယ္။ကြင္းထဲမွာေပါ့။စဥ္းစားဆုံးျဖတ္တဲ့ အခ်ိန္မွာေတာ့ အလြန္ဟန္ခ်က္ညီတဲ့ သူပါ။သူ႔ရဲ့အေဖ ဟာ ကၽြန္ေတာ့္အတြက္ ေကာင္းမြန္တဲ့ ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ကာ သူ႔ကို လက္မွတ္ထိုးခဲ့တာ ျဖစ္ပါတယ္”

“သူ႔မွာ လုံျခဳံတဲ့ မိသားစုဘဝရွိၿပီး ေဘာလုံးမွာ ေအာင္ျမင္ဖို႔ အတြက္ စိတ္ပိုင္းျဖတ္ထားတဲ့ သူတစ္ေယာက္ ျဖစ္ပါတယ္။ကၽြန္ေတာ္သူ႔ကိုသာ အခြင့္အေရး မေပးခဲ့ရင္ ကၽြန္ေတာ္ အမွားအယြင္းေတြ ျဖစ္ခဲ့ပါလိမ့္မယ္။ကၽြန္ေတာ္ဟာ မက်ိဴးႏြံ့ခဲ့ပါဘူး။ႀကိဳက္ႏွစ္သက္တဲ့ အရာတစ္ခုခု ကို ရေအာင္ယူရပါလိမ့္မယ္”

စေကာ့တလန္နည္းျပေဟာင္းႀကီးဟာ ကေလာ့ရဲ့ နည္းၿပ စြမ္းရည္ေတြကိုလဲ ခ်ီးက်ဴးခဲ့ပါေသးတယ္။

“လီဗာပူးလ္ပရိတ္သတ္ေတြနဲ႔ ကစားသမားေတြက ဂ်ာဂင္ကို ေလးစားၾကပါတယ္။တခ်ိဴ႕ေသာပရိတ္သတ္ေတြက သူ႔ကိုခ်စ္ခင္ၾကပါတယ္”

“နည္းျပအမ်ားစု ဟာ ဒီလိုမ်ိဴးပုံစံမရနိုင္ပါဘူး။မရနိုင္ပါဘူး။ေတာ္ေတာ္ကို ထူးျခားပါတယ္။ဂ်ာဂင္ဟာ လီဗာပူးလ္အတြက္ အသင့္ေတာ္ဆုံးပါပဲ။သူက ၿပီးျပည့္စုံပါတယ္”

“သူလုပ္ေနတဲ့ အရာေတြ က သူ႔အတြက္ လမ္းေၾကာင္းမွန္ေနတယ္ဆိုတာ သူသိပါတယ္။လူအခ်ိဴ႕ကေတာ့ ၿခိမ္းေျခာက္တယ္လို႔ခံစားရေပမယ့္ ကလပ္အသင္းေအာင္ျမင္တဲ့ အခ်ိန္မွာ ကလပ္အသင္းရဲ့ပတ္ဝန္းက်င္မွာ လူေတြ အျမဲတမ္းအားေပးၾကပါလိမ့္မယ္။ဒီလိုမ်ိဴး ရွိတာဟာ အေရးႀကီးတယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္”

“သူဟာ အရမ္းကိုသက္ေတာင့္သက္သာ ရွိၿပီး ေအာင္ျမင္မႈကို လူအတိုင္းအတြက္ မၽွေဝကာ ေပ်ာ္ရႊင္ေက်နပ္ေနပါတယ္”

Total Sports

( Unicode )

ကြိုးကြာနီတို့ရဲ့ ဂန္တဝင်ကစားသမားနဲ့နည်းပြကြီးကတော့ သူတို့ရဲ့နှစ်၃၀ကာလမှ ပြန်ပြီး ရရှိခဲ့တဲ့ အောင်မြင်မှုအတွက် ပျော်ရွှင်ကျေနပ်နေပါတယ်။

လီဗာပူးလ်ရဲ့ အသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆင် ကို မန်နေဂျာဟောင်း ဆာကင်နီဒဲဂလစ်ရှ် က ချီးကျူးပြောဆိုခဲ့ပါတယ်။

လီဗာပူးလ်ဟာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသခဲ့ပြီး ကြာသာပတေးနေ့ အဓိကပြိုင်ဘက် မန်စီးတီးဟာ ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့လို့ ပရီးမီးယားလိဂ် ၇ပွဲ ကစားဖို့ ကျန်ရှိနေတဲ့ အချိန်မှာ ဒုတိယနေရာက အသင်းကို ၂၃မှတ်ဖြတ်ကာ ချန်ပီယံဆုကိုဆွတ်ခူးခဲ့ပြီ ဖြစ်ပါတယ်။

