အသက္ ၂၆ ႏွစ္အ႐ြယ္ အဂၤလန္သား ဟယ္ရီကိန္းဟာ စပါးစ္အသင္းမွာ ကာလၾကာရွည္စြာကစားေနသူျဖစ္သလို၊ လက္ေ႐ႊးစင္အသင္းအတြက္ေရာ ၊စပါးစ္အသင္းအတြက္ပါ မရွိမျဖစ္ ကစားသမားတစ္ဦးျဖစ္ပါတယ္။ ၿပီးခဲ့သည့္ လပိုင္းအတြင္းက မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဟယ္ရီကိန္းကို ေခၚယူဖို႔ သတင္းထြက္ေပၚခဲ့ေသာ္လည္း ျပန္လည္သက္ၿငိမ္ခဲ့ပါၿပီ။ စပါးစ္အသင္းဟာ ဟယ္ရီကိန္းကို မည္သည့္ ပရီးမီးယားလိဂ္ၿပိဳင္ဘက္ကိုမွ ထုတ္ေရာင္းမွာ မဟုတ္ဘူးလို႔ ယတိျပတ္ေၾကျငာထားပါတယ္။

ယမန္ေန႔ညက ကစားခဲ့တဲ့ ဝက္စ္ဟမ္းႏွင့္ လန္ဒန္ဒါဘီပြဲစဥ္မွာ ဟယ္ရီကိန္းဟာ တစ္ဂိုးသြင္းယူခဲ့ၿပီး ပရီးမီးယားလိဂ္ သြင္းဂိုး ၁၃၇ ဂိုးျပည့္ေျမာက္ခဲ့ၿပီျဖစ္သလို၊ ပရီးမီးယားလိဂ္ပြဲစဥ္ ၂၀၀ ျပည့္ေျမာက္ခဲ့ပါၿပီ။ ေမာ္ရင္ဟိုဟာ ဟယ္ရီကိန္းကို အေျခတည္ၿပီး အသင္းကို အေကာင္းဆုံးျဖစ္ေအာင္ ျပန္လည္တည္ေဆာက္သြားမွာျဖစ္သည့္အတြက္ေၾကာင့္ အနာဂတ္မွာလည္း စပါးစ္အသင္းကို စြန႔္ခြာဖို႔ အစီအစဥ္မရွိေလာက္ပါဘူး။ နာမည္ႀကီး ကစားသမားတစ္ေယာက္ျဖစ္တာေၾကာင့္ လိုခ်င္တဲ့ အသင္းေတြမ်ားေသာ္လည္း စပါးစ္အသင္းကေတာ့ မည္သည့္နည္းနဲ႔မဆို လက္လႊတ္ဆုံးရႈံးခံဖို႔ အစီအစဥ္မရွိပါဘူး ။

ဟယ္ရီကိန္းနဲ႔ ပတ္သတ္ၿပီး၍ ဆိုးလ္ရွားက “ခင္ဗ်ားတို႔က ဟယ္ရီကိန္းအေၾကာင္းေျပာေနေတာ့၊ သူကထိပ္တန္းတိုက္စစ္မႉးတစ္ေယာက္ပဲေလ။ ရာသီတိုင္းကို သူဘယ္ေလာက္ဂိုးသြင္းတယ္ဆိုတာ ခင္ဗ်ားတို႔လည္း သိေနတာပဲ။ သူလိုတိုက္စစ္မႉးကို မစဥ္းစားဘူးဆိုရင္ အ႐ူးပဲျဖစ္သြားလိမ့္မယ္။ သူကမာၻ႔အဆင့္မွီတိုက္စစ္မႉးတစ္ဦးပါပဲ။ ကြၽန္ေတာ္တို႔မွာလည္း တစ္ရာသီကို ဂိုး ၃၀ ေလာက္ အာမခံၿပီးသြင္းေပးတဲ့ တိုက္စစ္မႉးတစ္ဦးကိုလိုခ်င္တာပဲ။ ဗန္ပါစီလိုမ်ိဳးေပါ့ဗ်ာ။ ဒါကေတာ့ ဖလားေတြေအာင္ျမင္ဖို႔အတြက္ပါပဲ” လို႔ ဆိုးလ္ရွားက ေျပာပါတယ္။

All Football

Sports Village

( Unicode )

