အိပ်ရေးပျက်ပြီး အားအင်ကုန်ခမ်းနေသူများအတွက် ချက်ခြင်းလန်းဆန်းစေမယ့်အိမ်တွင်းဆေး

အလုပ်တွေများပြီး ညဘက်တွေထိ အလုပ်လုပ်ရလို့ အိပ်ရေးပျက်နေတဲ့သူတွေအတွက် မနက်ဖက်မှာလန်းဆန်းနေဖို့ဆိုတာ Energy Drink တွေ ဆေးတွေရှိတယ်ဆိုပေမယ့် ဘေးထွက်ဆိုးကျိုးတွေရှိနိုင်တာမလို့ သဘာဝအတိုင်းအားပြန်ပြည့်စေပြီး လန်းဆန်းစေမယ့် အိမ်တွင်းဆေးလေးတစ်ခုအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

အိမ်တွင်းမီးဖိုချောင်မှာပဲ လွယ်လွယ်ကူကူရရှိနိုင်မယ့် ပစ္စည်းတွေကိုပဲ သုံးထားတာပါ။ပါဝင်မယ့် ပစ္စည်း လေးတွေကတော့

၁— ကြက်ဥအစိမ်းတစ်လုံး ( ဗမာကြက်ဥလည်းရတယ် )

၂— သံပုရာသီး အမှည့်တစ်လုံး

၃ — သကြားအဖြူ ဟင်းစားဇွန်းနှစ်ဇွန်း

ပထမဆုံး ကြက်ဥအစိမ်းကို ပန်ကန်းလုံးထဲကိုဖောက်ထည့်ပါ။ပြီးရင် သံပုရာသီးကိုဓားနဲ့လှီးပြီး အထဲက အစေ့တွေအရင်ဖယ်ပစ်ပါ။သံပုသီးကို တစ်လုံးလုံးအရည်ညှစ်ထည့်ပါ။သကြားဖြူ ဟင်းစားဇွန်းနှစ်ဇွန်းကို ထည့်ပြီးတော့ ကြက်ဥရယ် သံပုရာရည်ရယ်နဲ့ သေချာလေး ရောပြီးနှံ့သွားအောင် မွှေပေးပါ။

တစ်ခုသတိထားဖို့က သကြားကို ဟင်းစားဇွန်းနှစ်ဇွန်းထပ်နည်းလို့မရပါဘူး။ဆီးချိုရှိလို့ သကြားနှစ်ဇွန်းထည့်လို့အဆင်မပြေရင် ဆီးချိုသမားတွေအတွက်လုပ်ပေးထားတဲ့ သကြားကို အစားထိုးပြီးအသုံးပြုလို့ရပါတယ်။သုံးမျိုးလုံးရောပြီးသွားရင် မောပန်းနေတာတို့

အိပ်ရေးပျက်လို့ နွမ်းနယ်နေတာတို့ ခေါင်းမကြည်ပဲ မူးနေတာတို့အတွက် မြန်မြန်လန်းဆန်းအောင် သောက်လို့ရမယ့် ဆေးတစ်ခွက်ဖြစ်လာမှာပါ။

Myanmaplatform