ဟန်ဒါဆင်ဟာ ၂၀၁၁ ခုနှစ်က လီဗာပူးလ်အသင်းကို ဆန်းဒါးလန်းအသင်းဆီကရောက်ရှိခဲ့ပြီး စတီဗင်ဂျရတ်ရဲ့ အသင်းခေါင်းဆောင်ရာထူးကို ဆက်ခံခဲ့ကာ ဥရောပသရဖူကို လည်း ကြိုးကြားနီတွေကို ဦးဆောင်ပြီး ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

လီဗာပူးလ်ရဲ့ ဂန္တဝင်ကြီးဆာကင်နီ ဒဲဂလစ်ရှ်ကလဲ သူတို့ရဲ့ နှစ်၃၀ကြာမှ ပြန်ရတဲ့ အောင်မြင်မှုအပေါ် ပျော်ရွှင်ကျေနပ်နေကာ အသင်းဟောင်းကိုလည်း ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

“ဂျော်ဒန် ဟာ လီဗာပူးလ်အသင်းရဲ့ အသင်းခေါင်းဆောင် တွေထဲမှာ ကမ္ဘာ့ကလပ်ချန်ပီယံဆုကို ကိုင်မြောက်နိုင်တဲ့ အသင်းခေါင်းဆောင် တစ်ယောက်ဖြစ်ပါတယ်”လို့ The Mirror ကို ပြောခဲ့ပါတယ်။

“သူဟာ ချန်ပီယံလိဂ်ဖလားကို ပါ ကိုင်မြောက်နိုင်တဲ့ အသင်းခေါင်းဆောင်ပါ”

“ကျွန်တော်သူ့ကို ခေါ်ယူခဲ့တုန်းက သူ့ထက်ကောင်းတဲ့ ကစားသမားတွေကို ကျွန်တော် တွေ့ခဲ့ပါတယ်။ကွင်းထဲမှာပေါ့။စဉ်းစားဆုံးဖြတ်တဲ့ အချိန်မှာတော့ အလွန်ဟန်ချက်ညီတဲ့ သူပါ။သူ့ရဲ့အဖေ ဟာ ကျွန်တော့်အတွက် ကောင်းမွန်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကာ သူ့ကို လက်မှတ်ထိုးခဲ့တာ ဖြစ်ပါတယ်”

“သူ့မှာ လုံခြုံတဲ့ မိသားစုဘဝရှိပြီး ဘောလုံးမှာ အောင်မြင်ဖို့ အတွက် စိတ်ပိုင်းဖြတ်ထားတဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ကျွန်တော်သူ့ကိုသာ အခွင့်အရေး မပေးခဲ့ရင် ကျွန်တော် အမှားအယွင်းတွေ ဖြစ်ခဲ့ပါလိမ့်မယ်။ကျွန်တော်ဟာ မကျိူးနွံ့ခဲ့ပါဘူး။ကြိုက်နှစ်သက်တဲ့ အရာတစ်ခုခု ကို ရအောင်ယူရပါလိမ့်မယ်”

စကော့တလန်နည်းပြဟောင်းကြီးဟာ ကလော့ရဲ့ နည်းပြ စွမ်းရည်တွေကိုလဲ ချီးကျူးခဲ့ပါသေးတယ်။

“လီဗာပူးလ်ပရိတ်သတ်တွေနဲ့ ကစားသမားတွေက ဂျာဂင်ကို လေးစားကြပါတယ်။တချိူ့သောပရိတ်သတ်တွေက သူ့ကိုချစ်ခင်ကြပါတယ်”

“နည်းပြအများစု ဟာ ဒီလိုမျိူးပုံစံမရနိုင်ပါဘူး။မရနိုင်ပါဘူး။တော်တော်ကို ထူးခြားပါတယ်။ဂျာဂင်ဟာ လီဗာပူးလ်အတွက် အသင့်တော်ဆုံးပါပဲ။သူက ပြီးပြည့်စုံပါတယ်”

“သူလုပ်နေတဲ့ အရာတွေ က သူ့အတွက် လမ်းကြောင်းမှန်နေတယ်ဆိုတာ သူသိပါတယ်။လူအချိူ့ကတော့ ခြိမ်းခြောက်တယ်လို့ခံစားရပေမယ့် ကလပ်အသင်းအောင်မြင်တဲ့ အချိန်မှာ ကလပ်အသင်းရဲ့ပတ်ဝန်းကျင်မှာ လူတွေ အမြဲတမ်းအားပေးကြပါလိမ့်မယ်။ဒီလိုမျိူး ရှိတာဟာ အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်”

“သူဟာ အရမ်းကိုသက်တောင့်သက်သာ ရှိပြီး အောင်မြင်မှုကို လူအတိုင်းအတွက် မျှဝေကာ ပျော်ရွှင်ကျေနပ်နေပါတယ်”

Total Sports