ဟယ်ရီကိန်းလို ကစားသမားမျိုးကို မလိုချင်ရင် အရူးဖြစ်သွားမှာပေါ့ #ဆိုးလ်ရှား

အသက် ၂၆ နှစ်အရွယ် အင်္ဂလန်သား ဟယ်ရီကိန်းဟာ စပါးစ်အသင်းမှာ ကာလကြာရှည်စွာကစားနေသူဖြစ်သလို၊ လက်ရွှေးစင်အသင်းအတွက်ရော ၊စပါးစ်အသင်းအတွက်ပါ မရှိမဖြစ် ကစားသမားတစ်ဦးဖြစ်ပါတယ်။ ပြီးခဲ့သည့် လပိုင်းအတွင်းက မန်ချက်စတာယူနိုက်တက်အသင်းဟာ ဟယ်ရီကိန်းကို ခေါ်ယူဖို့ သတင်းထွက်ပေါ်ခဲ့သော်လည်း ပြန်လည်သက်ငြိမ်ခဲ့ပါပြီ။ စပါးစ်အသင်းဟာ ဟယ်ရီကိန်းကို မည်သည့် ပရီးမီးယားလိဂ်ပြိုင်ဘက်ကိုမှ ထုတ်ရောင်းမှာ မဟုတ်ဘူးလို့ ယတိပြတ်ကြေငြာထားပါတယ်။

ယမန်နေ့ညက ကစားခဲ့တဲ့ ဝက်စ်ဟမ်းနှင့် လန်ဒန်ဒါဘီပွဲစဉ်မှာ ဟယ်ရီကိန်းဟာ တစ်ဂိုးသွင်းယူခဲ့ပြီး ပရီးမီးယားလိဂ် သွင်းဂိုး ၁၃၇ ဂိုးပြည့်မြောက်ခဲ့ပြီဖြစ်သလို၊ ပရီးမီးယားလိဂ်ပွဲစဉ် ၂၀၀ ပြည့်မြောက်ခဲ့ပါပြီ။ မော်ရင်ဟိုဟာ ဟယ်ရီကိန်းကို အခြေတည်ပြီး အသင်းကို အကောင်းဆုံးဖြစ်အောင် ပြန်လည်တည်ဆောက်သွားမှာဖြစ်သည့်အတွက်ကြောင့် အနာဂတ်မှာလည်း စပါးစ်အသင်းကို စွန့်ခွာဖို့ အစီအစဉ်မရှိလောက်ပါဘူး။ နာမည်ကြီး ကစားသမားတစ်ယောက်ဖြစ်တာကြောင့် လိုချင်တဲ့ အသင်းတွေများသော်လည်း စပါးစ်အသင်းကတော့ မည်သည့်နည်းနဲ့မဆို လက်လွှတ်ဆုံးရှုံးခံဖို့ အစီအစဉ်မရှိပါဘူး ။

ဟယ်ရီကိန်းနဲ့ ပတ်သတ်ပြီး၍ ဆိုးလ်ရှားက “ခင်ဗျားတို့က ဟယ်ရီကိန်းအကြောင်းပြောနေတော့၊ သူကထိပ်တန်းတိုက်စစ်မှူးတစ်ယောက်ပဲလေ။ ရာသီတိုင်းကို သူဘယ်လောက်ဂိုးသွင်းတယ်ဆိုတာ ခင်ဗျားတို့လည်း သိနေတာပဲ။ သူလိုတိုက်စစ်မှူးကို မစဉ်းစားဘူးဆိုရင် အရူးပဲဖြစ်သွားလိမ့်မယ်။ သူကမ္ဘာ့အဆင့်မှီတိုက်စစ်မှူးတစ်ဦးပါပဲ။ ကျွန်တော်တို့မှာလည်း တစ်ရာသီကို ဂိုး ၃၀ လောက် အာမခံပြီးသွင်းပေးတဲ့ တိုက်စစ်မှူးတစ်ဦးကိုလိုချင်တာပဲ။ ဗန်ပါစီလိုမျိုးပေါ့ဗျာ။ ဒါကတော့ ဖလားတွေအောင်မြင်ဖို့အတွက်ပါပဲ” လို့ ဆိုးလ်ရှားက ပြောပါတယ်။

All Football

Sports Village